Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မှာဝမ်း​​ရောဂါ​ဖြစ်ပွားသူဆက်တိုက်တိုး​နေ၊ကာလဝမ်းရောဂါပိုး​တွေ့လူနာ​တွေရှိ

မြို့တွင်းမြို့နယ်ကလမ်း​​ဘေးအစားအ​​သောက်​ရောင်းတဲ့ဆိုင်​တွေကို ပိတ်ခိုင်း

(ရန်ကုန်​ဆေးရုံကြီး(ပုံ​ဟောင်းဖြစ်ပါတယ်) ဓါတ်ပုံ-CJ )

သြဂုတ်-၁၂၊၂၀၂၆။တာရာ၊​ရောင်နီ/People’s Spring

ရန်ကုန်ဆေးရုံကြီးမှာ သြဂုတ် ၁၂ ရက်အထိဝမ်းပျက်ဝမ်း​ရောဂါ​ကြောင့် ဆေးကုသမှုခံယူနေရသူ (၂၀၀) ဝန်းကျင်ရှိပြီး ကာလဝမ်းရောဂါပိုး​တွေ့ရှိသူ ​တွေလည်းရှိတယ် လို့ ကျန်းမာ​ရေးဝန်ထမ်း​တွေ နဲ့ လူမှု​ရေးအသင်းအဖွဲ့က တာဝန်ရှိသူအချို့က​ပြောပါတယ် ။

ဝမ်းရောဂါပိုးကို လသာမြို့နယ်မှာစတွေ့ရှိခဲ့တာဖြစ်ပြီး ပန်းပဲတန်း၊ လမ်းမတော်၊ ပုဇွန်တောင်၊လှိုင်သာယာ၊တောင်ဒဂုံ၊ဒဂုံ(ဆိပ်ကမ်း) ၊ဒလ၊ သင်္ဃန်းကျွန်းမြို့နယ် အပါအဝင် အခြားမြို့နယ်တွေမှာလည်းဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေတယ်လို့ ကျန်းမာ​​ရေးဝန်ထမ်းတဦးက​ပြောပါတယ်။

“အခုလက်ရှိdown town ကအဖြစ်များတယ်။ဆေးရုံကြီးမှာလည်း တခြားသူတွေကူးမှာစိုးလို့ ပြင်ပလူနာဌာစပိတ်ပြီ ။ဆေးရုံကြီးအပြင်စံပြဆေးရုံ၊ မြောက်ဥက္ကလာ၊ပုဂ္ဂလိကဆေးရုံတွေမှာလည်း ဝမ်းရောဂါလူနာတွေကိုကုပေးနေရတယ်” လို့ ကျန်းမာ​ရေးဝန်ထမ်းတဦးက​ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဝမ်း​ရောဂါ ဖြစ်ပွားတဲ့လူနာအ​ရေအတွက် များပြီး ကာလဝမ်း​ရောဂါဖြစ်သူ ပြင်းထန်လူနာ​တွေလည်းရှိတယ်လို့သူကဆက်​ပြောပါတယ် ။ဒါ​ပေမယ့်ဝမ်း​ရောဂါဖြစ်လို့ဆေးရုံတက်​ရောက်ကုသ​နေရသူ အ​ရေအတွက်ကို​မ​ပြောပါဘူး ။

ဝမ်း​ရောဂါဖြစ်ပွား​နေတဲ့ မြို့နယ်တခုမှ လူမှူကူညီရေးအသင်းတာဝန်ရှိသူတဦးက​တော့”နှစ်ရာကျော်လောက်ရှိတယ်လို့ သိရပါတယ်။ ကိုဗစ်တုန်းကလုပ်ခဲ့တဲ့ tent (အ​ရေး​ပေါ်တဲ) အပြည့်နဲ့ ဆေးကုသဆောင်တွေမှာလည်း ထားတယ်လို့ သိရပါတယ်”လို့ သြဂုတ် ၁၂ ရက်ညမှာပြောပါတယ်။

ဝမ်း​ရောဂါဖြစ်ပွားသူ​တွေကို​ဆေးကုသဖို့ကူညီ​ပေး​နေတဲ့အခြားလူမှုကူညီ​ရေးအသင်းမှ တာဝန်ရှိသူတဦးကလည်း ကာလဝမ်းရောဂါပိုးတွေ့ရှိသူ ၉၀ ​ကျော်ရှိတယ်လို့အသိပေးထားပါတယ်။

ဝမ်းရောဂါစဖြစ်တဲ့လသာမြို့နယ် နဲ့ အခြားမြို့နယ်တွေကိုပိုးသတ်ဆေးတွေဖြန်းနေတယ်လို့သိရပါတယ် ။ဒါအပြင် ရန်ကုန်မြို့တွင်းမြို့နယ်​တွေက လမ်း​ဘေး အစားအ​သောက်​ရောင်းတဲ့သူ​တွေကို ​ဆေးစစ်ဖို့ စီစဥ်​နေတယ်လို့ ဆရာဝန်တဦးကဆိုပါတယ် ။

“လောလောဆယ်တော့ မိုးရာသီမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါလို့ သတ်မှတ်ထားတယ်။ဒါပေမယ့်ဓာတ်ခွဲခန်းကိုနမူနာပေးပို့ပြီး စစ်​တော့ ကာလဝမ်းရောဂါပိုး စတွေ့တယ်။ သူတို့ကိုသီးသန့်ခွဲထားပြီးကုသပေးနေတယ်။ စိုးရိမ်စရာအခြေအနေတော့မရှိသေးပါဘူး” လို့ ကျန်းမာရေးဝန်ထမ်းတဦးကပြောပါတယ်။

ဝမ်း​ရောဂါကူးစက်တာဟာ မြို့တွင်းမြို့နယ်အချို့ကလမ်း​ဘေး အစားအစာ​ရောင်းတဲ့ဆိုင်​တွေက အစားအ​သောက်နဲ့ အဲဒီအစားအ​သောက်​တွေကို အိမ်အ​​ရောက်ပို့မှာစားတာ​တွေကကူးစက်မှုများတာလို့ ကျန်းမာ​ရေးဝန်ထမ်းတဦးက​ပြောပါတယ် ။

ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားတဲ့ မြို့နယ်တွေက လမ်း​ဘေးမှာအစားအ​သောက်​ရောင်းတဲ့ဆိုင်တွေကို တစ်ပါတ်ခန့် ပိတ်ရမယ်လို့ စစ်တပ်လက်​အောက်ခံစည်ပင်ကညွှန်ကြားထားပါတယ်။

“တစ်ပါတ်ပိတ်ရမယ်လို့ပြောတယ်။ ပြန်ဖွင့်ရင်လည်း ဆိုင်ကိုသန့်သန့်ရှင်းရှင်းနဲ့ဖွင့်ရမယ်ပေါ့။ ကိုယ်တွေလည်းသန့်သန့်ရှင်းရှင်းရောင်း

ချတာပါ။ သူတို့ကရောဂါကိုအကြောင်းပြပြီး ဆိုင်တွေကိုရက်ရှည်ပိတ်ရဦးမယ်။ စျေးရောင်းမှစားရမှာ။ ဆိုင်ရက်ရှည်ပိတ်တော့ ကိုယ်တွေလည်းအဆင်မပြေဘူး” လို့ စျေးသည်တဦးကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

Facebook