Connect with us

Hi, what are you looking for?

သတင်း

ငပလီကမ်း‌ခြေကို စစ်တပ် ဗုံးကြဲ၊ ကလေးငယ်နှစ်ဦးအပါအဝင် အရပ်သား ၉ဦးသေဆုံး

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ငပလီကမ်းခြေဒေသကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၉ရက် မနေ့ ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲလို့ ကလေးငယ်နှစ်ဦးအပါအဝင် အရပ်သား ၉ဦးသေဆုံးပြီး ၆ဦးဒဏ်ရာရခဲ့ကြောင်း သတင်းရရှိပါတယ်။

ငပလီကမ်းခြေဒေသကို AA တပ်ဖွဲ့ဝင်တွေ သိမ်းပိုက်အပြီးတွေ့ရစဥ်။ ဓာတ်ပုံ - AA Info Desk

ဒီဇင်ဘာ-၃၀၊ ၂၀၂၅။ အိမ်သွင်/People’s Spring

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ငပလီကမ်းခြေဒေသကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၉ရက် မနေ့ ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲလို့ ကလေးငယ်နှစ်ဦးအပါအဝင် အရပ်သား ၉ဦးသေဆုံးပြီး ၆ဦးဒဏ်ရာရခဲ့ကြောင်း သတင်းရရှိပါတယ်။

ငပလီမြို့၊ လင်းသာရပ်ကွက်၊ ကျင်းကန်ကြီးရွာကို ဒီဇင်ဘာ ၂၉ ရက် ည ၈ နာရီခန့်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာလို့ ရခိုင်ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

“မြောက်ဦးကို ဗုံးကြဲတာကို ဆေးကုလို့တောင် မပြီးသေးဘူး။ ငပလီမှာ နောက်ထပ် စစ်ရာဇဝတ် ကျူးလွန်မှုပါ”လို့ ရခိုင်လူငယ်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူတွေထဲမှာ အသက် ၅နှစ်အောက်ကလေးငယ်နှစ်ဦးပါဝင်ပြီး ဒဏ်ရာရရှိသူတွေလည်း ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ထားခြင်းမရှိသေးဘဲ အသေးစိတ်အခြေအနေကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ရက်က မြောက်ဦးမြို့ပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်လို့ ‌ဆေးကုသနေသူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကလေးငယ်တွေအပါအဝင် ၃၄ဦးသေဆုံးပြီး ၇၀ကျော် ဒဏ်ရာရခဲ့ပါတယ်။

AAဟာ ငပလီကမ်းခြေဒေသပါဝင်တဲ့ သံတွဲမြို့ကို ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ငပလီကမ်းခြေဟာ အာရှရဲ့အလှဆုံးကမ်း‌ခြေစာရင်းဝင်ဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားတွေကြားမှာ နာမည်ကြီးပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့ စက်တင်ဘာကစတင်ပြီး သံတွဲမြို့ကို လေကြောင်းအပြင် ရေတပ်သင်္ဘောတွေပေါ်ကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေလို့ လုံခြုံရေးသတိပြုကြောင့် AA သတိပေးချက်ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။