Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရွှေ့ပြောင်း အခြေချသူတွေ အုံနဲ့ကျင်းနဲ့ ရေကူးပြီး ရောက်လာလို့ စပိန်ပိုင်နက် နယ်မြေတစ်ခုမှာ အရှုပ်အထွေးတွေ ဖြစ်ပေါ်

မြောက်အာဖရိကမှာရှိတဲ့ စပိန်ပိုင်နက် နယ်မြေလေး တစ်ခုဆီ မော်ရိုကို နိုင်ငံကနေ ရွှေ့ပြောင်း အခြေချသူတွေ အလုံးအရင်း ရုတ်တရက် ဝင်ရောက်လာတာကြောင့် စပိန်အစိုးရက လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အပူတပြင်း စေလွှတ်နေရပါတယ်။

ဓာတ်ပုံ - EPA

မြောက်အာဖရိကမှာရှိတဲ့ စပိန်ပိုင်နက် နယ်မြေလေး တစ်ခုဆီ မော်ရိုကို နိုင်ငံကနေ ရွှေ့ပြောင်း အခြေချသူတွေ အလုံးအရင်း ရုတ်တရက် ဝင်ရောက်လာတာကြောင့် စပိန်အစိုးရက လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အပူတပြင်း စေလွှတ်နေရပါတယ်။

ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်း အခြေချသူတွေဟာ မော်ရိုကို နိုင်ငံဖက်ကနေ မြေထဲပင်လယ်ကို ဖြတ်ကူးပြီး ဆူတာဆီကို ဇူလိုင် ၃၀ ရက်နေ့မှာ ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ရွှေ့ပြောင်း အခြေချသူ အများစုဟာ ပင်လယ်ပြင်ကို ရေကူးပြီး ဖြတ်သန်းခဲ့ပြီး တချို့ကတော့ ရာဘာလှေငယ်လေးတွေကို အသုံးပြုခဲ့ပါတယ်။

ဆူတာမှာရှိတဲ့ အာဏာပိုင်တွေဟာ ရုတ်တရက် အုံနဲ့ကျင်းနဲ့ ရောက်ရှိလာတဲ့ ရွှေ့ပြောင်း အခြေချသူတွေပါတဲ့ လူအုပ်ကြီးကြောင့် အတော်လေး အလုပ်များသွားခဲ့ပါတယ်။ ပင်လယ်ပြင်ကို ဖြတ်ကူးလာချိန်မှာ အနည်းဆုံး ရွှေ့ပြောင်း အခြေချသူ ၁၅ ဦးလောက် ရေနစ် သေဆုံးခဲ့တယ်လို့လည်း မျက်မြင်တွေက ပြောပါတယ်။

ဆူတာ အုပ်ချုပ်ရေး အဖွဲ့ဟာ ရွှေ့ပြောင်း အခြေချသူတွေ တရားမဝင် ဝင်ရောက်မှု တိုးလာနေတဲ့နောက် ဒေသရဲ့ လုံခြုံရေး အစီအမံတွေနဲ့ အရင်းအမြစ်တွေ ဝန်ပိလာတဲ့အတွက် အကူအညီပေးဖို့ မက်ဒရစ် မြို့တော်မှာရှိတဲ့ စပိန် အစိုးရဆီကို အကူအညီ တောင်းခံထားပါတယ်။ အဲဒီ အခြေအနေဟာ ဇူလိုင် ၃၀ မှာတော့ ထိန်းချုပ်ရခက်တဲ့ အဆင့်ထိ ရောက်လာခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အခုလထဲမှာ စပိန် တရားရုံးချုပ်က အာဖရိက မြောက်ပိုင်းမှာရှိတဲ့ စပိန်ပိုင်နက် နယ်မြေတွေဖြစ်တဲ့ ဆူတာနဲ့ မယ်လီလာတို့ဆီ ပင်လယ်ပြင်ကနေ ဝင်ရောက်လာတဲ့ ရွှေ့ပြောင်း အခြေချသူတွေကို မော်ရိုကိုဆီ ချက်ချင်း ပြန်ပို့ခွင့် မရှိဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။

တရားရုံး ဆုံးဖြတ်ချက်ကို လူမှောင်ခိုသမားတွေက အခွင့်အရေး တစ်ခုအဖြစ် အသုံးချပြီး အာဖရိက မြောက်ပိုင်းက စပိန်ပိုင်နက် နယ်မြေတွေဆီ အထောက်အထားမဲ့ ရွှေ့ပြောင်းသူတွေကို အလုံးအရင်း ပို့ဆောင်နေကြောင်း စပိန် ပြည်ထဲရေး ဝန်ကြီးဌာနက စွပ်စွဲခဲ့ပါတယ်။

ဆူတာမှာ ဖြစ်ပွားခဲ့တဲ့ ရှုပ်ရှုပ်ထွေးထွေး အခြေအနေတွေ အပြီးမှာတော့ စပိန်အစိုးရဟာ လက်နက်ကိုင် လုံခြုံရေး တပ်တွေကို အဲဒီဒေသဆီ ပို့ဆောင်ဖို့ အဆောတလျင် စီစဉ်ခဲ့ပါတယ်။ စပိန်က အားဖြည့်ပေးပို့တဲ့ တပ်တွေဟာ ဒေသခံ တရားဥပဒေ စိုးမိုးရေး အင်အားစုတွေနဲ့ ပူးပေါင်းပြီး ဆူတာ လုံခြုံရေးကို တာဝန်ယူ စောင့်ရှောက်သွားမယ်လို့ စပိန် ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဆူတာ ပိုင်နက် ကမ်းခြေပေါ် ကုတ်တွယ် တက်လာတဲ့သူတွေထဲမှာ ရာဘာရေယက်တွေ၊ ရာဘာဘောကွင်းတွေနဲ့ ရေကူးလာသူတွေလည်း ပါဝင်ပါတယ်။ တချို့ကတော့ စပိန်ပိုင်နက်ထဲ ခြေချချိန်မှာ တပျော်တပါး အောင်ပွဲခံနေခဲ့ကြပါတယ်။ ဆူတာကို ရောက်ရှိလာသူ တချို့က လမ်းခုလတ်မှာ ရေနစ်သေဆုံးခဲ့သူတွေ ရှိကြောင်း အာဏာပိုင်တွေဆီ အတည်ပြုခဲ့ပါတယ်။

ဆူတာကို တစ်နေ့တည်းနဲ့တင် ရုတ်တရက် ရွှေ့ပြောင်း အခြေချသူ ထောင်နဲ့ချီ ရောက်ရှိလာတဲ့ အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ စပိန် ဝန်ကြီးချုပ် ပက်ဒရို ဟွမ်းချက်ဇ်ကတော့ ဒေသခံတွေ အနေနဲ့ အထိတ်တလန့် ဖြစ်စရာ မလိုကြောင်း နှစ်သိမ့်ခဲ့ပြီး အခြေအနေတွေ ပုံမှန်ပြန်ဖြစ်အောင် သူ့အစိုးရက အစွမ်းကုန် ကြိုးစားနေကြောင်း ပြောကြားသွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြင်သစ်နဲ့ စပိန်နိုင်ငံတွေမှာ တောမီး လောင်ကျွမ်းမှုတွေကြောင့် လူပေါင်း ၂ သိန်းကျော် အရေးပေါ် ရွှေ့ပြောင်းထားရကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲပြီး ဆုဖလားကြီးကို သယ်ဆောင်လာတဲ့ စပိန်လက်ရွေးစင် ဘောလုံးအသင်းဟာ မက်ဒရစ် မြို့တော်ကို ပြန်ရောက်လာချိန်မှာ သူရဲကောင်းတွေလို သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခြင်း ခံခဲ့ရပါတယ်။

နိုင်ငံတကာ

နိုင်ငံလက်ရွေးစင် အသင်းက ကမ္ဘာ့ချန်ပီယံ ဖြစ်လာတဲ့နောက် စပိန်နိုင်ငံမှာ ပြည်သူတွေ အကြီးအကျယ် အောင်ပွဲခံခဲ့ကြပါတယ်။

နိုင်ငံတကာ

အချိန်ပိုမှာ အာဂျင်တီးနား အသင်းကို အနိုင်ယူပြီး စပိန်က ကမ္ဘာ့ဖလား ချန်ပီယံ ဆုဖလားကြီးကို ဒုတိယ အကြိမ်မြောက် ဆွတ်ခူး သိမ်းပိုက်သွားခဲ့ပါတယ်။