Connect with us

Hi, what are you looking for?

ဆောင်းပါး

EU ရဲ့ အသက်ကယ်ပံ့ပိုးမှု…မြန်မာကလေးတွေဆီ အမှန်တကယ် ရောက်ရှိနိုင်ဖို့ မျှော်လင့်ချက်

စစ်အာဏာသိမ်းမှုနောက်ပိုင်း ပဋိပက္ခတွေနဲ့ အကျပ်အတည်းတွေကြားမှာ မြန်မာနိုင်ငံက ကလေးငယ်တွေဟာ မရေရာမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဘဝကို ဖြတ်သန်းရင်း နေ့စဉ် အသက်အန္တရာယ်တွေနဲ့ နီးကပ်စွာ ရှင်သန်နေကြရပါတယ်။ ဒီလို စိုးရိမ်ဖွယ်အခြေအနေတွေကြားမှာ ရှင်သန်နေကြရတဲ့ ကလေးတွေရဲ့ အသက်ကို ကာကွယ်ပေးဖို့ နိုင်ငံတကာက အကူအညီဆိုတာ တကယ်အားကိုးစရာ မျှော်လင့်ချက်တစ်ခုပါ။

ဓါတ်ပုံ-Min Zayar Oo/Unicef

– ဥဂ္ဂါ ရေးသားသည်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း ပဋိပက္ခတွေနဲ့ အကျပ်အတည်းတွေကြားမှာ မြန်မာနိုင်ငံက ကလေးငယ်တွေဟာ မရေရာမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဘဝကို ဖြတ်သန်းရင်း နေ့စဉ် အသက်အန္တရာယ်တွေနဲ့ နီးကပ်စွာ ရှင်သန်နေကြရပါတယ်။ ဒီလို စိုးရိမ်ဖွယ်အခြေအနေတွေကြားမှာ ရှင်သန်နေကြရတဲ့ ကလေးတွေရဲ့ အသက်ကို ကာကွယ်ပေးဖို့ နိုင်ငံတကာက အကူအညီဆိုတာ တကယ်အားကိုးစရာ မျှော်လင့်ချက်တစ်ခုပါ။

ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF)ကဥရောပသမဂ္ဂ (EU) ရဲ့ ရန်ပုံငွေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေဆဲ အကျပ်အတည်းတွေကြောင့် ထိခိုက်နစ်နာနေတဲ့ ကလေးငယ်တွေနဲ့ မိသားစုတွေအတွက် အသက်ကယ်ကာကွယ်ရေး စီမံကိန်းတစ်ခုကို စတင်အကောင်အထည်ဖော်နေပြီလို့ ယမန်နေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

UNICEF ကတော့ လက်ရှိ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေ၊ နေရပ်စွန့်ခွာထွက်ပြေးရမှုတွေ၊ ဆင်းရဲမွဲတေမှု ပိုမိုနက်ရှိုင်းလာတာတွေကြောင့် အထူးသဖြင့် ကလေးငယ်တွေ အပါအဝင် အထိခိုက်လွယ်ဆုံးသူတွေအတွက် အန္တရာယ်တွေ ပိုမိုမြင့်တက်လာနေတဲ့ အချိန်ဖြစ်တာကြောင့် EU ရဲ့ အခုလို ပံ့ပိုးမှုဟာ အလွန်အရေးတကြီး လိုအပ်နေတဲ့အချိန်မှာ ရောက်ရှိလာတာဖြစ်တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာ မြန်မာနိုင်ငံက ကလေးငယ်အများအပြားဟာ သူတို့ရဲ့ လုံခြုံရေး၊ ကျန်းမာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြင်းထန်တဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေရပါတယ်။

အများစုက နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး မိသားစုတွေနဲ့ ကွဲကွာသွားတာ၊ အကြမ်းဖက်မှု၊အဲဒီထဲမှာအတင်းအဓမ္မစစ်သားစုဆောင်းခံရနိုင်တဲ့ အန္တရာယ်နဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာတွေကို ကြုံတွေ့နေရသလို မြေမြှုပ်မိုင်းတွေနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်း (UXO) တွေကြောင့် ထိခိုက်သေဆုံးရတဲ့ အန္တရာယ်တွေလည်း ပါဝင်နေပြီး အဲဒီလို ထိခိုက်ခံရသူ ငါးဦးမှာ တစ်ဦးကျော်က ကလေးငယ်တွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီကာလတလျှောက်မှာ သူတို့အတွက် လိုအပ်တဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ ကာကွယ်စောင့်ရှောက်ရေး ဝန်ဆောင်မှုတွေကို လက်လှမ်းမီဖို့လည်း ပိုခက်ခဲလာနေပါတယ်။ ဒီအခြေအနေတွေက နိုင်ငံတစ်ဝန်း ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဝန်ဆောင်မှုတွေကို အရေးပေါ် တိုးချဲ့ပေးဖို့လိုအပ်နေကြောင်းလည်း မီးမောင်းထိုးပြနေပါတယ်။

EU ရဲ့ ရန်ပုံငွေနဲ့ UNICEF နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဟာ လူသားချင်းစာနာထောက်ထားမှု အခြေခံမူတွေနဲ့ လိုအပ်ချက်အပေါ် အခြေခံပြီ ရောက်ရှိရန်ခက်ခဲတဲ့ နေရာတွေအထိ ကလေးငယ်တွေရဲ့ အသက်ကို ကာကွယ်ပေးမယ့် အရေးပေါ်ဝန်ဆောင်မှုတွေကို ပိုမိုတိုးချဲ့ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အန္တရာယ်ကျရောက်နိုင်တဲ့ ကလေးငယ်တွေကို အချိန်မီ ရှာဖွေဖော်ထုတ်ပြီး လိုအပ်တဲ့ အကူအညီနဲ့ ကာကွယ်စောင့်ရှောက်မှုတွေ ပေးအပ်သွားမှာဖြစ်သလို မိသားစုတွေဆီ အကူအညီတွေ ဆက်လက် ရောက်ရှိစေဖို့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ် UNICEF က ထုတ်ပြန်ထားပါတယ်။

UNICEF ကတော့ ဥရောပသမဂ္ဂ (EU) ဟာ မြန်မာနိုင်ငံမှာ ကာလရှည်လက်တွဲလာတဲ့ မိတ်ဖက် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး နိုင်ငံတစ်ဝန်း အကျပ်အတည်းတွေကြောင့် ထိခိုက်နစ်နာနေတဲ့ ကလေးငယ်တွေနဲ့ မိသားစုတွေအတွက် အသက်ကယ်အစီအစဉ်တွေကို အစဉ်တစိုက် ထောက်ပံ့ပေးလာခဲ့တယ်လို့ ဆိုပါတယ်။

“UNICEF မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် ယာဆုမာဆာ ကီမူရာက “မြန်မာနိုင်ငံတစ်ဝန်းမှာ ကလေးငယ်အများအပြားဟာ ကြောက်ရွံ့မှု၊ ဆုံးရှုံးမှုနဲ့ မသေချာမရေရာမှုတွေကြားမှာ နေထိုင်နေရပြီး ဘယ်ကလေးတစ်ယောက်မှ မကြုံသင့်တဲ့ အန္တရာယ်တွေကို ရင်ဆိုင်နေကြရပါတယ်။ ဥရောပသမဂ္ဂရဲ့ ဒီပံ့ပိုးကူညီမှုကြောင့် အထိခိုက်လွယ်ဆုံး ကလေးငယ်တွေဆီကို ကာကွယ်စောင့်ရှောက်မှု၊ စောင့်ရှောက်ရေးဝန်ဆောင်မှုတွေနဲ့ လုံခြုံမှုဆိုတဲ့ ခံစားချက်ကို အရောက်ပို့ဆောင်နိုင်မှာဖြစ်ပြီး သူတို့ရဲ့ ဘဝကို ပြန်လည်ထူထောင်နိုင်ဖို့ အထောက်အကူဖြစ်စေမှာပါ” လို့ ပြောကြားခဲ့ပါတယ်။”

UNICEF ဟာ မြန်မာနိုင်ငံမှာ ၁၉၅၀ ခုနှစ်ကတည်းက လုပ်ငန်းတွေ ဆောင်ရွက်လာခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ကလေးသေဆုံးမှု လျှော့ချရေး၊ ပညာရေး လက်လှမ်းမီမှုနဲ့ အရည်အသွေးမြှင့်တင်ရေး၊ ကလေးငယ်တွေကို အကြမ်းဖက်မှု၊ အလွဲသုံးစားပြုမှုနဲ့ အမြတ်ထုတ်ခံရမှုတွေကနေ ကာကွယ်စောင့်ရှောက်ရေးတို့ကို အဓိက ဦးစားပေး လုပ်ဆောင်နေပါတယ်။

သို့သော် လက်ရှိအခြေအနေမှာတော့ အကူအညီတွေ ရောက်ရှိဖို့ စိန်ခေါ်မှုတွေက ယခင်ကထက် ပိုမိုကြီးမားလာနေပါတယ်။ EU ရဲ့ ထောက်ပံ့မှုနဲ့ UNICEF ရဲ့ ကြိုးပမ်းမှုတွေ အမှန်တကယ် အောင်မြင်ဖို့ဆိုရင် ဒီအကူအညီတွေကို အလိုအပ်ဆုံး ကလေးငယ်တွေဆီ အချိန်မီ၊ မျှမျှတတနဲ့ ထိရောက်စွာ ရောက်ရှိစေနိုင်မယ့် လမ်းကြောင်းတွေကို ရွေးချယ်နိုင်ဖို့က အင်မတန် အရေးကြီးပါတယ်။ ထိရောက်တဲ့ လမ်းကြောင်းတွေကို ရွေးချယ်နိုင်ကြမလား၊ မြန်မာကလေးငယ်တွေ အတွက် အမှန်တကယ် ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာတော့ ဆက်လက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ကိုးကား – UNICEF

ဆက်စပ်သတင်းများ

ဆောင်းပါး

နိုင်ငံတစ်နိုင်ငံ ပျက်စီးယိုယွင်းသွားတဲ့အခါ အဲဒီနိုင်ငံသားတွေရဲ့ အနာဂတ်နဲ့ အိမ်မက်တွေဟာလည်း နိုင်ငံနဲ့အတူ ပြာကျသွားရပါတယ်။ မိမိချစ်ခင်မြတ်နိုး သံယောဇဉ် ကြီးလှတဲ့ ကိုယ့်အသိုက်အမြုံကို စွန့်ခွာပြီး၊ အသက်ရှင်သန်ခွင့်ရရုံ သက်သက်အတွက် အခြားနိုင်ငံဆီ ထွက်ခွာသွားကြတဲ့ ဖြစ်တည်မှုကို 'Survival Migration' (အသက်ရှင်ရေးရွှေ့ပြောင်းခြင်း) လို့ ခေါ်ပါတယ်။

နိုင်ငံတကာ

ဥရောပတိုက်မှာ အပူလှိုင်းဖြတ်တဲ့ဒဏ်ကြောင့် တရုတ်နိုင်ငံဆီက လေအေးပေးစက် (အဲကွန်း)တွေကို မကြုံစဖူး အမြောက်အမြား မှာယူ တင်သွင်းနေရပါတယ်။ ဥရောပ သမဂ္ဂ (EU)ဟာ တရုတ်နဲ့ ကုန်သွယ်မှုမှာ ပို့ကုန်ထက် သွင်းကုန်တန်ဖိုးက အရမ်းများနေတာကို လျှော့ချဖို့ ကြိုးစားနေချိန်မှာပဲ အခုလို အခြေအနေနဲ့ ကြုံလာရတာ ဖြစ်ပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းပြီးချိန် ကတည်းက စတင်လာတဲ့ ပဋိပက္ခတွေအတွင်း သေဆုံးသူ တစ် သိန်းကျော်လွန်သွားပြီလို့ မြန်မာ့အရေး စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့အစည်း တစ်ခုက ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုတွေအကြား ပဋိပက္ခတွေကို နိုင်ငံရေးနည်းနဲ့သာဖြေရှင်းဖို့ စစ်ရေးနည်းနဲ့ မဖြေရှင်းဖို့ ကျောင်းသားသမဂ္ဂ အင်အားစုတွေက ဒီကနေ့ ဇွန် ၂၇ရက်မှာ ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

Facebook