Connect with us

Hi, what are you looking for?

သတင်း

သရက်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို PDF တိုက်ခိုက်

မကွေးတိုင်း၊ သရက်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို တိုက်တိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ်(၄)တပ်ရင်းက ဒီကနေ့ ဩဂုတ် ၁၂ရက်မှာ ထုတ်ပြန်ပါတယ်။

(ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ်(၄)တပ်ရင်းက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ − သရက်ခရိုင် အမှတ်(၄)တပ်ရင်း)

ဩဂုတ်−၁၂၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ သရက်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို တိုက်တိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ်(၄)တပ်ရင်းက ဒီကနေ့ ဩဂုတ် ၁၂ရက်မှာ ထုတ်ပြန်ပါတယ်။

သရက် – မင်းတုန်း လမ်းပိုင်းအတိုင်း နယ်မြေရှင်းဖို့အတွက် မင်းတုန်းမြို့က ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ဒီကနေ့(ဩဂုတ် ၁၂ ရက်)နေ့လယ် ၁ နာရီခန့်မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အင်အား (၃၅)ဦးခန့်ပါတဲ့ အဲဒီစစ်ကြောင်းကို သရက်မြို့နယ် ပုဇဥ်းဒါးကျေးရွာအနီးမှာ အသင့်စောင့်ကြိုလက်ဦးမှုရယူပြီး မိုင်းဆွဲတိုက်ခိုက်တာအပြင် အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

မိနစ် ၃၀ နီးပါးကြာတဲ့ တိုက်ပွဲအတွင်းမှာ စစ်တပ်က ၉ ဦး သေဆုံးပြီး သရက်ခရိုင်အမှတ်(၄) တပ်ရင်းက ရဲဘော်တွေ အထိအခိုက်မရှိပြန်ဆုတ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်တပ်ရဲ့ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်လို့ လူထုနွေဦးက သီးခြားအတည်ပြုမရသေးပါဘူး။

အခုဩဂုတ် ၁၀ ရက်ကလည်း သရက်-မင်းတုန်းလမ်းပိုင်းမှာ စစ်တပ်တိုက်ခိုက်ခံရပြီး သေဆုံးသူတွေနဲ့ လက်နက်နဲ့ခဲယမ်းတချို့ရရှိခဲ့ပါတယ်။

သရက်-မင်းတုန်းလမ်းပိုင်းဟာ စစ်တပ်အတွက် အရေးပါတဲ့ လမ်းပိုင်းဖြစ်ပြီး စစ်တပ်ရဲ့ အမှတ်(၁၂) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ−၁၂)နဲ့လည်းနီးတာကြောင့် စစ်တပ်က မကြာခဏ စစ်ကြောင်းထိုးတာနဲ့တပ်ဖြန့်တာတွေရှိတယ်လို့ သရက်ခရိုင် အမှတ်(၄)တပ်ရင်း တာ၀န်ရှိသူက ပြောပါတယ်။

ဒါ့အပြင် စစ်တပ်က သရက်-မင်းတုန်းလမ်းပိုင်း အသုံးပြုပြီး မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမကို စစ်ကြောင်းထိုးနေပေမယ့် ၂လကျော်ကြာတဲ့အထိ ရိုးမပေါ် မတက်နိုင်သေးဘဲ အနီးတဝိုက်ကျေးရွာတွေမှာပဲ တပ်ဖြန့်ထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဝဲမဒေသအနီးက စစ်တပ်စစ်ကြောင်းတွေ စက်တင်ဘာ ၂၃ရက်မှာ ပြန်ဆုတ်ခွာသွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို ရန်သူ့မကွဲသေးသော ပေါင် ၅၀၀ ဗုံးကို မိုင်းပြန်ဆင်ပြီး ဖောက်ခွဲတိုက်ခိုက်ရာ အများအပြား သေဆုံးထိခိုက်တယ်လို့ ပခုက္ကူခရိုင် အမှတ် - ၆ တပ်ရင်း - Myaing Villages Revolution Front က ထုတ်ပြန်ပါတယ်။

Facebook