Connect with us

Hi, what are you looking for?

သတင်း

ကချင်နဲ့ စစ်ကိုင်းမှာ စစ်ကောင်စီကို ILOရဲ့ပုဒ်မ(၃၃)အရ အရေးယူနိုင်ရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၁၉)မှာ စစ်ကောင်စီကို ILOရဲ့ ပုဒ်မ(၃၃)အရ အရေးယူနိုင်ရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ -စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုကွန်ရက်-ဖားကန့်မြို့နယ်၊ အရာတော်သပိတ်၊ မြောင်လူထုသပိတ်

မေ ၁၉၊၂၀၂၅။ သုည/People’s Spring

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၁၉)မှာ စစ်ကောင်စီကို ILOရဲ့ ပုဒ်မ(၃၃)အရ အရေးယူနိုင်ရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဖားကန့်မှော်လှည့်သပိတ်က ဦးဆောင်ပြီး “Vote ILO Article 33 to Save Lives” စာတန်းကိုင်ဆောင်ကာ စစ်ကောင်စီတပ်ကို ILOရဲ့ပုဒ်မ(၃၃)အရ အရေးယူနိုင်ရေး နိုင်ငံတကာက ထောက်ခံမဲပေးကြဖို့ တောင်းဆိုဆန္ဒပြခဲ့ပါတယ်။

ILO ညီလာခံ ILCကို လာမယ့် ဇွန်လ (၂)ရက်မှ (၁၃)ရက်အထိ ဆွစ်ဇလန်နိုင်ငံ၊ ဂျနီဗာမြို့ရှိ ILO ရုံးချုပ်မှာ ကျင်းပမှာပဲ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်မှာလည်း ၅/အရတ အရာတော်လူထုသပိတ်က ဦးဆောင်ပြီး လေကြောင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ဖို့ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။

ဟောပြောပွဲမှာ လက်နက်ကြီး၊ လေကြောင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ဖို့ ဗုံးခိုကျင်းတူးနည်းတွေ၊ အရေးပေါ် နေထိုင်နည်းတွေကို သရုပ်ဖော် မျှဝေခဲ့ပြီး ဗုံခိုးကျင်းတူးနည်း၊လေကြောင်း/လက်နက်ကြီး အန္တရာယ်ကြိုတင်ကာကွယ်နည်း၊ padamotor(စက်တပ်လေထီး) နဲ့ ပတ်သက်တဲ့ သိမှတ်ဖွယ်ရာတွေ ပါဝင်တဲ့ လက်ကမ်းစာစောင်လည်း ဖြန့်ဝေပေးခဲ့ပါတယ်။

မြောင်မြို့နယ်မှာလည်း လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီနဲ့ ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီတို့ ပူးပေါင်းကာ ဝက်လက်မြို့နယ် အတွင်းက လူငယ်တွေကို ကျားမအခြေပြုအကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို မျှဝေဆွေးနွေးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

‎ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေး ကျင်းပပြီး အဖွဲ့ဝင်သစ်များအား အတည်ပြုလိုက်ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။