သတင်း မတူပီမြို့ကို စစ်ကောင်စီ ထပ်မံလေကြောင်းတိုက်ခိုက် ချင်းပြည်နယ်၊ မတူပီမြို့ကို အာဏာသိမ်းစစ်ကောင်စီတပ်က ဒီကနေ့ (အောက်တိုဘာ ၁၆ရက်)မှာ လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။ ludunwayooအောက်တိုဘာ 17, 2025
သတင်း လေးကေ့ကော်ဒေသမှာ စစ်တပ်နဲ့ပေါင်းပြီး စစ်ကြောင်းထိုးလာတဲ့ BGF (၈၈၈)ဗျူဟာ အထိနာ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်က ဖလူးကျေးရွာကို ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ (၈၈၈) ဗျူဟာက စစ်တပ်နဲ့ပေါင်းပြီး စစ်ကြောင်းထိုးလာရာ တော်လှန်ရေးတပ်တွေရဲ့တိုက်ခိုက်မှုကြောင့် အထိနာသွားတယ်လို့ လူထုနွေဦးရဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ludunwayooအောက်တိုဘာ 17, 2025
သတင်း ရှိမ်းမကားရဲစခန်းကနေ ထွက်လာတဲ့ စစ်ကြောင်းက ဒေသခံ ၁၀၀နီးပါးကို ဖမ်းဆီးထား စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားရဲစခန်းကနေ မြောက်ဘက်ကို စစ်တပ်စစ်ကြောင်းထိုးလာပြီး ဒေသခံ ၁၀၀နီးပါးကို ဖမ်းဆီးထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ludunwayooအောက်တိုဘာ 17, 2025
သတင်း သီပေါမြို့ ရုံးဌာနတွေ မီးလောင်နေ တိုက်ပွဲတွေပြင်းထန်နေတဲ့ သီပေါမြို့မှာ ထွေအုပ်ရုံးနဲ့ အကျဉ်းထောင်အပါအဝင် မြို့ပေါ်ကနေရာ ၅ခုမှာ မီးလောင်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ludunwayooအောက်တိုဘာ 17, 2025
သတင်း စစ်တပ်ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရပ်တန့်တာလို့ RCSS ထုတ်ပြန် စစ်တပ်က တိုင်းပြည်အာဏာထိန်းချုပ်လိုက်တာကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရပ်တန့်သွားစေခဲ့တာလို့ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)က ဒီကနေ့ (အောက်တိုဘာ ၁၆ရက်) ထုတ်ပြန်ကြေညာပါတယ်။ ludunwayooအောက်တိုဘာ 17, 2025