Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယား ရေတပ်မှာ အကြီးဆုံး ဖြစ်လာမယ့် စစ်သင်္ဘော တည်ဆောက်မှုကို ကင်မ်ဂျုံအွန်း သွားရောက်စစ်ဆေး

ရေတပ်မှာ ပိုင်ဆိုင်သမျှ အကြီးဆုံး ဖြစ်လာမယ်လို့ ယုံကြည်ရတဲ့ စစ်သင်္ဘောအသစ် တစ်စီး တည်ဆောက်နေမှုကို မြောက်ကိုရီးယား အဓိပတိ ကင်မ်ဂျုံအွန်းက သွားရောက် စစ်ဆေး ကြည့်ရှုခဲ့ပါတယ်။

ဓာတ်ပုံ - Reuters/KCNA

ရေတပ်မှာ ပိုင်ဆိုင်သမျှ အကြီးဆုံး ဖြစ်လာမယ်လို့ ယုံကြည်ရတဲ့ စစ်သင်္ဘောအသစ် တစ်စီး တည်ဆောက်နေမှုကို မြောက်ကိုရီးယား အဓိပတိ ကင်မ်ဂျုံအွန်းက သွားရောက် စစ်ဆေး ကြည့်ရှုခဲ့ပါတယ်။

နိုင်ငံရဲ့ အင်အားတောင့်တင်းတဲ့ ရေတပ်ကို တည်ဆောက်နိုင်ဖို့အတွက် မြောက်ကိုရီးယား သင်္ဘောကျင်းတွေကို ခေတ်နဲ့အညီ မွမ်းမံ အဆင့်မြှင့်ဖို့ အဲဒီခရီးစဉ်မှာ ကင်မ်က တိုက်တွန်းခဲ့တယ်လို့လည်း အစိုးရပိုင် KCNA သတင်းဌာနက နိုဝင်ဘာ ၄ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

ကင်မ်ဟာ နိုဝင်ဘာ ၂ ရက်နေ့တုန်းက နိုင်ငံ အနောက်ဖက် ကမ်းခြေမှာရှိတဲ့ နမ်ဖို သင်္ဘောကျင်းကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ သူက နိုင်ငံရဲ့ ရေကြောင်း စက်မှု လုပ်ငန်းတွေကို မြှင့်တင်ဖို့၊ ပင်လယ်ပြင် ပိုင်နက်ကို ကာကွယ်ဖို့အတွက် နိုင်ငံရဲ့ သင်္ဘော တည်ဆောက်မှု စွမ်းရည် မြှင့်တင်နိုင်ဖို့က အရေးကြီးတယ်လို့ တိုက်တွန်း ပြောဆိုခဲ့ကြောင်းလည်း KCNAက ရေးသားထားပါတယ်။

နောက်တော့ ကင်မ်ဟာ မနှစ်က မြောက်ကိုရီးယား ရေတပ်က တပ်တော်ဝင်စေခဲ့တဲ့ ဖျက်သင်္ဘော အသစ်နဲ့တောင် နှိုင်းယှဉ်လို့ မရအောင် ကြီးမားတဲ့ စစ်သင်္ဘော အသစ်တစ်စီး ဆောက်လုပ်နေမှုကို သွားရောက် စစ်ဆေးခဲ့တယ်လို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ချိုဟွန်အဆင့်လို့ သတ်မှတ်ထားတဲ့ အဲဒီ ဖျက်သင်္ဘောမျိုး မြောက်ကိုရီးယားမှာ နှစ်စီး ပိုင်ဆိုင်ထားပြီး လက်ရှိ ရေတပ်ရဲ့ အကြီးဆုံး တိုက်ရေယာဉ်တွေလည်း ဖြစ်ပါတယ်။

KCNAက ဆောက်လုပ်ဆဲ သင်္ဘောရဲ့ ကိုယ်ထည်နားမှာ ကင်မ်နဲ့ တခြားအရာရှိတွေ ရပ်နေပုံကို ပြသထားခဲ့ရာမှာတော့ အဲဒီ ရေယာဉ်ဟာ တန်ချိန် ၁၀၀၀၀ လောက်ရှိတဲ့ ခရူဆာ စစ်သင်္ဘော တစ်စီး ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။

တောင်ကိုရီးယား အခြေစိုက် ကိုရီးယား ကာကွယ်ရေးနဲ့ လုံခြုံရေး ဖိုရမ် သုတေသန ဌာနကတော့ အဲဒီ သင်္ဘောဟာ ခရုစ်ဒုံးကျည် အများအပြားကို တင်ဆောင်ပြီး ရေပြင်နဲ့ ကုန်းမြေ ပစ်မှတ်တွေကို တာဝေးတိုက်ခိုက်နိုင်စွမ်း ရှိလိမ့်မယ်လို့ သုံးသပ်ထားပါတယ်။

နမ်ဖိုဟာ မြောက်ကိုရီးယားရဲ့ အဓိက ရေတပ် သင်္ဘောကျင်း တည်ရှိရာ နေရာဖြစ်ပြီး အရင်ကလည်း ဖျက်သင်္ဘော တစ်စီးကို အဲဒီမှာ တည်ဆောက်ခဲ့ကြောင်း ဂြိုဟ်တု မှတ်တမ်း ဓာတ်ပုံတွေအရ အတည်ပြုနိုင်ခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

Facebook