Connect with us

Hi, what are you looking for?

သတင်း

ဖလူးဒေသတိုက်ပွဲ ရှေ့ဆုံးကတိုးတဲ့ စစ်တပ်စစ်ကြောင်း ၂ခု အထိနာ

စစ်တပ်စစ်​ကြောင်းက အလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေ

( လက်နက်နဲ့အတူအလင်းဝင်လာတဲ့ စစ်သား​တွေကို ​တော်လှန်​ရေးတပ်မှ တာဝန်ရှိသူ​တွေကလက်ခံစဥ်။ ဓာတ်ပုံ - ကိုနေတိုး/FB)

သြဂုတ်-၁၊၂၀၂၆။ကိုဒီး/People’s Spring

ကရင်ပြည်နယ်၊ ဖလူးဒေသမှာ ရှေ့ဆုံးက စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ စစ်ကြောင်း ၂ ခုဟာ အထိနာပြီး အကြိမ်ကြိမ် လန်ကျနေတယ်လို့ လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

မြဝတီမြို့တောင်ဘက်က ဖလူးဒေသမှာ အာဏာသိမ်းစစ်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က အထိနာနေတယ်လို့ စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

ဖလူးဒေသကို စစ်တပ်ကအမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၃)နဲ့ တပ်မ(၂၂) ထုတ်သုံးလာပြီး ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။ဖလူးဒေသမှာရှေ့ဆုံးက စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်း ၂ခုဟာ လက်တလောမှာ ထိခိုက်မှုများနေပြီး အကြိမ်ကြိမ် လန်ကျနေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“တခွကြိုးတောင်ကုန်းနားမှာဝေ့လည်နေတယ်။တော်တော်လေးအထိနာ နေတယ် ကြားတယ်”လို့ ၎င်းက ပြောပါတယ်။

ဒါ့အပြင် စစ်တပ်စစ်ကြောင်းကစစ်သားတွေဟာ အခုရက်ပိုင်း ဆက်တိုက်ဆိုသလို တော်လှန်ရေးတပ်တွေထံ အလင်းဝင်လာနေပါတယ်။

စကခ(၁၃) လက်အောက်ခံ ခမရ(၅၅၇)တပ်ရင်းက တပ်သားတစ်ဦးဟာ တပ်ရင်းမှူးရဲ့ လက်နက်ယူလာပြီး အလင်းဝင်လာတယ်လို့ KNLAတပ်ရင်း(၂၇)ကတာဝန်ရှိသူကဩဂုတ် ၁ရက်နေ့မှာ အသိပေးထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ခမရ(၅၅၇)တပ်ရင်းက တပ်သား ၂ဦးဟာ လက်နက် ၃လက်ယူဆောင်လာပြီး တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်လာခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း လေးကေ့ကော်မြို့သစ်အနောက်ဘက်နားက ရဲကုန်းနေရာမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၃) လက်အောက်ခံ ခမရ(၅၈၅)တပ်ရင်းက စစ်ကြောင်းမှူး ဗိုလ်မှူး အပါအဝင် သေဆုံးမှု များခဲ့တယ်လို့စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။ဒါအပြင် အဲဒီစစ်​ကြောင်းက စစ်သား ၆ဦးဟာ တော်လှန်ရေးတပ်ဖွဲ့တွေထံ ထွက်ပြေး အညံ့ခံခဲ့ပါတယ်။

စစ်တပ်က မြဝတီမြို့တောင်ဘက်ခြမ်းမှာရှိတဲ့ မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေး ကျေးရွာတွေကိုစစ်တပ်က ပြန်ထိန်းချုပ်နိူင်ဖို့ ၂၀၂၅ အောက်တိုဘာကတည်းက စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်ပေမယ့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦး​ဆောင်တဲ့ တော်လှန်ရေးပူး​ပေါင်းတပ်​တွေ ဖြတ်​တောက်တိုက်ခိုက်မှု​ကြောင့် ​ရှေ့မတိုးနိုင်ပဲဖြစ်​နေတာပါ။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ဗန်းမော်မြို့နယ်၊ကမ္ဘာနီကျေးရွာအနီးတိုက်ပွဲမှာ စစ်အင်္ဂါစဉ်ထဲက ဖယ်ထုတ်လို့ရနိုင်တဲ့အထိအမှတ်၂၃၆ ခြေလျင်တပ်ရင်း(ခလရ ၂၃၆)တပ်ရင်း တစ်ရင်းလုံးနီးပါးသေဆုံးပြီး စစ်​ကြောင်းပျက်ခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ကမမောင်းမြို့ကနေ ဖာပွန်ဒေသဆီစစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်ဆင်ရေးကာလလေးလကျော်လာတဲ့အထိဖာပွန်ဆီမရောက်နိုင်ဘဲအထိအခိုက်အကျအဆုံးများနေတယ်လို့ KNU တပ်မဟာ (၅) ၊ မူတြော်( ဖာပွန်) ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက အရပ်သား ၆ဦး ထက်မနည်းသတ်ဖြတ်ခဲ့ပြီး ပိုင်ရှင်မပေါ်သေးတဲ့ အလောင်းတချို့ပါ ရှိနေတယ်လို့ ဒေသခံမြေပြင်သတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

Facebook