Connect with us

Hi, what are you looking for?

အတွေးအမြင်

၂၁ ရာစု အာဏာရှင်တွေနဲ့ဝါဒဖြန့်ချိရေး

တစ်ခုလောက်တွေးကြည့်ရအောင်ပါ။ တကယ်လို့ကိုယ့်မိုဘိုင်ဖုန်းထဲမှာAppတစ်ခုကိုအစိုးရက မဖြစ်မနေထည့်ခိုင်းမယ်။ ဒီAppကကိုယ်ဘယ်ကိုသွားတယ်၊ဘယ်သူနဲ့တွေ့တယ်၊ဘာတွေ ပြောဆိုကြတယ်ဆိုတာကို အစိုးရဆီကိုသတင်းပြန်ပို့နေတယ်ဆိုပါစို့။

၅၅၉ရေးသားသည်။

တစ်ခုလောက်တွေးကြည့်ရအောင်ပါ။ တကယ်လို့ကိုယ့်မိုဘိုင်ဖုန်းထဲမှာAppတစ်ခုကိုအစိုးရက မဖြစ်မနေထည့်ခိုင်းမယ်။ ဒီAppကကိုယ်ဘယ်ကိုသွားတယ်၊ဘယ်သူနဲ့တွေ့တယ်၊ဘာတွေ ပြောဆိုကြတယ်ဆိုတာကို အစိုးရဆီကိုသတင်းပြန်ပို့နေတယ်ဆိုပါစို့။

ဘယ်လိုများခံစားရပါမလဲ။

ဒါဟာစိတ်ကူးယဉ်သိပ္ပံဝတ္ထုမဟုတ်ပါဘူး။တရုတ်နိုင်ငံရဲ့ရှင်ကျန်းပြည်နယ်မှာဝီဂါလူမျိုးမွတ်ဆလင်တွေနေ့စဉ်ကြုံတွေ့နေကြရတဲ့ဘဝဖြစ်ပါတယ်။ သူတို့ရဲ့မိုဘိုင်းဖုန်းတွေထဲမှာအဲဒီ App တွေကိုမဖြစ်မနေ ထည့်ထားကြရပါတယ်။

Public Service Announcement

Public Service Announcement

ဒီAppတွေကို ကလေးထိန်းApp(Nanny App)လို့လည်းခေါ်ကြပါတယ်။ကလေးတစ်ယောက်ကို သူဘာစားတယ်ဘယ်ဆေးသောက်တယ်၊ဘယ်လိုဆော့ကစားတယ်ဆိုတာကိုစောင့်ကြည့်သလိုပါပဲ။ တရုတ်အစိုးရကတော့ဝီဂါတွေကိုစောင့်ရှောက်ဖို့စီစဉ်တာလို့ဆိုပါတယ်။၂၁ရာစုရဲ့အာဏာရှင်စနစ်ဟာပြီးခဲ့တဲ့၂၀ရာစုထက်အများကြီးပိုပြီးရက်စက်ကြမ်းကြုတ်သွားခဲ့ပါပြီ။

ကိုယ်နဲ့သိပ်ဝေးနေသေးတဲ့အလွမ်းဇါတ်လို့တော့မထင်လိုက်ပါနဲ့၊ အခုဖြစ်နေတာဟာဟိုဘက်အိမ်မှာဖြစ်ပြီးတော့ မြန်မာဟာအဲဒီစောင့်ကြည့်ရေးစနစ်တွေကိုတစ်စတစ်စနဲ့သွတ်သွင်းနေပါပြီ။ တရုတ်ကဒီနည်းပညာကိုကမ္ဘာတစ်ဝှမ်းကသူနဲ့အလွမ်းသင့်တဲ့အာဏာရှင်တွေဆီကိုဖြန့်ဖြူးပေးပါတယ်။

ရည်ရွယ်ချက်ကတော့ရှင်းပါတယ်။လူ့အခွင့်အရေးချိုးဖေါက်တာဟာသူတစ်ဦးထဲမဟုတ်ဘူးဆိုတာကိုပြဖို့အတွက်အဖေါ်ရှာတာပါလို့ Autocracy Inc. စာအုပ်ကိုရေးတဲ့ပူလဇ်ဇာဆုရသတင်းစာဆရာမအန်း အပ်ပဲဘမ်ကမှတ်ချက်ချပါတယ်။

၂၁ရာစုမှာအာဏာရှင်တွေရဲ့ဝါဒဖြန့်ချိရေးက ၂၀ ရာစုနဲ့မတူတော့ပါဘူး။ ၂၀ရာစုတုန်းက အာဏာရှင်တွေဟာ သူတို့တိုင်းပြည်ဟာဘယ်လောက်ကြွယ်ဝချမ်းသာတယ်၊ဖွံ့ဖြိုးတိုးတက်တယ်ဆိုတာကို ပြည်သူတွေကိုလိမ်ညာကြပါတယ်။ အလုပ်မဖြစ်ခဲ့ပါဘူး။ဒါကိုဘယ်ပြည်သူမှာလည်းမယုံကြည်ဘူးဆိုတာကိုတဖြည်းဖြည်း သူတို့သိလာကြပါတယ်။

အခုနောက်ပိုင်းလုပ်လာတဲ့နည်းလမ်းကတော့ “ဟုတ်တယ်၊ဒို့တိုင်းပြည်ကခြစားတယ်၊ မွဲတယ်၊ ဒါပေမယ့်သူများတိုင်းပြည်တွေကငါတို့ထက်ပိုဆိုးတယ်၊ငါတို့ကမှတော်သေးတယ်” ဆိုတဲ့နည်းလမ်းပဲဖြစ်ပါတယ်။

“ရက်စက်ယုတ်မာညံ့ဖျင်းတဲ့၂၁ရာစုကကြိုဆိုပါတယ်ခင်ဗျား”လို့ပြောရမှာပါ။ စိတ်မကောင်းဖြစ်သွားရင် ဝမ်းနည်းပါတယ်။

ရုရှအစိုးရပိုင်ရုပ်သံသတင်းဌာနတွေကိုသုတေသနလုပ်ကြည့်တဲ့အခါမှာဥရောပနိုင်ငံတွေနဲ့ပက်သက်တဲ့ မကောင်းသတင်းကိုတစ်နေ့မှာပျှမ်းမျှ၁၈ကြိမ်လွှင့်တာကိုတွေ့ရပါတယ်။ လုံးဝလိမ်ညာထားတဲ့ သတင်းတွေကိုအစုလိုက်အပြုံလိုက်မြင်ရမှာပါ။ ဥပမာ – ဥရောပကအစိုးတွေဟာ ကလေးတွေကိုခိုးပြီး လိင်တူဆက်ဆံတဲ့စုံတွဲတွေကိုမွေးစားဖို့ပေးနေတယ်ဆိုတဲ့သတင်းမျိုးဖြစ်ပါတယ်။

ရုရှအစိုးရဟာ လိင်တူ စုံမက်မှုကိုကျင့်ဝတ်နဲ့မညီတဲ့လုပ်ရပ်အဖြစ်ပြင်းပြင်းထန်ထန်ဆန့်ကျင်ပါတယ်။နောက်ထပ်လိမ်ညာမှုတစ်ခုကတော့ရုရှဟာဘာသာရေးကိုးကွယ်တဲ့လူဖြူတွေရဲ့နိုင်ငံဖြစ်ပါတယ်ဆိုတဲ့ပူတင်ရဲ့အပြောပါ။တကယ်တော့ရုရှရဲ့ဘုရားရှိခိုးကျောင်းတက်တဲ့လူဦးရေရာခိုင်နှုန်းက အင်မတန်နည်းပါတယ်။တကယ်တော့ရုရှဟာလူမျိုးစုံနေကြတာဖြစ်ပြီးမွတ်ဆလင်လူဦးရေလည်း အတော်များပါတယ်။ ချေချင်ညာဒေသကိုကြည့်ရင်သိသာပါတယ်။ဒါပေမယ့်ဒီဝါဒဖြန့်ချိရေးကို အမေရိကန်ပြည်ထောင်စုကဘုမသိဘမသိလူဖြူအတော်များများယုံကြည်ကြပါတယ်။ သမ္မတ ဒေါ်နယ်ထရန့်လည်းပါကောင်းပါနိုင်ပါတယ်။

၂၀၂၂ခုနှစ်မှာရုရှကယူကရိန်းကိုဝင်တိုက်တဲ့အခါ ရုရှအစိုးရပိုင်မီဒီယာတွေကဝါဒဖြန့်ချိတာတစ်ခု ရှိခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုက ယူကရိန်းမှာဓါတ်ခွဲခန်းတွေတည်ဆောက်ပြီးလင်းနို့တွေရဲ့ပိုးတွေကို မွေးဖွားပေးနေတယ်ဆိုတာပါပဲ။ မယုံမရှိပါနဲ့ ဒီလုပ်ကြံသတင်းကို အမေရိကန်က လက်ယာစွန်းတွေဖြစ်တဲ့ QAnon နဲ့WarClandestineလိုအဖွဲ့တွေက ပြန်ပြီးရှဲကြပါတယ်။ ဒါဟာဒေါ်နယ်ထရန့်လိုလူမျိုးနောက်တစ်ကြိမ်မဲနိုင်ဖို့ဖြစ်လာခဲ့တာပါ။

ရုရှနဲ့တရုတ်တို့ဟာဝါဒ ဖြန့်ချိရေးအတွက် ငွေပုံပြီးသုံးကြပါတယ်။စာဖတ်သူကအချိန်၁၀မိနစ် လောက်ရမယ်ဆိုရင် pressenza.com ဆိုတဲ့သတင်းဌာနတစ်ခုကိုဝင်ကြည့်စေချင်ပါတယ်။ လွတ်လပ်တဲ့သတင်းဌာနအမည်ခံပြီးရုရှအာဏာရှင်အတွက်ဝါဒဖြန့်ချိတာကိုတွေ့ရမှာပါ။ RRN – Reliable Recent Newsဆိုတာလည်းရှိပါတယ်။

တစ်ခါတစ်လေမှာအာဏာရှင်စနစ်အောက်မှာဝါဒဖြန့်ချိရေးဟာစည်းရုံးမှုမဟုတ်ပါဘူး။ခြိမ်းခြောက်မှု ဖြစ်ပါတယ်။ အာဏာရှင်ဟာသူ့စည်းကမ်းကိုမလိုက်နာရင်ဘယ်လိုဆုံးမမယ်ဆိုတာကို သွယ်ဝိုက်တဲ့ နည်းနဲ့ပြောတာပါ။ရုရှ၊တရုတ်နဲ့ မြန်မာလိုနိုင်ငံမျိုးမှာမကြာခဏတွေ့ရပါတယ်။

“စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီ”ဆိုတဲ့စာလုံးဟာသူတို့ပါးစပ်ဖျားကမချကြပါဘူး။ ဒီစကားလုံးကို ကြားရင်တော့လူတွေကိုသောင်းနဲ့ချီပြီးထောင်ထဲဖမ်းထည့်တော့မယ်ဆိုတာကိုမှန်းလို့ရနေပါပြီ။ အာဏာရှင်တွေညီတူညာတူပြောတဲ့နောက်စကား

လုံးတစ်ခုကတော့ “အချုပ်အခြာအာဏာ” ဖြစ်ပါ တယ်။ ပြောတာများလွန်းတဲ့အတွက်စကားလုံးရဲ့အဓိပ္ပါယ်ကိုအခုစာရေးသူတောင် သိပ်နားမလည် တော့ပါဘူး။ နားလည်တာကတော့”အချုပ်အချာအာဏာ”လို့ပြောရင် “ငါထင်ရာလုပ်မယ်၊ဝင်မရှုပ်နဲ့” ဆိုတာပဲဖြစ်ပါတယ်။

ပူတင်အတွက်တော့”အချုပ်အခြာအာဏာ”ဆိုတာဟာကိုယ့်နိုင်ငံသားကိုနှိပ်စက်ပြီးသူများနိုင်ငံကို ကျူးကျော်ခြင်းလို့အဓိပ္ပါယ်ရပါတယ်။၂၀၁၇ခုနှစ်မှာပူတင်ကပြောခဲ့ဖူးပါတယ်။ “တချို့နိုင်ငံတွေမှာအချုပ်အခြာအာဏာမရှိဘူး”လို့ဆိုပါတယ်။ ဆိုလိုချင်တာကတော့အဲဒီနိုင်ငံတွေကို သူဝင်သိမ်းခွင့်ရှိတယ်လို့ပြောခဲ့တာပါပဲ။ သူ့စစ်တပ်အသုံးမကျတာကိုသူမသိတာကတော့တစ်ပိုင်းပါ။

တရုတ်အတွက်တော့ အချုပ်အခြာအာဏာ”ဆိုတာဟာ ဝီဂါလူမျိုးတွေရဲ့ဖုန်းထဲကို ကလေးထိန်း Appထည့်ပြီးလူတွေကို Campတွေထဲမှာထည့်ထားတာပါ။ မြန်မာအတွက်တော့”အချုပ်အချာအာဏာ” ဆိုတာဟာကိုယ့်ပြည်သူကိုကိုယ်ပြန်ဗုံးကြဲတာပါပဲ။

တရုတ်ကွန်မြူနစ်ပါတီက United Frontဆိုတဲ့ကွန်ယက်ကို ၁၉၂၀ကျော်တော်လှန်ရေး ကာလ ကတည်းကထူထောင်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ကွန်မြူနစ်ပါတီနဲ့မဟာမိတ်တွေကိုချဲ့ထွင်ဖို့ပါ။

အခုအချိန်မှာတော့United Front ဟာတရုတ်နိုင်ငံပြင်ပကတရုတ်လူမျိုးတွေနဲ့သူတို့နဲ့နီးစပ်တဲ့လူတွေကိုစည်းရုံးဖို့အတွက် တရုတ်စာသင်ကျောင်းတွေ၊ ကွန်ဖြူးရှပ်အတွေးအခေါ်ကျောင်းတွေကို နိုင်ငံတကာမှာဖွင့်လှစ်နေတာပါ။ Soft Power ပဲဆိုကြပါစို့။အဓိကကတော့တရုတ်ပုံစံအာဏာရှင်စနစ်(စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီစနစ်)ဟာ နိုင်ငံတကာ အတွက်အကောင်းဆုံးပုံစံဆိုတာကိုဝါဒဖြန့်ချင်တာပါပဲ။ လစ်ဘရယ်အတွေးအခေါ်ကို တိုက်ဖျက် ချင်တာပါ။

အခုတော့တရုတ်ရဲ့တွန်းအားနဲ့ရွေးကောက်ပွဲကြီးလာတော့မှာပါ။စောင့်ကြည့်ကြပါ။ တစ်နေ့မှာကလေးထိန်းAppနဲ့နေရတဲ့ဘဝကိုတော့ကျွန်တော်တို့အရောက်ခံလို့မရပါဘူး။

မြန်မာဟာပထဝီနိုင်ငံရေးအရအရေးပါတဲ့နေရာကိုရောက်လာပါတယ်။ တရုတ်၊ရုရှ၊ဘယ်လာရုစ်လို နိုင်ငံတွေရဲ့စွက်ဖက်မှုကိုခံနေရတဲ့အတွက်ဒီနိုင်ငံတွေအကြောင်းကိုမျက်ခြေမပြတ်ဖို့အရေးကြီးလှ ပါတယ်။ ။

ဆက်စပ်သတင်းများ

ဆောင်းပါး

အနာဂတ်စစ်ပွဲတွင် ရှုံးနိမ့်ခြင်း

သတင်း

သမိုင်းတရားခံတွေနဲ့ ခေတ်သစ်အာဏာရှင်တွေကို ဥပဒေအကြောင်းအရ တရားစီရင်ဖို့ဟာ တော်လှန်ပြည်သူတရပ်လုံးရဲ့ သမိုင်းပေးတာဝန်ဖြစ်ပြီး အဲဒီ သမိုင်းပေးတာဝန်ကို အရိုးကြေကြေ အရည်ခမ်းခမ်း၊ ဦးလည်မသုန် ထမ်းရွက်သွားမှာဖြစ်ကြောင်း သစ္စာဓိဌာန် ပြုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဦးဆောင်မှု ၊အနစ်နာခံမှုကို ကျေးဇူးဆပ်ဖို့ သူ့ရဲ့ လမ်းညွှန်ချက်တွေလိုက်နာဖို့လိုအပ်သလို သမီးဖြစ်သူကိုကာကွယ်ဖို့ တာဝန်ရှိဟုဆို

သရော်စာ

ကလေးအစ၊ ခွေးအဆုံးကို အံ့ဩမင်သက်စေပြီး သာမာန်လူတွေပင် လက်မခံနိုင်သော တရားလွန်လုပ်ရပ်များကို လူတစ်ယောက်က နိုင်ငံအနှံ့လိုက်လုပ်နေသည်။လူတွေကို နေ့စဉ် သတ်ဖြတ်နေသည်။ အနီရောင်ပန်းပင်တွေကို လိုက်ခုတ်ပြီး ရုပ်တုတွေကို လိုက်ဖြိုနေသည်။ ထိုသူကို အချိန်မီဆေးတိုက်ရန်လိုအပ်နေပြီ။