သတင်း ရွှေကူမှာ စစ်တပ်က အရပ်သားတွေကို သတ်ဖြတ်နေ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက သတ်ဖြတ်သွားတဲ့ ဒေသခံတွေရဲ့ ရုပ်အလောင်း ၈ လောင်းထက်မနည်း တွေ့ရှိပြီး လေကြောင်းပစ်ကူနဲ့ ဆက်စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ludunwayooဇွန် 17, 2026
သတင်း ထန်တလန်မှာ စစ်တပ် အင်အားဖြည့်ထားလို့ တိုက်ပွဲကြီးတွေ ဖြစ်လာနိုင်တယ်လို့ CNA သတိပေး ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။ ludunwayooဇွန် 17, 2026
သတင်း ကညွှတ်ကွင်းမှာအမွှာမောင်နှမအပါအဝင်ကလေးငယ်သုံးဦးရေနစ်သေဆုံး ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကညွှတ်ကွင်းမြို့မှာ မနေ့က( ဇွန်လ ၁၅ ရက်) အသက် ၁၂ နှစ်အရွယ် အမွှာမောင်နှမအပါအဝင် ကလေးငယ်သုံးဦး ရေနစ်သေဆုံးခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီက သိရပါတယ်။ ludunwayooဇွန် 17, 2026
သတင်း ရွှေကူ – ငါးအိုးကြားတိုက်ပွဲ စစ်တပ် အထိနာ၊ သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေရ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ludunwayooဇွန် 16, 2026
သတင်း ပျော်ဘွယ်မှာ အုပ်ကြီးရွေးပွဲ ပြည်သူတွေမလာလို့ ပွဲပျက် မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ရှမ်းပွဲရပ်ကွက်မှာ စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ပြုလုပ်ရာ ပြည်သူတွေမလာလို့ ပွဲပျက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။ ludunwayooဇွန် 16, 2026