Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယား-အမေရိကန် စစ်ရေးလေ့ကျင့်မှု မတိုင်ခင် မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်

ဒေသတွင်းမှာ ပြိုင်ဘက်နှစ်နိုင်ငံ ပူးပေါင်း စစ်ရေးလေ့ကျင့်မယ့် အစီအစဉ် မတိုင်ခင် မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် တစ်စင်းကို စမ်းသပ် ပစ်ခတ်ခဲ့ပါတယ်။

ဓာတ်ပုံ - KCNA

ဒေသတွင်းမှာ ပြိုင်ဘက်နှစ်နိုင်ငံ ပူးပေါင်း စစ်ရေးလေ့ကျင့်မယ့် အစီအစဉ် မတိုင်ခင် မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် တစ်စင်းကို စမ်းသပ် ပစ်ခတ်ခဲ့ပါတယ်။

ဩဂုတ် ၁၂ ရက်နေ့ မနက်ပိုင်းတုန်းက ကိုရီးယားကျွန်းဆွယ် အရှေ့ဖက်က ပင်လယ်ပြင်ဆီ မြောက်ကိုရီးယားက ဒုံးကျည် ပစ်လွှတ်ခဲ့တာပါ။ မြောက်ကိုရီးယားက ဒုံးကျည် ပစ်ခတ်ခဲ့တယ် ဆိုတာကို တောင်ကိုရီးယားနဲ့ ဂျပန် စစ်တပ်တွေက အသီးသီး အတည်ပြုခဲ့ကြပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ကြား စစ်ရေးလေ့ကျင့်မှု အစီအစဉ်တစ်ခု မစတင်ခင် ရက်ပိုင်းအလိုမှာ မြောက်ကိုရီးယားက အခုလိုမျိုး ဒုံးကျည် ပစ်ခတ်ပြခဲ့တာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ အဲဒီလို ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေအပေါ် ခါးခါးသီးသီး ဝေဖန်လေ့ရှိပြီး ကျူးကျော်စစ်အတွက် ပြင်ဆင်မှုလို့ စွပ်စွဲလေ့ ရှိပါတယ်။

တောင်ကိုရီးယားနဲ့ ဂျပန် စစ်ထောက်လှမ်းရေးတွေရဲ့ အဆိုအရ မြောက်ကိုရီးယား ဒုံးကျည်ဟာ ကီလိုမီတာ ၇၀၀ လောက် အကွာအဝေးထိ ပျံသန်း ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဩဂုတ်လ ၆ ရက်နေ့မှာတင် မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်ခဲ့ပြီး တစ်ပတ်မပြည့်ခင် နောက်ထပ် ဒုံးကျည် ပစ်ခတ်ခဲ့တာနဲ့ ပတ်သက်လို့ တောင်ကိုရီးယား အမျိုးသား လုံခြုံရေးရုံးကလည်း အရေးပေါ် အစည်းအဝေးတစ်ခု ခေါ်ယူခဲ့ပါတယ်။ ပြီးတော့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ရာ ရောက်နေတဲ့ ရန်စမှုတွေကို ရပ်တန်းက ရပ်ဖို့လည်း မြောက်ကိုရီးယားကို တောင်းဆိုခဲ့ပါတယ်။

တောင်ကိုရီးယား စစ်တပ်ကတော့ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ကာကွယ်ရေး အစီအမံတွေအပေါ် အကဲစမ်းလာနိုင်တဲ့ ရန်စမှု မှန်သမျှကို တုံ့ပြန်ဖို့ အသင့်ပြင်ဆင်ထားမယ်လို့ ပြောပါတယ်။ မြောက်ကိုရီးယား အစိုးရဆီကနေတော့ ဒုံးကျည်ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဘာကြေညာချက်မှ ထွက်ပေါ်မလာသေးပါဘူး။

အဲဒီဒုံးကျည်ဟာ ဂျပန် ရေပိုင်နက်ရဲ့ အပြင်ဖက်က ဂျပန်အထူးစီးပွားရေးဇုန် သတ်မှတ်ထားရာ ရေပြင်တစ်နေရာမှာ ကျဆင်းခဲ့ပါတယ်။ ဒုံးကျည်ဟာ ကီလိုမီတာ ၉၀ လောက်ထိ အမြင့်ဆုံး ပျံတက်ခဲ့တယ်လို့ ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားပါတယ်။

ပြီးတော့ အခုကိစ္စနဲ့ ပတ်သက်လို့ တရုတ်မှာရှိတဲ့ ဂျပန်သံရုံးကနေတဆင့် မြောက်ကိုရီးယားဖက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း အသိပေးခဲ့တယ်လို့ ဂျပန် ကာကွယ်ရေး ဝန်ကြီး ရှင်ဂျီရို ကိုအိဇုမိက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ ပြိုင်ဘက် တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ နှစ်စဉ် ပြုလုပ်လေ့ရှိတဲ့ ပူးပေါင်းစစ်ရေးလေ့ကျင့်မှု တစ်ခုကို ဩဂုတ် ၁၇ ရက်ကနေ ၂၇ ရက်နေ့ထိ စီစဉ်ထားပါတယ်။ အဲဒီ လေ့ကျင့်မှုတွေဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယား ခြိမ်းခြောက်မှုတွေကို တန်ပြန်ဖို့ ရည်ရွယ် ပြင်ဆင်မှုအဖြစ် မဟာမိတ် နှစ်နိုင်ငံက ပြောဆိုထားပေမယ့် မြောက်ကိုရီးယားကတော့ ကျူးကျော်စစ်အတွက် ပူးပေါင်းစီစဉ်နေတဲ့ လုပ်ရပ်အဖြစ် စွပ်စွဲလေ့ ရှိပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ကျူးလွန်ခဲ့တဲ့ ကိစ္စတွေ၊ ဖန်တီးခဲ့တဲ့ စစ်ပွဲတွေမှာ ထိခိုက်နာကျင်ခဲ့ရတဲ့၊ သေဆုံးခဲ့ရသူ တစ်ဦးချင်းစီအတွက် အီရန် အစိုးရက နစ်နာကြေး ပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ တောင်းဆိုမှုတွေကို အမေရိကန်က မလိုက်လျောဘဲနဲ့တော့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးမှာ မဟုတ်ဘူးလို့ အီရန်က သတိပေး ပြောကြားလိုက်ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့လယ်က ဘိုရှင်းဂတ်ပန်းခြံမှာ မြန်မာတွေစုပေါင်းပြီး ရှစ်လေးလုံးအရေးတော်ပုံ (၃၈) နှစ်မြောက်အဖြစ် ချီတက်ဆန္ဒပြပွဲကို ဒီကနေ့ (သြဂုတ် ၉) ပြုလုပ်ခဲ့ပါတယ်။

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။