Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အရှေ့အလယ်ပိုင်းကနေ ထွက်ခွာဖို့ နိုင်ငံသားတွေကို အမေရိကန် နှိုးဆော်ထား

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။

ဓာတ်ပုံ - Getty

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ အီရန်အပေါ် ပိုမိုပြင်းထန်တဲ့ တိုက်ခိုက်မှုအသစ်တွေ လုပ်ဆောင်ဖို့ စီစဉ်နေကြောင်း သတင်းတွေ ပျံ့နှံ့နေချိန်မှာ အခုတိုက်တွန်းမှု ထွက်ပေါ်လာတာပါ။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာတော့ အရှေ့အလယ်ပိုင်း ဒေသ အပြင်ဖက်မှာရှိတဲ့ အမေရိကန် သံတမန်ရေး အဆောက်အအုံတွေလည်းပဲ ပစ်မှတ်ထားတာ ခံလာရနိုင်တယ်လို့ သတိပေးထားပါတယ်။ အီရန်နဲ့ လက်ဝေခံ အင်အားစုတွေဟာ နိုင်ငံရပ်ခြားက အမေရိကန် အကျိုးစီးပွားတွေ၊ ပြီးတော့ တစ်ကမ္ဘာလုံးမှာ ရှိနေတဲ့ အမေရိကန်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ နေရာတွေကို တိုက်ခိုက်လာနိုင်တယ်လို့လည်း သတိပေးချက်ထဲမှာ ပါရှိခဲ့ပါတယ်။

အရှေ့အလယ်ပိုင်း ဒေသမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေ အနေနဲ့ အခြေအနေတိုင်းကို နိုးနိုးကြားကြား သတိရှိနေဖို့လည်း နိုင်ငံခြားရေး ဝန်ကြီးဌာနက တိုက်တွန်းထားပြီး လိုအပ်လာရင် ဒေသတွင်းက ထွက်ခွာဖို့၊ တစ်ချိန်တည်းမှာပဲ မမျှော်လင့်ဘဲ လေယာဉ် ခရီးစဉ်တွေ ဖျက်သိမ်းခံရတာ၊ လေပိုင်နက် အသုံးပြုခွင့် ပိတ်ပင်ခံရတာ၊ ခရီးသွားလာမှုတွေ အနှောင့်အယှက် ကြုံနိုင်ခြေတွေကို ကြိုတင် တွေးတော ပြင်ဆင်ထားဖို့လည်း သတိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

အရှေ့အလယ်ပိုင်း ဒေသတွင်းက အမေရိကန် နိုင်ငံသားတွေ အနေနဲ့ ထွက်ခွာသင့်ပြီ ဖြစ်ကြောင်း၊ ဒါမှမဟုတ် အခြေအနေတွေ ပိုမိုတင်းမာလာရင် ထွက်ခွာဖို့ ပြင်ဆင်သင့်ကြောင်း၊ ဒေသရဲ့ ပြင်ပမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေ အနေနဲ့လည်း အရှေ့အလယ်ပိုင်းဆီ သွားရောက်ဖို့၊ ဒါမှမဟုတ် ဖြတ်သန်းသွားဖို့ ဆိုတာတွေကို အလေးအနက် ပြန်စဉ်းစားသင့်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ ဘာရိန်း၊ အီရတ်၊ အစ္စရေး၊ ဂျော်ဒန်၊ ကူဝိတ်၊ လက်ဘနွန်၊ အိုမန်၊ ကာတာ၊ ဆော်ဒီအာရေးဘီးယားနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)တို့မှာ ရှိနေတဲ့ အမေရိကန် သံရုံးတွေကလည်း မျှော်လင့်မထားတဲ့ တင်းမာမှုတွေ မြင့်တက်လာနိုင်ခြေအပေါ် အမေရိကန် နိုင်ငံသားတွေဆီ သတိပေးထားပါတယ်။

အမေရိကန် စစ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ပြည်တွင်း မီဒီယာတွေက ထရမ့်ဟာ အစောဆုံးအဖြစ် အခုသီတင်းပတ် အကုန်မှာတင် အီရန်ကို နောက်ထပ် တိုက်ခိုက်မှုတွေ စတင်လုပ်ဆောင်ဖို့ ညွှန်ကြားဖွယ် ရှိနေကြောင်း ဖော်ပြထားကြပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အာကာသထဲမှာ လက်နက် တပ်ဆင်ထားကြောင်း အမေရိကန် စစ်တပ်က ပထမဆုံးအကြိမ် အတည်ပြုခဲ့ပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၉ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အမေရိကန် သံရုံးနားမှာ ပြည်သူတချို့ စုဝေးပြီး အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အီရန်စစ်ပွဲ ဆိုတာက အမေရိကန်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်တဲ့ ကိစ္စဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဓားခုတ်ရာ လက်လျှိုသလို...