Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အထက်စည်းက ဆက်ဆံနေသ၍ အမေရိကန်နဲ့ မညှိနှိုင်းနိုင်ဘူးလို့ အီရန် သမ္မတပြော

အထက်စည်းဆန်ဆန် ဆက်ဆံနေသ၍ အီရန်ဟာ အမေရိကန်နဲ့ ဘာညှိနှိုင်းမှုမှ လုပ်မှာ မဟုတ်ဘူးလို့ အီရန် သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်က ပြောကြားလိုက်ပါတယ်။

အထက်စည်းဆန်ဆန် ဆက်ဆံနေသ၍ အီရန်ဟာ အမေရိကန်နဲ့ ဘာညှိနှိုင်းမှုမှ လုပ်မှာ မဟုတ်ဘူးလို့ အီရန် သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်က ပြောကြားလိုက်ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သူဟာ အီရန် နျူကလီးယား အရေးအတွက် ဆွေးနွေးမှုတွေ ပြန်လည် စတင်ဖို့ အီရန် အစိုးရဆီ စာရေးသားပေးပို့ ဖိတ်ခေါ်ခဲ့တယ်လို့ ပြောကြားခဲ့တဲ့နောက် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ အီရန် အဓိပတိ အယာတိုလာ အလီ ခါမေနီက အီရန်ဟာ အနိုင်အထက် ဖိအားပေးတဲ့ ပုံစံမျိုးနဲ့ဆိုရင် ဘယ်ညှိနှိုင်းမှုကိုမှ လုပ်ဆောင်မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

မတ်လ ၁၁ ရက်နေ့မှာတော့ အီရန် သမ္မတ ပက်ဇက်ရှ်ခန်ကလည်း ခါမေနီနဲ့ တူညီတဲ့ သဘောထားကို ထုတ်ပြောခဲ့တယ်လို့ အီရန် အစိုးရ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

အမေရိကန်က အီရန်အပေါ် အမိန့်တွေပေး၊ ခြိမ်းခြောက်မှုတွေ လုပ်နေတာဟာ လုံးဝ လက်ခံနိုင်စရာ မရှိကြောင်း၊ သူ့အနေနဲ့ အမေရိကန်ကို လက်ခံ ဆွေးနွေးစရာဘာမှ မရှိကြောင်း၊ မကျေနပ်ရင် ထရမ့်က ကြိုက်တာလုပ်နိုင်ကြောင်း အီရန် သမ္မတက ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်က သူဟာ အီရန်ရဲ့ နျူကလီးယား မူဝါဒတွေနဲ့ ပတ်သက်ပြီး အမေရိကန်ဆီကနေ အမြင့်ဆုံးအဆင့် ဖိအားပေးမှုတွေ ဆက်လုပ်နေမယ်လို့ ပြောကြားခဲ့တဲ့အပေါ် ပက်ဇက်ရှ်ခန်က အခုလို တုံ့ပြန်ခဲ့တာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက Fox သတင်းဌာနနဲ့ အင်တာဗျူးမှာ ထရမ့်က အီရန်မှာ ရွေးစရာ နှစ်ခုပဲ ရှိကြောင်း၊ စစ်ရေးအရ ရင်ဆိုင်မလား၊ ဒါမှမဟုတ် သဘောတူညီမှု တစ်ခုခုကို ရှာဖွေမလားဆိုတာဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့ပါတယ်။

အစ္စရေးနဲ့ အမေရိကန်တို့က အီရန်ဟာ နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်ဖို့ ကြိုးစားနေကြောင်း စွပ်စွဲထားပြီး အီရန် အစိုးရဖက်ကတော့ နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုဖို့သာ ရည်ရွယ်ထားကြောင်း တုံ့ပြန်ထားပါတယ်။

ဒါပေမဲ့ အီရန်ရဲ့ ယူရေနီယမ် သန့်စင်မှုဟာ ၆၀ ရာခိုင်နှုန်းထိ မြင့်တက်လာနေပြီး နျူကလီးယား လက်နက်တွေ ထုတ်လုပ်နိုင်တဲ့ ၉၀ ရာခိုင်နှုန်း သန့်စင်မှုဆီ တဖြည်းဖြည်း နီးကပ်လာနေကြောင်း နိုင်ငံတကာ အက်တမ်စွမ်းအင် အေဂျင်စီ (IAEA)က သတိပေးထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။