သတင်း ကချင်နဲ့ စစ်ကိုင်းမှာ စစ်ကောင်စီကို ILOရဲ့ပုဒ်မ(၃၃)အရ အရေးယူနိုင်ရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၁၉)မှာ စစ်ကောင်စီကို ILOရဲ့ ပုဒ်မ(၃၃)အရ အရေးယူနိုင်ရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။ ludunwayooမေ 20, 2025
သတင်း မော်ဖိုးခီ့ စခန်းကို နေ့တပိုင်းတိုက်ခိုက်ပြီး KNU သိမ်းယူ ကရင်ပြည်နယ် ၊ လှိုင်းဘွဲ့မြို့နယ် ၊ ပိုင်ကျုံမြို့က ထိုင်း - မြန်မာ နယ်စပ်အနီးမှာရှိတဲ့ မော်ဖိုးခီ့( မော်ဖိုးကေ) စခန်းကို ဒီနေ့ (မေလ ၁၉ ) မှာ နေ့ တပိုင်းခန့် တိုက်ခိုက်ပြီး KNU ကသိမ်းယူလိုက်ပြီလို့ ကရင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ ludunwayooမေ 20, 2025
သတင်း သံတောင်ကြီးရှိ စစ်ကောင်စီ၏ ဘုရင့်နောင်တပ်နယ်စခန်း ပစ်ခတ်တိုက်ခိုက်ခံရ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ရှိ စစ်ကောင်စီ၏ ဘုရင့်နောင်တပ်နယ်စခန်း(တိုက်ခိုက်ရေးသင်တန်းကျောင်း)ကို ၁၀၇ မမရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM)အဖွဲ့တာဝန်ရှိသူက ပြောသည်။ ludunwayooမေ 20, 2025
သတင်း ဝက်လူးရွာ ရဲစခန်း တိုက်ပွဲပြင်းထန်နေပြီး ဒေသခံ ၇,၀၀၀ ကျော်ထွက် ပြေးနေရ မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်နေပြီး အရပ်သား ပြည်သူ ၇,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်းတော်လှန်ရေးသတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။ ludunwayooမေ 20, 2025
သတင်း Adidas ဖိနပ်ချုပ်သော ချန်းရိစက်ရုံလုပ်သားများ ကျပ် ၉၀၀သာတိုးပေး၍ ဆက်လက် ဆန္ဒပြ ရန်ကုန်မြို့၊လှိုင်သာယာစက်မှုဇုန်တွင် Adidas ဖိနပ်များချုပ်နေသော ချန်းရိ(Tsang Yih)ဖိနပ်စက်ရုံလုပ်သားများကလုပ်အားခတိုးပေးရန် တောင်းဆိုမှုကို တစ်ရက်လျင်ကြက်ဥနှစ်လုံးစာ ၉၀၀ ကျပ်သာ လုပ်ခတိုးပေး၍ က ဆက်လက်ဆန္ဒထုတ်ဖော်နေသည်။ ludunwayooမေ 20, 2025