Connect with us

Hi, what are you looking for?

သတင်း

မကွေးမှာ မင်းသမီးမေကဗျာရဲ့ စိန်ဟန်းချိန်းပျောက်ဆုံးမှု အမျိုးသမီး ၁ဦး မှားယွင်းစွပ်စွဲခံရ

မကွေးမြို့မှာ ရုပ်ရှင်သရုပ်ဆောင်မေကဗျာရဲ့ စိန်ဟန်းချိန်း ပျောက်ဆုံးမှုမှာ ဒေသခံ အမျိုးသမီး ၁ဦး မှားယွင်းစွပ်စွဲခံခဲ့ရပြီး ရဲစခန်းရောက်ခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

မကွေးမြို့မှာ ရုပ်ရှင်သရုပ်ဆောင်မေကဗျာရဲ့ စိန်ဟန်းချိန်း ပျောက်ဆုံးမှုမှာ ဒေသခံ အမျိုးသမီး ၁ဦး မှားယွင်းစွပ်စွဲခံခဲ့ရပြီး ရဲစခန်းရောက်ခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၄၊ ၂၀၂၆။ဟာနာဆန်/People’s Spring

မကွေးမြို့မှာ ရုပ်ရှင်သရုပ်ဆောင်မေကဗျာရဲ့ စိန်ဟန်းချိန်း ပျောက်ဆုံးမှုမှာ ဒေသခံ အမျိုးသမီး ၁ဦး မှားယွင်းစွပ်စွဲခံခဲ့ရပြီး ရဲစခန်းရောက်ခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

မကွေးမြို့မှာ စျေးရောင်းဖို့ ရောက်ရှိနေတဲ့ရုပ်ရှင်သရုပ်ဆောင်မေကဗျာဟာ ၎င်းရဲ့ စိန်ဟန်းချိန်း ပျောက်ဆုံးသွားလို့ မသင်္ကာတဲ့ ဒေသခံ အမျိုးသမီး ၁ဦးကို ခေါ်ယူမေး​မြန်းပြီးနောက် ရဲစခန်းတိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် စွပ်စွဲခံရတဲ့ အမျိုးသမီးကို ရဲစခန်းမှာ ခေါ်ယူစစစ်ဆေးပြီးနောက် အမျိုးသမီးက ၎င်းမခိုးယူ​ကြောင်း ငြင်းဆိုတဲ့အတွက် ရဲမေတွေက ရိုက်နှက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မင်းသမီးမေကဗျာကတော့ အဖမ်းမခံရဘူးလို့ ငြင်းဆိုထားတာ တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

မင်းသမီးမေကဗျာရဲ့ စိန်ဟန်းချိန်းကတော့ မကွေးမြို့အဝင်မှာ ပြန်တွေ့ခဲ့တယ်လို့ သိရပါတယ်။

အဲဒီဖြစ်စဥ်ကို မကွေး ပရဟိတ ဦးမိုးဆိုသူက လူမှုကွန်ရက် Tik tok မှာ တင်ခဲ့ပြီး ဖြစ်စဥ်နဲ့ပတ်သက်တဲ့ ၉ မိနစ်စာ ဗွီဒိယိုရိုက်ထားခဲ့ကြောင်း၊ ဗွီဒိယိုတွေကိုလည်း ချပြမှာဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သို့သော် ဒီကနေ့ညနေပိုင်းမှာတော့ ရုပ်ရှင်မင်းသမီး မေကဗျာရဲ့ Tik Tok အကောင့်မှာ ရုပ်သံဖိုင်တစ်ခုထပ်တင်လာခဲ့ပြီး မေကဗျာ၊ အစွပ်စွဲခံရသူ အမျိုးသမီးနဲ့ ဖြစ်စဥ်ကို ချပြမယ်ဆိုတဲ့ ပရဟိတ ဦးမိုးဆိုသူတို့ ပါဝင်တာ တွေ့ရပါတယ်။

ရုပ်သံမှာ မေကဗျာက ဒီဖြစ်စဥ်မှာ နားလည်မှု လွဲသွားခဲ့တာဖြစ်ပြီး မနက်ကတည်းက အစွပ်စွဲခံရတဲ့ အမျိုးသမီးကို တောင်းပန်ခဲ့တယ်လို့ ဆိုပါတယ်။ ဖြစ်စဥ်ကို ချပြမယ်လို့ ဆိုခဲ့တဲ့ ပရဟိတ ဦးမိုးဆိုသူကလည်း ၎င်းတို့ချင်း ညှိနှိုင်းအဆင်ပြေသွားပြီဖြစ်တဲ့အတွက် သူ့ရဲ့ Post ကို ဖျက်လိုက်မှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ရဲစခန်းမှာ နှိပ်စက်ခံရတယ်​ဆိုတဲ့ကိစ္စကိုတော့ ဖြေရှင်းခဲ့ခြင်း မရှိပါဘူး။ မကွေးမြို့သူမြို့သားတွေကတော့ မှားယွင်းစွပ်စွဲခံရတဲ့ အမျိုးသမီးအတွက် မကျေနပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

Facebook