Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ထံ ဂျပန်အစိုးရရဲ့ ဖွံ့ဖြိုးရေးအကူအညီ (ODA) ပြန်လည်ပေးအပ်ရေး ကန့်ကွက်ကြောင်း ဂျပန်ရောက်မြန်မာတွေ ဆန္ဒပြ

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်တပ်နဲ့ စစ်တပ်ကျောထောက်နောက်ခံပြု အုပ်ချုပ်ရေးအဖွဲ့ထံ ဂျပန်အစိုးရရဲ့ ဖွံ့ဖြိုးရေးအကူအညီ (ODA) ပြန်လည်ပေးအပ်ရေးအပေါ် ကန့်ကွက်တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (အောက်တိုဘာ ၉) ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - Mekong Watch

အောက်တိုဘာ ၉၊၂၀၂၆။သုည/People’s Spring

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်တပ်နဲ့ စစ်တပ်ကျောထောက်နောက်ခံပြု အုပ်ချုပ်ရေးအဖွဲ့ထံ ဂျပန်အစိုးရရဲ့ ဖွံ့ဖြိုးရေးအကူအညီ (ODA) ပြန်လည်ပေးအပ်ရေးအပေါ် ကန့်ကွက်တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (အောက်တိုဘာ ၉) ပြုလုပ်ခဲ့ပါတယ်။

ဆန္ဒပြပွဲကို ဂျပန်အခြေစိုက် အဖွဲ့အစည်းတွေမှ မဲခေါင်စောင့်ကြည့်ရေးအဖွဲ့ (Mekong Watch)၊ နိုင်ငံတကာပတ်ဝန်းကျင်အဖွဲ့ (FoE Japan)၊ လက်နက်ကုန်သွယ်မှု ဆန့်ကျင်ရေး ကွန်ရက် (NAJAT)၊ ဗုဒ္ဓဘာသာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ကွန်ရက် (AYUS)၊ ဂျပန်နိုင်ငံတကာ စေတနာ့ဝန်ထမ်းစင်တာ JVC နဲ့ အာရှပစိဖိတ်လေ့လာရေးစင်တာ PARC တို့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သားတွေအပေါ် အကြမ်းဖက်မှု၊ ဖမ်းဆီးမှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး လူအများအပြား နေရပ်စွန့်ခွာနေရတဲ့ အခြေအနေမှာ စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေက စစ်တပ်ရဲ့ အုပ်ချုပ်ရေးနဲ့ ငွေကြေးအင်အားကို ပိုမိုခိုင်မာစေနိုင်ကြောင်းနဲ့ စိုးရိမ်မိကြောင်းလည်း မဲခေါင်စောင့်ကြည့်ရေးအဖွဲ့က ဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းဆန္ဒပြပွဲမှာ မြန်မာစစ်တပ်ဦးဆောင်တဲ့ နိုင်ငံရေးစနစ်အောက်မှာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ နိုင်ငံရေးအင်အားစုတွေကို ဖယ်ထုတ်ပြီး ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပေါ်ပေါက်လာတဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာ တရားဝင်မှု မရှိကြောင်း ဖော်ပြထားပါတယ်။

ဂျပန်အစိုးရအနေနဲ့ အဆိုပါအုပ်ချုပ်ရေးအဖွဲ့ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုကြောင်း ရှင်းလင်းစွာ ထုတ်ဖော်ပြောကြားဖို့၊ အာဆီယံနိုင်ငံတွေကိုလည်း အလားတူ ရပ်တည် တိုက်တွန်းပေးဖို့နဲ့ မြန်မာနိုင်ငံကို လက်နက်၊ ခဲယမ်းနဲ့ စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ လွှဲပြောင်းရောင်းချမှု ရပ်တန့်ရေးအတွက် ဆောင်ရွက်ဖို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ အမြန်ဆုံးငြိမ်းချမ်းရေးအတွက် ဆုတောင်းမှုပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံတဝန်း ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအရေး ကြိုးပမ်းရင်း အသက်ပေးစွန့်လွှတ်ခဲ့ရသူတွေအား ရည်စူးပြီး ၃ မိနစ် ငြိမ်သက်ဆုတောင်းခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​အောက်တိုဘာ-၉၊၂၀၂၆။People’s Spring အာဏာသိမ်းစစ်တပ်က စက်တင်ဘာ ၄ ရက်ကစပြီး ၄၉၂၆ စစ်ဆင်​ရေးဆိုပြီး ရခိုင်ပြည်နယ်မှာ အာရက္ခတပ်​တော်(AA)သိမ်းပိုက်ထားတဲ့ နယ်​မြေ​တွေကို တန်ပြန်ထိုးစစ်ဆင်ဖို့ကြိုးစား​ပေမယ့် စစ်တပ်စစ်​ကြောင်း​တွေလန်ကျပြီး အထိနာ​နေချိန်မှာ AA သိမ်းပိုက်ထားတဲ့​ဒေသ​တွေက ​​ဈေး​တွေ၊တံတား​တွေ၊စစ်​ရှောင်စခန်း​တွေ ၊​ဆေးခန်း​တွေ၊​နေအိမ်​တွေကိုပါ ပစ်မှတ်ထားပြီး​လေ​ကြောင်းက​နေ ဗုံးကြဲသတ်ဖြတ်ခဲ့ပါတယ် ။စက်တင်ဘာ ၄ ရက်​နေ့က​​နေ ​အောက်တိုဘာ...

သတင်း

စစ်ကိုင်းတိုင်း ၊ဒီပဲယင်းမြို့နယ်၊မူးကမ်းကြီးရွာ အာဏာသိမ်းစစ်တပ်က ​အောက်တိုဘာ ၈ ရက်နေ့လယ်ပိုင်းမှာ လေကြောင်းက​နေဗုံးကြဲခဲ့လို့ မိသားစုဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ဦးနဲ့သက်ကြီးရွယ်အို ၁ဦးသေဆုံးပြီး အရပ်သား ၃ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မိုးမိတ်-သပိတ်ကျင်းလမ်းနဲ့ ဆက်စပ်နေတဲ့ ဆင်တဲကုန်းရွာအနီးမှာ ဒီနေ့မနက် အစောပိုင်းကစပြီး တိုက်ပွဲပြင်းထန်နေသလို စစ်တပ်ကလေကြောင်းကနေဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ် တွေကပြောပါတယ်။