နိုင်ငံတကာ အထက်စည်းက ဆက်ဆံနေသ၍ အမေရိကန်နဲ့ မညှိနှိုင်းနိုင်ဘူးလို့ အီရန် သမ္မတပြော အထက်စည်းဆန်ဆန် ဆက်ဆံနေသ၍ အီရန်ဟာ အမေရိကန်နဲ့ ဘာညှိနှိုင်းမှုမှ လုပ်မှာ မဟုတ်ဘူးလို့ အီရန် သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်က ပြောကြားလိုက်ပါတယ်။ ludunwayooမတ် 12, 2025
သတင်း ပုသိမ်ကြီးမှာအမျိုးသမီးပါအဖွဲ့ကဓါးပြတိုက်သွား မန္တလေးတိုင်း၊ပုသိမ်ကြီးမြို့နယ်၊ရန်ကင်းသာရပ်ကွက်မှာ မတ်လ ၁၁ ရက်ညနေပိုင်းက အမျိုးသမီးပါတဲ့ဓားပြအဖွဲ့က အိမ်တအိမ်ကိုဝင်ရောက်ပြီး အိမ်ရှင်တွေကိုရိုက်နှက်ကာ ငွေကျပ် ၁၀သိန်း နဲ့ရွှေထည်ပစ္စည်းတွေ ဓါးပြတိုက်သွားတယ်လို့ မြို့ခံတချို့ကပြောပါတယ်။ ludunwayooမတ် 12, 2025
သတင်း စစ်ကောင်စီက ပွင့်ဖြူ နှင့် စလင်းဘက်သို့တင့်ကားအပါအဝင် စစ်အင်အားထပ်မံဖြည့်တင်း စစ်ကောင်စီက မကွေးတိုင်း၊ ပွင့်ဖြူ နှင့် စလင်း မြို့နယ် များသို့ တင့်ကား အပါအဝင် မြေပြင်စစ်အင်အားများဖြည့်တင်းနေကြောင်း မကွေးတိုင်းစစ်ဘက်သတင်းရင်းမြစ်အချို့က ပြောသည်။ ludunwayooမတ် 12, 2025
သတင်း ပေါက်မြို့နယ်မှာ စစ်တပ်က စက်တပ်လေထီးနဲ့ စာသင်ကျောင်း ဗုံးကြဲခဲ့လို့ ကျောင်းသားနှစ်ဦး ဒဏ်ရာရ၊ အမျိုးသမီးတစ်ဦး သေဆုံး မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်က စာသင်ကျောင်းကို စက်တပ် လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောင်းသား နှစ်ဦးဒဏ်ရာရပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။ ludunwayooမတ် 12, 2025
သတင်း ကချင်ပြည်နယ်တွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်က နည်းမျိုးစုံဖြင့် လူသစ်စုနေဟု KIA အသိပေး ကချင်ပြည်နယ်၊ မြစ်ကြီးနားနှင့် တနိုင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပြည်သူ့စစ်တို့က စစ်သားစုဆောင်းမှုကို နည်းမျိုးစုံဖြင့်ပြုလုပ်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက အသိပေးသည်။ ludunwayooမတ် 12, 2025