ကမ္ဘာကျော် ဘောလုံးကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ သူ့ရဲ့ ကာလရှည် အတူနေချစ်သူ ဂျော်ဂျီယာနာ ရိုဒရီဂတ်ဇ်နဲ့ လက်ထပ်လိုက်ပြီ ဖြစ်ပါတယ်။
ပေါ်တူဂီ အသင်းခေါင်းဆောင်က သူ့ရဲ့ Instagram အကောင့်ပေါ်မှာ မင်္ဂလာလက်စွပ် ကိုယ်စီနဲ့ လက်နှစ်ဖက်ရဲ့ ပုံတွေကို တင်ထားခဲ့ပါတယ်။ အဲဒါဟာ သူနဲ့ သူ့ရဲ့ချစ်သူ မော်ဒယ်နဲ့ influencer ဂျော်ဂျီယာနာတို့ရဲ့ လက်တွေလို့ ယုံကြည်ရပါတယ်။
ပေါ်တူဂီ မီဒီယာတွေကတော့ ရော်နယ်လ်ဒိုတို့ စုံတွဲဟာ ဩဂုတ် ၁၁ ရက်နေ့တုန်းက လစ္စဘွန်း မြို့တော်နားက ကက်စ်ကာရစ်ဆိုတဲ့ ကမ်းခြေမြို့လေးမှာ လက်ထပ်ခဲ့ကြတာလို့ ဖော်ပြခဲ့ပါတယ်။ လက်ထပ်ပွဲကို သူတို့စုံတွဲရဲ့ ကလေး ၅ ယောက်လည်း တက်ရောက်ခဲ့ပါတယ်။
Instagramမှာ ရော်နယ်လ်ဒို တင်ထားခဲ့တဲ့ ဓာတ်ပုံဟာ မိနစ် ၃၀ အတွင်း likeပေါင်း ၃ သန်းကျော် ရရှိခဲ့ပါတယ်။

Public Service Announcement
လွန်ခဲ့တဲ့ ၁၀ နှစ်က စပိန်ကလပ် ရီးရဲလ်မက်ဒရစ်မှာ ရော်နယ်လ်ဒို ကစားနေခဲ့ချိန်၊ မက်ဒရစ်မြို့ရဲ့ Gucci စတိုးဆိုင် တစ်ခုမှာ သူတို့နှစ်ယောက် စတွေ့ခဲ့တာပါ။ အဲဒီတုန်းက ဂျော်ဂျီယာနာဟာ ဆိုင်ဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်။
သူတို့နှစ်ဦး စေ့စပ်လိုက်တဲ့ သတင်းကို မနှစ်က ဩဂုတ် ၁၁ ရက်မှာ ကြေညာခဲ့တာကြောင့် တစ်နှစ်တိတိ အကြာမှာ လက်ထပ်ခဲ့ကြတဲ့ သဘောပါပဲ။
စေ့စပ်ကြောင်းလမ်းမှု သတင်းကို ပရိသတ်တွေဆီ အသိပေးခဲ့ချိန်မှာ ဂျော်ဂျီယာနာက ကြီးမားတဲ့ လက်စွပ်တစ်ကွင်း ဝတ်ထားတဲ့ပုံကို လူမှုကွန်ရက်ပေါ် တင်ခဲ့ပြီး ဘဝတစ်ခုလုံးစာအတွက် လက်ခံလိုက်တယ်လို့ စပိန်ဘာသာနဲ့ ရေးသားထားခဲ့ပါတယ်။
ရော်နယ်လ်ဒိုဟာ မျိုးဆက်တစ်ခုအတွင်း အတောက်ပဆုံး ဂန္ထဝင် ဘောလုံးကြယ်ပွင့် တစ်ဦးအဖြစ် သတ်မှတ် ခံခဲ့ရပြီး စပို့တင်း လစ္စဘွန်း၊ မန်ချက်စတာ ယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်းတပ်စ်နဲ့ အယ်လ်နာဆာ အသင်းတွေမှာ ကစားခဲ့ပါတယ်။
သူဟာ မကြာသေးခင်က မြောက်အမေရိကတိုက်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာလည်း ပေါ်တူဂီ အသင်းကို ဦးဆောင်ပြီး ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။
ကိုးကား: BBC

















































