Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမှာ ရေကြီးမှုကြောင့် စိုက်ဧက ၈၀၀ ကျော် ပျက်စီးနိုင်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ရေကြီးမှုကြောင့် စိုက်ပျိုးဧကပေါင်း ၈၀၀ ကျော် ပျက်စီးနိုင်ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

(ခင်ဦးမြို့နယ်အတွင်းက ရေကြီးခဲ့တဲ့ကျေးရွာတစ်ရွာကို တွေ့ရစဥ်။ ဓါတ်ပုံံ-ခဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

သြဂုတ် ၁၂၊ ၂၀၂၆။ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ရေကြီးမှုကြောင့် စိုက်ပျိုးဧကပေါင်း ၈၀၀ ကျော် ပျက်စီးနိုင်ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

ခင်ဦးမြို့နယ်မှာ ရေကြီးတဲ့ရွာ ၂၂ ရွာရှိပြီး ရေဝင်စိုက်ပျိုးဧက ပျက်စီးမှုဟာ ၁ရွာမှာ အနည်းဆုံး ၄၀ဧကနဲ့ စုစုပေါင်း ဧက ၈၀၀ ကျော် ပျက်စီးနိုင်ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

မြေပြင်မှာ ယခုစာရင်းထက်ပိုများနိုင်ပြီး အတိအကျ ထပ်မံအသိပေးမယ်လို့ အထက်ပါအဖွဲ့က ပြောပါတယ်။ “လယ်ယာစပါး သီးနှံအစုံ ပျက်စီးတာပါ”လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ခင်ဦးမြို့နယ်ဟာ ရေဘေးသင့်ပြည်သူ ၃၃၉၄၀ ဦးရှိပြီး စစ်ကိုင်းတိုင်းမှာ ဒုတိယအများဆုံးဖြစ်ကြောင်း၊ ပြည်သူ ၁ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရပြီး အိမ်မွေးတိရစ္ဆာန်တွေက နွားတွေနဲ့ ဝက်၊ကြက်၊ဘဲတွေအပါအဝင် အကောင် ၁၀၀ကျော် ဆုံးရှူံးခဲ့ကြောင်း အထက်ပါအဖွဲ့က အသိပေးပါတယ်။

ဒီကနေ့မှာ ခင်ဦးနယ်အနောက်ခြမ်းရေဝင်ဒေသအားလုံး ရေမျက်နှာပြင် သိသ်သာသာ ကျနေပြီ ဖြစ်ပေမယ့် စားသောက်နေထိုင်ဖို့ အခက်အခဲတွေ ရှိနေတာကြောင့် ကူညီထောက်ပံ့​မှုတွေလည်း လိုအပ်နေဆဲဖြစ်ကြောင်း သိရပါတယ်။

ရွှေဘိုခရိုင်က အခြား ရေကြီးဒေသတွေရဲ့ ပျက်စီးဆုံးရှုံးတဲ့ စိုက်ပျိုးဧကအရေအတွက်ကိုတော့ ကောက်ယူနေဆဲ ဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

​ရေ​ဘေးဒဏ် အဆိုးဆုံးရင်ဆိုင်​နေရတဲ့ စစ်ကိုင်းတိုင်းမှာ ရေ​ဘေး​ကြောင့် သေဆုံးသူ ၂၃ ဦးထိရှိလာပြီး ၂ ဦး​ပျောက်ဆုံး​နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူမှုရေးရာ၊အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သြဂုတ် ၁၁ရက် ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

သဖန်းဆိပ်ဆည်က ​ရေလွှတ်တာ၊ မိုးသည်းထန်စွာရွာသွန်းတာ​တွေ​ကြောင့် သဖန်းဆိပ်ဆည်​အောက်ဘက် မူးမြစ်ကမ်းတ​လျှောက်မြို့နယ်​တွေမှာ ​သြဂုတ် ၆ ရက်ကစပြီး ရေ​ဘေးရင်ဆိုင်​နေရတာဖြစ်ပါတယ်။ ​

ရေ​ဘေး​ကြောင့် ​သေဆုံးသူအ​ရေအတွက်ဆက်တိုက်တိုး​နေရာ NUGရဲ့ သြဂုတ် ၁၁ ရက် စာရင်း​တွေအရ ​ကျွန်းလှမြို့နယ်မှာ ၈ ဦး၊ ဒီပဲယင်းမြို့နယ်မှာ ၇ ဦး၊ ကောလင်းမြို့နယ်မှာ ၃ ဦး​သေဆုံး၊ ၂ ဦး​ပျောက်ဆုံး၊ တန့်ဆည်မြို့နယ်မှာ ၂ ဦး၊ ရွှေဘိုမြို့နယ်မှာ မှာ ၁ ဦး၊ ကန့်ဘလူမြို့နယ်မှာ ၁ ဦး၊ ခင်ဦးမြို့နယ်မှာ ၁ ဦး ​သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ တန့်ဆည်မြို့နယ်မှာပဲ အမျိုးသမီးတစ်ဦးအပါအဝင်​ရေ​ဘေး​ကြောင့် ပြည်သူ ၄ဦးသေဆုံးခဲ့တယ်လို့ တန့်ဆည်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က သြဂုတ် ၁၁ ရက်မှာ ပြောပါတယ်။

အလားတူ ကောလင်းမြို့နယ်မှာ CDM ကျောင်းဆရာတစ်ဦးအပါအဝင် ရေဘေးကြောင့် သေဆုံးသူ ၆ဦးရှိပြီး ပျောက်ဆုံးနေသူ ၂ ဦးရှိတယ်လို့ ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက​ ပြောပါတယ်။

ဒါ​ကြောင့် ​သေဆုံးသူ အ​ရေအတွက်တိုးလာဖို့ ရှိ​နေပါတယ်။

စစ်ကိုင်းတိုင်းမှာ မြို့နယ် ၁၃ မြို့နယ်မှာ ရေ​ကြီး​ရေလျှံ​နေပြီး ​ရေသင့်ပြည်သူ ၂၂၆,၀၀၀ ကျော်ရှိ​နေပါတယ်။ ဒါ့အပြင် ကလေးနဲ့ မြောင်မြို့နယ်ရှိ ရွာအချို့မှာ ရေဝင်ရောက်နေတဲ့အတွက် အခြေအနေကို ဆက်လက်စောင့်ကြည့်ပြီး လိုအပ်သလို အရေးပေါ် တုံ့ပြန်မှုလုပ်ငန်း​တွေကို ဆောင်ရွက်​နေတယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။

ဆောင်းပါး

နိပေါ ရေဘေးကနေ တိဘက်ရဲ့ မဟာဆည်၊ အိန္ဒိယရဲ့ တန်ပြန်စီမံကိန်းနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ရေအနာဂတ်

နိုင်ငံတကာ

တိဘက်-နီပေါနယ်စပ် တောင်ပေါ်ရေကြီးမှုတွေအပြီး ရွှံ့တွေအောက်မှာ ၁၀ ရက်နီးပါးလောက် ပိတ်မိနေခဲ့တဲ့ ရေအားလျှပ်စစ်စက်ရုံ ဝန်ထမ်းနှစ်ဦးကို နီပေါ ကယ်ဆယ်ရေး အဖွဲ့တွေက အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်ခဲ့ပါတယ်။