နိုဝင်ဘာ -၄ ၊၂၀၂၆
အမေရိကန်သမိုင်းမှာပထမဆုံးမွတ်ဆလင်လွှတ်တော်အမတ်အဖြစ် နိုဝင်ဘာလ ၃ ရက်မှာကျင်းပတဲ့သက်တမ်းဝက်ရွေးကောက်ပွဲမှာမီဂျီဂန်ပြည်နယ်ရဲ့အထက်လွှတ်တော်အမတ်အဖြစ်ဒီမိုကရက်တစ်အထက် လွှတ်တော်အမတ်လောင်းအယ်လ်ဆာယက်ဒ်က အနိုင်ရသွားပါတယ်။
အသက် ၄၂ နှစ်အရွယ်ဆရာဝန်တစ်ဦးဖြစ်သူအယ်လ်ဆာယက်ဒ်ဟာအမေရိကန်သမိုင်းမှာပထမဆုံးရွေးကောက်ခံမွတ်ဆလင်အထက်လွှတ်တော်အမတ်အဖြစ် မှတ်တမ်းဝင်သွားပါတယ်။
အစ္စလာမ်ဆန့်ကျင်ရေးတိုက်ခိုက်မှုတွေကြားကနေအနိုင်ရသွားခဲ့တာပါ။

Public Service Announcement
အခုလိုအနိုင်ရမှုအတွက် မစ်ချီဂန်ပြည်နယ်မှာမဲဆွယ်စည်းရုံးပေးခဲ့သူတွေ ကိုအယ်လ်ဆာယက်ဒ်ကချီးကျုးဂုဏ်ပြုစကားဆိုခဲ့သလို မဲဆန္ဒရှင်တွေရဲ့အားပေးမှုတွေက ခွန်အားဖြစ်စေခဲ့တယ်လို့ဆိုပါတယ်။
ရွေးကောက်ပွဲမတိုင်ခင်မဲဆွယ်စည်းရုံးရေးကာလအတွင်းအယ်လ်ဆာယက်ဒ်ဟာဂျီဟတ်ဝါဒီ ၊ အီဂျစ်နိုင်ငံမှာရှိတဲ့ မွတ်ဆလင်ညီအကိုတော်များအဖွဲ့ ရဲ့အဖွဲ့ဝင်တစ်ဦး ဖြစ်တယ်ဆိုတဲ့စွပ်စွဲတိုက်ခိုက်မှုတွေကိုပါ ရင်ဆိုင်ခဲ့ရပါတယ်။
အဲဲဒီလိုတိုက်ခိုက်မှုပြုလုပ်သူတွေဟာ ဓာတ်ဆီ နဲ့ စားသောက်ကုန်စျေးနှုန်းတွေမြင့်တက်နေတဲ့ ပြဿနာတွေကိုဖြေရှင်းနိုင်တဲ့ အဖြေမရှိတာကြောင့်လူမှုကွဲပြားမှုတွေကိုဖြစ်ပေါ်စေဖို့သာ ရည်ရွယ်လုပ်ဆောင်တာလို့ အယ်လ်ဆာယက်ဒ် တုံ့ပြန်ခဲ့ပါတယ်။
အယ်လ်ဆာယက်ဒ် ရဲ့ မိဘနှစ်ပါးဟာ အီဂျစ်နိုင်ငံရဲ့ ရွှေ့ပြောင်းအခြေချကြသူဖြစ်ပြီး သူ့ကိုတော့ အမေရိကန်ပြည်ထောင်စု မီဂျီဂန်ပြည်နယ်မှာ မွေးဖွားခဲ့တာပါ။




















































