Connect with us

Hi, what are you looking for?

သတင်း

သီပေါမြို့ ရုံးဌာနတွေ မီးလောင်နေ

တိုက်ပွဲတွေပြင်းထန်‌နေတဲ့ သီပေါမြို့မှာ ထွေအုပ်ရုံးနဲ့ အကျဉ်းထောင်အပါအဝင် မြို့ပေါ်ကနေရာ ၅ခုမှာ မီးလောင်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

သီပေါမြို့မီးလောင်နေတာကို ဒီကနေ့ အောက်တိုဘာ ၁၆ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - CJ

အောက်တိုဘာ-၁၆၊၂၀၂၅။မိထက်/People’s Spring

တိုက်ပွဲတွေပြင်းထန်‌နေတဲ့ သီပေါမြို့မှာ ထွေအုပ်ရုံးနဲ့ အကျဉ်းထောင်အပါအဝင် မြို့ပေါ်ကနေရာ ၅ခုမှာ မီးလောင်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

အထွေထွေအုပ်ချုပ်ရေးမှူးရုံးစိုက်ပျိုးရေးရုံး၊ Hotel Thipaw၊ မြေစားရင်းရုံးနဲ့ အကျဉ်းထောင်နေရာတွေမှာ မီးလောင်နေတာလို့ ဒေသခံတစ်ဦးက ဒီနေ့(အောက်တိုဘာ၁၆ရက်) ညနေ ၄နာရီခန့်မှာ ပြောပါတယ်။

” မီးညွန့်တွေတက်နေတယ်။ မနက်ကစစ်ကြောင်းတွေဝင်လာတယ်။ မြို့ပေါ်မှာတိုက်ပွဲဖြစ်တယ်။ သေနတ်သံတွေလည်းကြားနေရတယ်။ အိမ်တွေကိုမီးကူးမှာ စိုးရတယ်”လို့ ၎င်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မီးလောင်ရတဲ့အကြောင်းရင်းနဲ့ အသေးစိတ်အခြေအနေကို မသိရသေးပါဘူး။

သီပေါထောင်က အကျဥ်းသားတွေကို ပြီးခဲ့တဲ့စက်တင်ဘာလကတည်းက တအာင်းတပ်မတော်(TNLA)က နေရာရွှေ့ပြောင်းထားတယ်လို့ သတင်းရင်းမြစ်အချို့က ပြောပေမယ့် အသေးစိတ်အတည်မပြုနိုင်ပါဘူး။

စစ်ကောင်စီက အောက်တိုဘာ ၁၅ရက် ညပိုင်းကစပြီး သီပေါမြို့ပေါ်ကို လေကြောင်းကနေ ဗုံးကြဲတာတွေ၊ဒရုန်းနဲ့ ဗုံးကြဲတာတွေ လုပ်နေတယ်လို့ သီပေါမြို့မှာလက်ရှိ ရှိနေတဲ့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့စက်တင်ဘာလကုန်က ကျောက်မဲမြို့ကိုဝင်ရောက်စဉ်ကလည်း မီးလောင်ဗုံးတွေနဲ့ကြဲလို့ ဌာနဆိုင်ရာအဆောက်အအုံတချို့ မီးလောင်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ အဲဒီတုန်းကတော့ မိုးရွာလို့ မီးလောင်တာရပ်တန့်သွားတယ်လို့ သိရပါတယ်။

သီပေါမြို့မှာ ဒီနေ့ မိုးအုံ့ပေမယ့် မိုးမရွာဘူးလို့ သိရပါတယ်။

“မိုးအကြီးကြီးရွာပေးပါ။ စိတ်အရမ်းပူလို့ပါ”လို့ မြို့ခံတစ်ဦးက လူမှုကွန်ရက်မှာရေးတင်ထားပါတယ်။

သီပေါမြို့က ဌာနဆိုင်ရာအဆောက်အအုံတွေ မီးလောင်နေခြင်းဟာ စစ်ကောင်စီက မီးလောင်ဗုံးတွေကြဲတာကြောင့် ဖြစ်နိုင်တယ်လို့ ဒေသခံအချို့ကပြောသလို TNLAက မီးရှို့တာလို့ စစ်ကောင်စီဝါဒဖြန့်ချိ‌ရေးသမားတွေက လူမှုကွန်ရက်မှာ တပြိုင်နက် ဖော်ပြနေကြပါတယ်။

လက်ရှိနောက်ဆုံးအခြေအနေနဲ့ပတ်သက်လို့ TNLAက သတင်းထုတ်ပြန်ထားခြင်းမရှိသေးပါ။

စစ်ကောင်စီဟာ မန္တလေး-မူဆယ်ပြည်ထောင်စုလမ်းမကြီးအတိုင်းရှိနေတဲ့ နောင်ချိုနဲ့ကျောက်မဲမြို့ကို သိမ်းယူပြီးတဲ့နောက်ပိုင်း သီပေါမြို့ကိုဦးတည်ပြီး စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မိုးပျံရထားလမ်း တစ်နေရာမှာ မီးလောင်မှု ဖြစ်ပွားရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ MRT ရထားခရီးစဉ် တချို့ကို ဆိုင်းငံ့ခဲ့ရပါတယ်။

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်က Bar4U ဆိုင်မီးလောင်ခဲ့ပြီး အမျိုးသား ၂ ဦး​သေဆုံးတယ်လို့ သွားရောက်ကူညီတဲ့ လူမှုကူညီရေးအဖွဲ့ဝင်​တွေကပြောပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ အပြင်းအထန် မီးလောင်ခဲ့တဲ့ ကူးတို့ရေယာဉ်ပေါ်ကို နာရီပေါင်း ၄၀ လောက် ကြာပြီးမှသာ ကယ်ဆယ်ရေး အဖွဲ့တွေ တက်ရောက်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။