Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့နယ်မှာ စစ်တပ်က စက်တပ်လေထီးနဲ့ စာသင်ကျောင်း ဗုံးကြဲခဲ့လို့ ကျောင်းသားနှစ်ဦး ဒဏ်ရာရ၊ အမျိုးသမီးတစ်ဦး သေဆုံး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်က စာသင်ကျောင်းကို စက်တပ် လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောင်းသား နှစ်ဦးဒဏ်ရာရပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။

မင်းညို၊မေ/People’s Spring

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်က စာသင်ကျောင်းကို စက်တပ် လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောင်းသား နှစ်ဦးဒဏ်ရာရပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။

မနေ့က မတ်လ ၁၁ရက် ညနေ ၃နာရီခွဲခန့်က ဆိပ်ဖြူမြို့နယ်ရှိ အမှတ်(၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ -၂၂)ကနေလာတဲ့ စစ်ကောင်စီရဲ့ စက်တပ်လေထီးတစ်စီးဟာ ပေါက်မြို့နယ် အရှေ့ပိုင်း၊ ထောက်ရှာပင်ကျေးရွာ စာသင်ကျောင်းနဲ့အနီးပတ်ဝန်းကျင်ကို ဗုံးကြဲခဲ့တာလို့ We Love Myaing အဖွဲ့က ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ထောက်ရှာပင်ကျေးရွာ စာသင်ကျောင်းအနီးမှာရှိနေတဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး ကျောင်းသားနှစ်ဦးလည်း ဒဏ်ရာရခဲ့တယ် ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

” ကျောင်းဖွင့်နေတဲ့အချိန် ချတာ။ ကျောင်းသား၂ယောက် ဒဏ်ရာရတယ်။ ဗုံးသီးချတာက လေးလုံးချတယ်။ စက်လက်နဲ့ကော အပေါ်ကနေ ပစ်တယ်။တိုက်ပွဲမရှိ။ တော်လှန်ရေးစခန်း မရှိဘဲ လာပစ်သွားတာ။”လို့ မြိုင်ပကဖအဖွဲ့ခေါင်းဆောင် ကိုလက်ယျာက ပြော​ပါတယ်။

သေဆုံးထိခိုက်သူတွေရဲ့ အသေးစိတ်အချက်အလက်တွေတော့ မသိရသေးပါဘူး။

“တိုက်ပွဲမရှိဘူး။ဘာမှလည်းမဖြစ်ဘူး။ပေါက်ကိုယ်တော်ဇော်ထိုက်ရဲ့ ဒေါင်းသာရွာက ကြဲခိုင်းတာလို့သိရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတ‌‌ယ်။

စစ်တပ်က ၂၀၂၅အတွင်း စက်တပ်လေထီးတွေအသုံးပြုကာ မန္တလေးတိုင်း၊စစ်ကိုင်းနဲ့ မကွေးတိုင်းတွေကို ဗုံးသီးချတိုက်ခိုက်တာတွေ ပြုလုပ် နေတာပါ။

တခြားနေရာတွေမှာ ညပိုင်းနဲ့ မနက်အစောပိုင်းအလင်းရောင် သေချာမရသေးတဲ့အချိန်တွေမှာလာရောက်တိုက်ခိုက် လေ့ရှိပေမယ့် မကွေးတိုင်းမှာ နေ့ခင်းကိုလာရောက် တိုက်ခိုက်သွားတာပါ။

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာလည်း မတ်လ၁၀ရက်နဲ့ ၁၁ရက်တွေမှာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်တပ်က စက်တပ်လေထီး တွေနဲ့တိုက်ခိုက်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ မတ်လ ၅ရက်ကတော့ ကပစ – ၂၂ ကနေ တက်လာတဲ့ Paramotor စက်တပ်လေထီး(၂) စီးကို မြိုင်၊ပေါက်၊ကမ္မ ပကဖ စုဖွဲ့မှုတပ်က ပစ်ခတ်ခဲ့ရာမှာ Paramotor မောင်းသူပေါင်ကျည်ထိမှန်ခဲ့ပါတယ်။

စစ်ကောင်စီဟာ ဖေဖော်ဝါရီ ၂၅ ရက်က ပေါက်နဲ့မြိုင်မြို့နယ်အစပ်က ပေါက်မြို့နယ်၊ ဆုံကုန်းရွာမင်္ဂလာဆောင်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၂ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် မတ်လ ၃ရက်ကလည်း မြိုင်နဲ့ ပေါက် မြို့နယ်ကြားက ကျေးရွာတွေကို ၁၀ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၁၅ဦး​သေဆုံးပြီး ၂၀ခန့်ဒဏ်ရာရခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင် ဘောသို့ထကျေးရွာကို အာဏာသိမ်းစစ်တပ်က လေယာဉ် ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရတာ၊နေအိမ်ပျက်စီးတာတွေရှိခဲ့ကြောင်း ကချင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။