Connect with us

Hi, what are you looking for?

သတင်း

မော်ဖိုးခီ့ စခန်းကို နေ့တပိုင်းတိုက်ခိုက်ပြီး KNU သိမ်းယူ

ကရင်ပြည်နယ် ၊ လှိုင်းဘွဲ့မြို့နယ် ၊ ပိုင်ကျုံမြို့က ထိုင်း – မြန်မာ နယ်စပ်အနီးမှာရှိတဲ့ မော်ဖိုးခီ့( မော်ဖိုးကေ) စခန်းကို ဒီနေ့ (မေလ ၁၉ ) မှာ နေ့ တပိုင်းခန့် တိုက်ခိုက်ပြီး KNU ကသိမ်းယူလိုက်ပြီလို့ ကရင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

မေ – ၁၉ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ် ၊ လှိုင်းဘွဲ့မြို့နယ် ၊ ပိုင်ကျုံမြို့က ထိုင်း – မြန်မာ နယ်စပ်အနီးမှာရှိတဲ့ မော်ဖိုးခီ့( မော်ဖိုးကေ) စခန်းကို ဒီနေ့ (မေလ ၁၉ ) မှာ နေ့ တပိုင်းခန့် တိုက်ခိုက်ပြီး KNU ကသိမ်းယူလိုက်ပြီလို့ ကရင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

လှိုင်းဘွဲ့မြို့နယ် ၊ ကျော်ကေထရွာနဲ့ မော်ဖိုးကေရွာကြားမှာရှိတဲ့ အဲဒီစခန်းကို ဒီနေ့ နေ့ခင်းပိုင်း ၁ နာရီခန့်မှာ KNU တပ်မဟာ (၇) က ဒရုန်းတွေနဲ့စတင်တိုက်ခိုက်ပြီ ညပိုင်းမှာ သိမ်းယူလိုက်နိုင်ပြီလို့ သတင်းရင်းမြစ်က အသိပေးပါတယ်။

အသေးစိတ်အချက်အလက်တွေကိုတော့မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

လှိုင်းဘွဲ့မြို့နယ် ၊ ပိုင်ကျုံမြို့ ၊ ဒေါနတောင်တန်းအရှေ့ခြမ်း ထိုင်းနယ်စပ်တလျောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေထဲက ပူးလူတူ၊ ခလယ်ဒေး၊ တခေါဘီခီး၊ မော်ဖားသူးစခန်း ၊ တာလယ်ဗျူဟာ နဲ့ မယ်လစခန်းတို့ကို အခုနှစ်အတွင်း KNU တပ်မဟာ (၇) ကသိမ်းယူပြီးဖြစ်ပါတယ်။

အဲဒီဒေသမှာ လက်ကျန် စခန်းနှစ်ခုပဲ ကျန်ရှိရာမှာ မော်ဖိုးခီ့(မော်ဖိုးကေ)စခန်းကျပြီးနောက် မှာတော့ နော်တရာစခန်းပဲ ကျန်ပါတော့တယ်။

ဒီနေ့ ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် စစ်ရှောင် ဦးရေ ၁၀၀ကျော် ဟာ ထိုင်းနိုင်ငံ ၊ တာ့ခ်ခရိုင် ၊ ထာ့ဆောင်ယန်းမြို့နယ် ၊ မယ့်တန်ရွာဆီ လာရောက်ခိုလှုံနေကြတယ်လို့ နယ်စပ်ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ ကျန်ရှိတဲ့ တပ်စခန်းတွေ မကျဖို့ မြေပြင်ကနေ စစ်ကူစေလွှတ်နိုင်စွမ်းမရှိတော့ဘဲ လေကြောင်း ပစ်ကူကိုသာအားပြုနေခဲ့ရတယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်က ပြီးခဲ့တဲ့ရက်ပိုင်းတွေက ပြောပါတယ်။

ထိုင်း – မြန်မာနယ်စပ်မှာ နေရာယူ တပ်စွဲထားတဲ့ မဆုတ်တမ်း ခံစစ်စခန်းတွေ ၊ ခြေကုပ်စခန်းတွေ ဆက်တိုက် ဆုံးရှုံးနေတာနဲ့ပတ်သက်ပြီး စစ်ကောင်စီကတော့ သတင်းအမှောင်ချထားပါတယ်။

နယ်စပ်အနီးဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် ထိုင်းစစ်တပ်ကလည်း နယ်စပ်မျဉ်းတလျောက် တပ်ဖြန့်ပြီး မြန်မာဘက်ခြမ်းက အခြေအနေတွေကိုအနီးကပ်စောင့်ကြည့်နေတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Facebook