နိုဝင်ဘာ-၄၊၂၀၂၆။မိထက်/People’s Spring
ရန်ကုန်၊ စမ်းချောင်းမြို့နယ် ဂွဈေးအနီးမှာ ယနေ့ညဦးပိုင်း လူငယ်တဦးကို စစ်အုပ်စုက ကားနှစ်စီးက ပေါ်တာဆွဲဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဂွဈေးအနီးသရက်တောလမ်းမှာနိုဝင်ဘာ လ ၄ ရက်ည ၇ နာရီ ၂၈ မိနစ်က ဖြစ်ပွားခဲ့တာပါ။ လူမှုကွန်ရက်ပေါ်မှာပျံ့နှံလာတဲ့ဗီဒီယိုဖိုင်မှာ ကားပေါ်အသင်းဆွဲတင်ခံနေရတဲ့လူငယ်လေးကအော်ဟစ်ငြင်းဆန်နေတာတွေ့ရပါတယ်။
အဲဒီလိုဖမ်းဆီးချိန်မှာ ဘေးပတ်ဝန်းကျင်က ထိထိရောက်ရောက်ဝိုင်းဝန်းမတားဆီးကြဘူးလို့ ဝေဖန်မှုတွေလည်းရှိနေပါတယ်။

Public Service Announcement
“လူတစ်ယောက်ကို ကားပေါ် အတင်းပေါ်တာ ဆွဲတင်နေတာတောင်ပတ်၀န်းကျင်က ကူညီမယ့်သူ မရှိတဲ့ဘ၀။သနားလိုက်တာ ခလေးတွေကားပေါ် ရောက်တော့မှာ တစ်ရပ်ကွက်လုံးလိုက်လည်းဘာမှ မထူးတော့ဘူး”လို့ လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက ရေးသားထားပါတယ်။
ရုပ်သံဖိုင်လူမှုကွန်ရက်အပေါ်ပျံ့နှံ့သွားတဲ့အတွက် စစ်အုပ်စုက အညှိုးထားပြီး လာရောက်စစ်ဆေးနိုင်တယ်လို့လည်း ဒေသခံအချင်းချင်းသတိပေးနေကြပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီးရန်ကုန်မှာ ပေါ်တာဆွဲခံရတဲ့သတင်း ၊ထူးခြားဖြစ်စဥ်တွေကိုဖော်ပြပေးနေတဲ့ Scoutnews က ကားပေါ် ဆွဲတင်ခံရတဲ့လူငယ်က “ကလေးက ကျွန်တော် ၁၅ နှစ်ပဲ ရှိပါသေးတယ်လို့တော့ အော်တယ်”
“သား ဘာမှမလုပ်ဘူး လို့လည်း အော်တယ်”လို့ဖော်ပြထားပါတယ် ။
ရှေ့ကကားက တင်ပြေးသွားပြီး နောက်က ကားက လိုက်တားဖို့ လုပ်တဲ့သူတွေကို ဟွန်းတီး အော်ဟစ် ခြိမ်းခြောက်ပြီးလမ်းရှင်းအောင်လုပ်သွားတာလို့လည်း ရေးသားထားပါတယ်။
အသက်မပြည့်သေးတဲ့ လူငယ်ကိုကားနဲ့ခေါ်တင်သွားပြီး ခဏအကြာမှာ ရဲတွေရောက်လာသလို စစ်သားတွေလည်း ရောက်လာတယ်လို့ဆိုပါတယ်။အဲဒီစစ်သားတွေ နဲ့အတူ လူငယ်လေးကို ဖမ်းဆီးပေါ်တာဆွဲတဲ့အချိန် နောက်က ဟွန်းတီးတဲ့ကားလည်းပါလာတယ်လို့ ဒေသခံအချို့ကပြောပါတယ်။
ဒါကြောင့်တရားခံဘယ်သူဆိုတာကောက်ချက်ဆွဲလို့ရတဲ့အခြေအနေ ဖြစ်ပါတယ် Scout News ကရေးသားထားပါတယ်။
စမ်းချောင်းမြို့နယ်ဆိုတာ ရန်ကုန်မြို့ရဲ့ အဓိကနေရာ တွေထဲက တစ်ခု ဖြစ်ပါတယ်။
ဒီလိုနေရာမှာတောင် လူတွေအဆွဲခံနေရတဲ့ အခြေ အနေဟာ ထိတ်လန့်တုန်လှုပ်စရာဖြစ်တဲ့ အကြောင်းအသိပေးရင်း သတိထားကြဖို့လဲ တစ်ဆက်တည်း မှာကြားချင်ပါတယ်လို့ ဆက်လက်ရေးသားထားပါတယ်။
“လူငယ်တွေကိုပြောချင်တာ အကူအညီတောင်းတာမရရင် ကိုယ့်လွတ်ရုန်းပြေးပါ။ခုခံရင်ဆိုင်ပါ။ မတရားလုပ်တာကိုပါတ်ဝန်းကျင်ကထိထိရောက်ရောက်ကူညီကြပါ”လို့ ပြည်သူတဦးကလည်းမှတ်ချက်ပြုပါတယ်။
စစ်အုပ်စုဟာ ရန်ကုန်အပါအဝင်မြို့ကြီးတွေနဲ့စစ်တပ်ထိန်းချုပ်ဒေသတွေမှာ လူငယ်တွေကိုပစ်မှတ်ထားပြီး ပေါ်တာစွဲဖမ်းဆီးနေတဲ့အတွက် သတိပေးကြဖို့ တော်လှန်ရေးအင်အားစုတွေက မကြာခဏသတိပေးနေပါတယ်။




















































