Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက ပွင့်ဖြူ နှင့် စလင်းဘက်သို့တင့်ကားအပါအဝင် စစ်အင်အားထပ်မံဖြည့်တင်း

စစ်ကောင်စီက မကွေးတိုင်း၊ ပွင့်ဖြူ နှင့် စလင်း မြို့နယ် များသို့ တင့်ကား အပါအဝင် မြေပြင်စစ်အင်အားများဖြည့်တင်းနေကြောင်း မကွေးတိုင်းစစ်ဘက်သတင်းရင်းမြစ်အချို့က ပြောသည်။

စစ်​ဘေး​ရှောင်ပြည်သူ​များ နှင့် စစ်တပ်ကရွာကိုမီးရှို့၍ မီးခို​ငွေ့များထွက်လာစဥ်။ ဓါတ်ပုံ-CJ

■​ဒေသခံ​သောင်းချီ စစ်​ဘေးတိမ်း​ရှောင်​နေရ

ရဲခေါင်/People’s Spring

စစ်ကောင်စီက မကွေးတိုင်း၊ ပွင့်ဖြူ နှင့် စလင်း မြို့နယ် များသို့ တင့်ကား အပါအဝင် မြေပြင်စစ်အင်အားများဖြည့်တင်းနေကြောင်း မကွေးတိုင်းစစ်ဘက်သတင်းရင်းမြစ်အချို့က ပြောသည်။

အာရက္ခတပ်တော် (AA )၏မကွေးတိုင်း(ငဖဲ မြို့နယ်) ဘက်သို့ ထိုးစစ်ဆင်မှု နှင့် အတူ ဆက်စပ်မြို့နယ်များဖြစ်သည့်ပွင့်ဖြူ နှင့် စလင်းမြို့နယ်များသို့စစ်ကောင်စီကအင်အားအများအပြားဖြည့်တင်းလာ​ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ရန်သူ(စစ်ကောင်စီ)က အင်အား အလုံးရင်းသုံံးပြီးစစ်ကြောင်းထိုး နယ်မြေရှင်းနိုင်ဖို့ ကြိုးစားနေတာ”ဟု မကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

အမှတ်( ၂၅၃ )​ခြေလျင်တပ်ရင်း( ခလရ ၂၅၃) ၊ခလရ၂၅၄ ၊ ခလရ ၂၅၅ ၊ ကာကွယ်ရေး ပစ္စည်းစက်ရုံ ကပစ ၂၁ အပါအဝင် ပခုက္ကူ တပ်မ ၁၀၁ ၊မိတ္ထီလာ နှင့် မကွေး လက်အောက်ခံတပ်များဖြင့် ပွင့်ဖြူနှင့် စလင်းမြို့နယ်များသို့ စစ်ကောင်စီက အင်အားဖြည့်လာကြောင်း ​သိရသည်။

“စစ်မှုထမ်းတပ်သားသစ်တွေအများအပြားပါတယ်။ အဲဒီ တပ်သားသစ်တွေကို စိတ်ဓာတ်တက်ကြွလာစေအောင် လူ၊လက်နက် သာလွန်အင်အား သုံးပြီး စစ်ကြောင်းထိုးနိုင်ဖို့ ကြိုးစားနေတာပါ။ ဒါ့အပြင် ကျေး ရွာတွေထဲရရာခိုးယူတာတွေ၊ ကျေး

ရွာ မီးရှို့ဖျက်ဆီးတာတွေမှာ တပ်သားသစ်တွေကို အတင်း ခိုင်းစေပြီး သူတို့လို စစ်မိစ္ဆာဖြစ်လာစေဖို့ ကြိုးစားနေတာ တွေ့ရပါတယ်”ဟု အထက်ပါတာဝန်ရှိသူက ​ပြောသည်။

မတ်လ ၁၁ ရက်တွင်ပွင့်ဖြူ ဘက်သို့တင့်ကား နှစ်စီး၊စလင်းမြို့ဘက်သို့တင့်ကားတစ်စီးနှင့်မြေပြင်စစ်အင်အား ၁၀၀ ခန့်ရောက်ရှိလာကြောင်း သိရသည်။

“မနေ့က(မတ်လ ၁၁ ရက်) ၅စီးဖြည့်ထားပါတယ်။တင့်ကားတစီးလည်း ပါပါတယ်”ဟု စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်(ပအဖ)တစ်ဦး က လူထုနွေဦးသို့ ပြောသည်။

ပွင့်ဖြူ နှင့် စလင်း မြို့ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှစ၍ စစ်ကောင်စီသည် စစ်ကြောင်းထိုးခဲ့ပြီး ဒေသတွင်း ကာကွယ်ရေးတပ်များက ခုခံတိုက်ခိုက်လျှက်ရှိသည်။

အဆိုပါမြို့နယ်နှစ်ခုတွင်ကျေးရွာအုပ်စု ၆ ခုမှ ရွာပေါင်း ၂၀ ကျော်ရှိ ပြည်သူ တစ်သောင်းကျော်မှာ စစ်ဘေးရှောင်နေရသည်။ ​ဒေသခံများမှာစစ်​ဘေးတိမ်း​ရှောင်ရင်းသေဆုံးမှုအချို့ရှိကြောင်း​ဒေသခံအချို့က​​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။

သတင်း

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ကို ရောက်နေတဲ့ စစ်တပ်က နေရာ ၃ခုမှာ တပ်စွဲထားပြီး ဒေသခံ စစ်ဘေးရှောင် ၁၀ဦး ခန့်ကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မြို့အဝင်လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူလမ်းမကြီးကို ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်