Hi, what are you looking for?
လက်ယက်ကုန်း၊ အနန့်ပါ၊ ပဇီကြီး၊ မုန်လိုင်ခက်ဖြစ်စဉ်တွေလို့ပြောလိုက်တာနဲ့ အဲဒီဖြစ်စဉ်တွေကို ဇာတ်ကြောင်း ပြန်ပြောစရာမလိုအောင် ကျွန်တော်တို့မှတ်ဉာဏ်တွေထဲမှာ မှတ်မှတ်သားသားရှိနေကြပါတယ်။ ဘာဖြစ်လို့လဲလို့ မေးလာရင်တော့ လက်မရွံ့စစ်တပ်ရဲ့ ယုတ်မာရက်စက်မှုက ကမ်းကုန်နေလို့ပဲလို့ ဖြေပါမယ်။
ကမ္ဘာကြီးက စစ်ပွဲတွေကို အမြဲတမ်း တူညီတဲ့မျက်လုံးနဲ့ မကြည့်တတ်ပါဘူး။ တချို့သော ပဋိပက္ခတွေဟာ ကမ္ဘာ့မီဒီယာတွေရဲ့ အာရုံစိုက်မှု၊ နိုင်ငံတကာရဲ့ သံတမန်ရေးဖိအားနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို အလျင်အမြန် ရရှိကြပေမယ့် တချို့ကတော့ နှစ်ပေါင်းများစွာ လူသားဆုံးရှုံးမှုတွေနဲ့အတူ ဆက်လက်ဖြစ်ပွားနေသော်လည်း တိတ်တဆိတ် မေ့လျော့ခံနေရတတ်ပါတယ်။
သင်ညအိပ်တဲ့အခါ အိပ်မက်ဆိုးမက်လေ့ရှိပါသလား။ ခဏခဏမက်လေ့ရှိပါသလား။ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီတစ်ရက်နေ့ နောက်ပိုင်းမှာပိုမက်လေ့ရှိပါသလား။အိပ်မက်ထဲမှာကိုယ့်အိမ်ကိုယ်ရှာမတွေ့တော့တာ၊ သေနတ်သံတွေကြားမှာပြေးလွှားနေရတာ၊ ကိုယ့်သားသမီးလေးတွေပျောက်ဆုံးတာ၊ အခန်းတစ်ခန်းထဲမှာ အသံမထွက်ပဲ ပုန်းအောင်းနေရတာမျိုး အိပ်မက်ဆိုးတွေမက်ပါသလား။
မြန်မာ့မြေပေါ်မှာ ကြားခံစစ်ပွဲ proxy war တွေ ဖြစ်လာတော့မလားလို့ ပူပန်လာကြပါတယ်။ ကမ္ဘာ့နိုင်ငံကြီးတွေက နိုင်ငံငယ်လေးတွေရဲ့ မြေပေါ်မှာ သူတို့ရဲ့ နိုင်ငံရေးဩဇာနဲ့ စီးပွါးရေးအကျိုးအမြတ်တွေအတွက် အားပြိုင်မှုတွေကို နည်းပေါင်းစုံနဲ့ လုပ်ကြတာမှာ ကြားခံစစ်ပွဲဆိုတာ နည်းလမ်းတစ်ခုသာ ဖြစ်ပါတယ်။ မြန်မာ့အရေးမှာတော့ ပါဝါကြီးတဲ့ တရုတ်၊ အမေရိကနဲ့ ရုရှတို့အပြင်...