Connect with us

Hi, what are you looking for?

နိုင်ငံတကာ

AIကြောင့် ကလေးတွေ မထိခိုက်အောင် စည်းမျဉ်းတွေ ကြပ်မတ်ဖို့ တရုတ်စီစဉ်

ကလေးတွေကို အကာအကွယ် ပေးဖို့အတွက် ဉာဏ်ရည်တု (AI) နည်းပညာနဲ့ ပတ်သက်လို့ စည်းမျဉ်းတွေ တင်းကျပ်သွားမယ်လို့ တရုတ် အာဏာပိုင်တွေက ပြောပါတယ်။

ကလေးတွေကို အကာအကွယ် ပေးဖို့အတွက် ဉာဏ်ရည်တု (AI) နည်းပညာနဲ့ ပတ်သက်လို့ စည်းမျဉ်းတွေ တင်းကျပ်သွားမယ်လို့ တရုတ် အာဏာပိုင်တွေက ပြောပါတယ်။

ဥပမာ AIနဲ့ အမေးအဖြေ လုပ်နိုင်တဲ့ chatbotတွေက ကလေးတွေကို အကြမ်းဖက်လိုစိတ်တွေ ဖြစ်လာအောင်၊ ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးအောင် လှုံ့ဆော်တာမျိုးတွေ ဖြစ်မလာတာ သေချာအောင် ကြပ်မတ်မှုတွေ လိုအပ်တယ်လို့ တရုတ် ဆိုက်ဘာ ရပ်ဝန်း စီမံခန့်ခွဲရေးဌာန (CAC)က ကြေညာခဲ့ပါတယ်။

တင်းကျပ်သွားမယ့် စည်းမျဉ်းတွေထဲမှာ AIက လောင်းကစားမှုတွေကို အားပေးအားမြှောက် ကူညီတာတွေ မရှိတာ သေချာအောင်လည်း ထိန်းချုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

လောလောဆယ်မှာတော့ AIနဲ့ ပတ်သက်ပြီး စည်းမျဉ်းတွေ ကြပ်မတ်ဖို့ကို အစီအစဉ် ရေးဆွဲနေဆဲ အဆင့်မှာသာ ရှိသေးတယ်လို့လည်း CACက ဆိုပါတယ်။ တရုတ်မှာရော၊ ကမ္ဘာအနှံ့မှာပါ AI အသုံးပြုထားတဲ့ Chatbotတွေ အများအပြား ထွက်ပေါ်လာချိန်မှာ CACက အခုလို အပြောင်းအလဲကို စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ကြပ်မတ် ထုတ်ပြန်သွားမယ့် စည်းမျဉ်းတွေထဲမှာ AIကြောင့် ကလေးတွေအပေါ် ဆိုးကျိုးရိုက်ခတ်မှုတွေ ဖြစ်မလာစေရေးကို အဓိက ရည်မှန်းချက် တစ်ခုအဖြစ် ထည့်သွင်းထားမယ်လို့လည်း CAC တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါ့အပြင် AIတွေကို ဖန်တီးထုတ်လုပ်သူတွေဟာ သူတို့ရဲ့ ထုတ်ကုန်တွေကြောင့် နိုင်ငံတော် လုံခြုံရေး၊ ဂုဏ်သိက္ခာနဲ့ အကျိုးစီးပွားတွေ မထိခိုက်အောင်၊ နိုင်ငံတော် စည်းလုံးမှု မပြိုကွဲအောင် အပြည့်အဝ အာမခံ တာဝန်ယူရမယ်လို့လည်း CAC ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ပြီးတော့ တရုတ် AI ကုမ္ပဏီတွေ အနေနဲ့ ဒေသတွင်း ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို မြှင့်တင်ပေးဖို့၊ သက်ကြီးရွယ်အိုတွေကို အဖော်ပြုပေးနိုင်မယ့် toolမျိုးတွေ ဖန်တီးဖို့၊ လုံခြုံဘေးကင်းပြီး ယုံကြည်စိတ်ချရတဲ့ နည်းပညာတွေ ထုတ်လုပ်ပေးဖို့လည်း CACက တိုက်တွန်းခဲ့ပါတယ်။

နှစ်ဆန်းပိုင်းတုန်းက တရုတ် AI Chatbot တစ်ခုဖြစ်တဲ့ DeepSeekဟာ သုံးစွဲသူတွေကြားမှာ အထူးရေပန်းစား အောင်မြင်ခဲ့ဖူးပါတယ်။ နောက်ပြီး AI နည်းပညာကို အထီးကျန်မှု ဖြေဖျောက်တဲ့ အဖော်အဖြစ်၊ ပြီးတော့ စိတ်ကုထုံးပိုင်းအတွက် အသုံးပြုမှုတွေလည်း ရှိလာနေကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကလေးငယ်တွေကို လူမှုကွန်ရက် မီဒီယာတွေနဲ့ ထိတွေ့ခွင့်ကနေ တစ်ဆင့်ချင်းစီ ကန့်သတ် ပိတ်ပင်သွားဖို့ ဥရောပ သမဂ္ဂ (EU)က စီစဉ်နေပါတယ်။

ဆောင်းပါး

AI ကြောင့် လူတွေ ဝင်ငွေမရှိတော့ရင် AI ဝန်ဆောင်မှုတွေကို ဘယ်သူက ဝယ်သုံးမှာလဲ ?

အတွေးအမြင်

တစ်ကမ္ဘာလုံးကို လှုပ်ခတ်သွားစေခဲ့တဲ့ ChatGPT လို အေအိုင် (AI) နည်းပညာတွေ ပေါ်ထွက် လာပြီးနောက်ပိုင်း၊ ကမ္ဘာကြီးဟာ သတင်းအချက်အလက် ရှာဖွေပုံချင်း မတူတော့တဲ့ နည်းပညာတော်လှန်ရေးအသစ်တစ်ခုထဲကို ရောက်ရှိလို့နေပါပြီ။

နိုင်ငံတကာ

ဉာဏ်ရည်တု နည်းပညာ (AI)က လူသားမျိုးနွယ်ရဲ့ အနာဂတ်ကို ထိန်းချုပ် ပုံသွင်းတဲ့ အခြေအနေထိ ရောက်မသွားခင် နိုင်ငံတကာ အစိုးရ အသီးသီးက စုပေါင်း အဖြေရှာကြဖို့ ကုလသမဂ္ဂ (UN) အကြီးအကဲက သတိပေး ပြောကြားခဲ့ပါတယ်။