သတင်း
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွာစဉ်ကျေးရွာကို စစ်တပ်က လေကြောင်း၊ အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးနှစ်ဦးအပါအရပ်သား ပြည်သူ ၄ ဦး သေဆုံးပြီး နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။