Connect with us

Hi, what are you looking for?

သတင်း

ဝက်လူးရွာ ရဲစခန်း တိုက်ပွဲပြင်းထန်နေပြီး ဒေသခံ ၇,၀၀၀ ကျော်ထွက် ပြေးနေရ

မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်နေပြီး အရပ်သား ပြည်သူ ၇,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်းတော်လှန်ရေးသတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

ဓာတ်ပုံ - Google Earth

မေ – ၁၉ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်နေပြီး အရပ်သား ပြည်သူ ၇,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်းတော်လှန်ရေးသတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

နွားထိုးကြီးမြို့နယ်ထဲ က ဝက်လူးကျေးရွာ ရဲစခန်း မှာ မေလ ၁၅ ရက်ကစတင်ပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဝက်လူးရွာအပါအဝင် အနီးတဝိုက်ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာပါ။

ဝက်လူး ၊ ပဲချက် ၊ ဂွေးပင်တော ၊ ထန်းခွ ၊ ထန်းစင်စတဲ့ ရွာတွေက ဒေသခံ ပြည်သူ ၇,၀၀၀ ကျော် ဘေးလွတ်ရာကိုထွက်ပြေးနေကြတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုအပြင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေကိုပါ ပြုလုပ်တာကြောင့် ရွာတွေမှာ ဆက်မနေရဲတော့ဘဲ ဘေးလွတ်ရာဆီ တိမ်းရှောင်ရတာလို့ ဒေသခံအချို့က ပြောပြပါတယ်။

မြင်းခြံခရိုင်ထဲက မြင်းခြံ ၊တောင်သာ နဲ့ နွားထိုးကြီးမြို့နယ်တွေအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို တော်လှန်ရေးအင်အားစုတွေက ၉/အညာမြေစစ်ဆင်ရေးအမည်နဲ့ မေလ ၁၅ ရက်ကစတင်တိုက်ခိုက်ခဲ့တာပါ။

မြန်မာနိုင်ငံအလယ်ပိုင်းမှာတည်ရှိပြီး ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှာ ဖိုခနောင့်သဖွယ် ရှိနေတဲ့ တောင်သာ ၊ နွားထိုးကြီးနဲ့ မြင်းခြံမြို့နယ်တို့ဟာ အာဏာသိမ်းစစ်ကောင်စီတပ်ကို လက်နက်စွဲကိုင်တော်လှန််မှု အားကောင်းရာဒေသဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ၊သြဂုတ်လ ၁၀ ရက်ကလည်း တောင်သာ ၊နွားထိုးကြီးနဲ့မြင်းခြံနယ်က စစ်ကောင်စီတပ်စွဲရာနေရာတွေကို တော်လှန်ရေးအင်အားစုတွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ရာမှာ မြို့မကျဖို့ စစ်ကောင်စီတပ်က လေကြောင်းကိုအလွန်အကျွံသုံးပြီး တိုက်ခိုက်ခဲ့တာရှိပါတယ်။

အခုတစ်ခေါက်မှာလည်း လေကြောင်းအားပြုပြီး စစ်ကောင်စီတပ်က တန်ပြန်တိုက်ခိုက်နေတယ််လို့ ဒေသတွင်းတော်လှန်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

မြင်းခြံခရိုင် ( တောင်သာ ၊နွားထိုးကြီး ၊မြင်းခြံ ) ထဲက တိုက်ပွဲတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီကတရားဝင်သတင်းမထုတ်ပြန်ပေမယ့် စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်တွေမှာတော့ နွားထိုးကြီးမြို့နယ် ၊ ဝက်လူးရွာ ရဲစခန်းတိုက်ပွဲမှာ အပေါ့စားထောက်ပို့လေယာဉ် (Y -12) နဲ့ ဗုံးကြဲပြီး လေကြောင်းပစ်ကူပေးနေတာကြောင့် စခန်းမကျသေးဘူးလို့ ရေးသားဖြန့်ဝေနေကြပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ ရဲစခန်းဟာ ဝက်လူးရွာ(အနောက်)မှာရှိတာဖြစ်ပြီး ၂၀၁၈ ခုနှစ် ၊ထွေအုပ်ရဲ့ စာရင်းတွေအရ ဝက်လူအနောက်တစ်ရွာတည်းမှာတင် လူဦးရေ ၁,၇၀၀ ကျော်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖားကန့်မှာဒီနေ့ မနက်အစောပိုင်းကစပြီးတိုက်ပွဲပြင်းထန်ဖြစ်နေသလို စစ်တပ်ကမြို့ထဲကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာတိုက်ပွဲအလွန်ပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအပြင်းအထန်ပစ်ကူပေးခုခံနေပါတယ်။

သတင်း

မန္တလေးတိုင်း ၊ နွားထိုးကြီးမြို့ အနောက်မြောက်ခြမ်းက ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသတွင်းတော်လှန်ရေးတပ်တွေကြား စစ်ရေး တင်းမာနေတယ်လို့သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က မိုးကုတ်လမ်းပိုင်းပေါ်မှာရှိတဲ့ လမ်းလယ်ကျစ်ကျေးရွာမှာ တိုက်ပွဲတွေပြင်းထန်ပြီးနောက် စစ်တပ်က ပြန်လည်ထိန်းချုပ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။