Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းမှာ လေကြောင်းထပ်မံ တိုက်ခိုက်ခံရပြီး မသန်စွမ်း ၁ဦး အပါအဝင် ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ဒီကနေ့ လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခံရပြီး မသန်စွမ်း ၁ဦးအပါအဝင် ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

(လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံံ-ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

အောက်တိုဘာ ၉၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ဒီကနေ့ လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခံရပြီး မသန်စွမ်း ၁ဦးအပါအဝင် ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒီကနေ့ အောက်တိုဘာ ၉ ရက် ညနေ ၄ နာရီကျော်က မုံရွာအနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ တက်လာတဲ့ ပါရာမော်တာ ၁စီးဟာ ဒီပဲယင်းမြို့နယ်အရှေ့ဘက်ခြမ်း ညောင်ပုထိုးကျေးရွာအတွင်းသို့ ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ညောင်ပုထိုးကျေးရွာနေ မွေးရာပါ မသန်စွမ်းဖြစ်သူ အသက် ၂၄ နှစ်အရွယ် ကိုသက်ပိုင်ဖြိုးဟာ ညာဘက်ခြေထောက်ကြေမွပျက်စီးဒဏ်ရာရရှိခဲ့ကြောင်း၊ ဒါ့အပြင် အသက် ၄၅ နှစ်အရွယ် ဒေါ်သန်းဝင်းဆိုသူလည်း နားရွက်တစ်ဘက် ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဒီပဲယင်းပအဖကို ဆက်သွယ်မေး​မြန်းထားပေးမယ့် ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

ဗုံးသီး ၂လုံးချတိုက်ခိုက်ရာမှာ ၁လုံးကွဲပြီး ကျန် ၁လုံးမှာ မကွဲသေးဘဲ ကျန်နေကြောင်း၊ ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ အန္တရာယ်ရှိတဲ့ မပေါက်ကွဲသေးတဲ့ ဗုံးသီးအနီးမနေကြဖို့နဲ့ ကလေးငယ်တွေ သွားရောက်ကြည့်ရှုတာဆွေ မပြုကြဖို့ သတိပေးပါတယ်။ အလားတူ လေကြောင်းအန္တရာယ်သတိပေးချက်ကြားတာနဲ့ ဘေးလွတ်ရာနေရာတွေမှာ နေထိုင်ကြဖို့ ထပ်မံတိုက်တွန်းထားပါတယ်။

“စစ်ကြောင်းကတော့ ရွှေဘိုမြို့နယ်ကနေ ပတ်ချာလည်တွေကို ထိုးတာတွေရှိတယ်။ အသေခံဒရုန်း တိုက်ခိုက်ရေးဒရုန်း လက်နက်ကြီး နေ့စဥ် ညတိုင်းပါပဲ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မနေ့ကလည်း အာဏာသိမ်းစစ်တပ်ဟာ ဒီပဲယင်းမြို့နယ် မူးကမ်းကြီးကျေးရွာအတွင်းသို့ ပါရာမော်တာနဲ့ ဗုံးသီး ၂လုံးချ တိုက်ခိုက်ခဲ့ရာ မိသားစုဝင် ၄ ဦး သေဆုံးခဲ့ပါသေးတယ်။

အလားတူ မနေ့ကပဲ မြောင်မြို့နယ်နဲ့ ချောင်းဦးမြို့နယ်အစပ်က ပန်းလှအုပ်စု ပန်းလှဘုန်းကြီးကျောင်းကို လေကြောင်းကနေ ၃ ကြိမ်တိုက်ခိုက်ခဲ့ရာ သံဃာတော် ၂ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အောက်တိုဘာ ၇ ရက်ကလည်း ဆားလင်းကြီးမြို့နယ်နဲ့ မုံရွာမြို့နယ်က ကျေးရွာအချို့ကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး ပြည်သူအချို့ ထိခိုက်မှုတွေ ရှိခဲ့ပါသေးတယ်။

အောက်တိုဘာ ၄ ရက်ကလည်း ရေဦးမြို့နယ်က ကျေးရွာ ၃ ရွာမှာ စစ်တပ်က အသေခံဒရုန်းတွေနဲ့ လေကြောင်းတိုက်ခိုက်လို့ ကလေးတစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်းတိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီးအောက်တိုဘာ ၅ ရက်နေ့ကပဲ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနီးက ရွှေမျောလုပ်နေတဲ့ ပြည်သူတွေကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာ ၃၀ ထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ၊ဒီပဲယင်းမြို့နယ်၊မူးကမ်းကြီးရွာ အာဏာသိမ်းစစ်တပ်က ​အောက်တိုဘာ ၈ ရက်နေ့လယ်ပိုင်းမှာ လေကြောင်းက​နေဗုံးကြဲခဲ့လို့ မိသားစုဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းက စစ်ဘေးရှောင်စခန်းကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့ တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ၊ဝက်လက်မြို့နယ်အရှေ့မြောက်ဘက်ကို အာဏာသိမ်းစစ်တပ်ကအောက်တိုဘာလ ၄ ရက်မှာလေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း စစ်ရေး သတင်းအရင်းအမြစ် တစ်ဦးကပြောပါတယ်။

သတင်း

ကျွန်းလှမြို့နယ်၊သဖန်းဆိပ်ဆည်အနီးဝန်းကျင်ကဒေသခံတွေတူးဖော်နေတဲ့ တပိုင်တနိုင်ရွှေမျှောတွေကို စစ်တပ်က ဒီ​နေ့ လေကြောင်းကနေ တိုက်ခိုက်တဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိပါတယ်။