သြဂုတ် ၁၊၂၀၂၆။သုည/People’s Spring
အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ မြန်မာ့ဒီမိုကရေစီအရေးဆောင်ရွက်သူတွေက စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို အသိအမှတ်ပြုဆက်ဆံတာမျိုးမလုပ်ဖို့ ထိုင်းအစိုးရကို တောင်းဆိုတဲ့ ဆန္ဒပြပွဲကို ဇူလိုင် ၃၁ ရက်က ပြုလုပ်ခဲ့ပါတယ်။
အမေရိကန်ရောက် မြန်မာပြည်သူတွေက “Declare Myanmar Military as a Terrorist Organization” ၊ “Save Myanmar” ၊ “Anti Dictatorship in Burma” စတဲ့ စာသားတွေ ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။
ဒါ့အပြင် ကမ္ဘာလုံးဆိုင်ရာ ပြည်ပရောက်မြန်မာအသိုက်အဝန်း The Global Myanmar Diaspora Community ရဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ်ဆီလိပ်မူထားတဲ့ အိတ်ဖွင့်ပေးစာကိုလည်း ထိုင်းသံရုံးဆီကို ပေးပို့ခဲ့ကြောင်း ဆန္ဒပြပွဲဦးဆောင်သူတစ်ဦးက ဆိုပါတယ်။

Public Service Announcement

















































