သတင်း ဖြူးမှာ ပျူစောထီးတွေလက်ချက်ကြောင့် (၇)နှစ်အရွယ် ကလေးငယ် သေဆုံး ပဲခူးတိုင်း၊ ဖြူးမြို့နယ်မှာ စစ်တပ်လက်အောက်ခံ ပျူစောထီးတပ်ဖွဲ့ဝင်တွေ ပစ်ခတ်လိုက်တဲ့ ကျည်ထိမှန်မှုကြောင့် (၇)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ LuduNwayOoဧပြီ 29, 2026
သတင်း တပ်တွင်းသတင်းပေးနဲ့ပေါင်းပြီး စကခ(၁၉)က လက်နက်ခဲယမ်းတိုက် ဖောက်ခွဲခဲ့တယ်လို့ PDFတနင်္သာရီတိုင်းစစ်ဌာနပြော တပ်တွင်းသတင်းပေးနဲ့ပူးပေါင်းပြီး ရေးမြို့အခြေစိုက် စစ်တပ်ရဲ့ အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၉)ဝင်းအတွင်း ဝင်ရောက်ပြီး လက်နက်ခဲယမ်းတိုက် ဖောက်ခွဲခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာနက ဒီကနေ့ဧပြီ ၂၉ရက်မှာ ထုတ်ပြန်ပါတယ်။ LuduNwayOoဧပြီ 29, 2026
သတင်း လေပြင်းနဲ့မိုးကြိုးကြောင့် မြောက်ဦးနဲ့ကျောက်တော်မြို့မှာ အရပ်သားထိခိုက်သေဆုံးမှုရှိ ရခိုင်ပြည်နယ်က မြို့နယ်အချို့မှာ မိုးသက်လေပြင်းကျရောက်ခဲ့ပြီး မြောက်ဦးမြို့နဲ့ကျောက်တော်မြို့မှာ မိုးကြိုးထိမှန်လို့ အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။ LuduNwayOoဧပြီ 29, 2026
သတင်း ကျင်ဒွေးမြို့ကို စစ်တပ်လေကြောင်းက ဗုံးကြဲလို့ လမ်းဆောက်လုပ်ရေးလုပ်သား ၉ဦး သေဆုံး ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ လမ်းတံတားပြင်ဆင်နေတဲ့ ဆောက်လုပ်ရေးလုပ်သား၉ဦး သေဆုံးပြီး ၂ဦးဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။။ LuduNwayOoဧပြီ 29, 2026
သတင်း ဝေါလေဗျူဟာမှာတိုက်ပွဲပြင်းထန်စဥ်ထိုင်း F-16 တိုက်လေယာဥ်တွေနယ်စပ်မှပျံသန်း ၊စစ်တပ်ကနယ်စပ်မှာ ဗုံးဆက်ကြဲ တိုက်ပွဲပြင်းထန်နေတဲ့ မြန်မာ-ထိုင်းနယ်စပ်မှာယနေ့မနက်ပိုင်းက ထိုင်းဘုရင့်လေတပ်က F-16 တိုက်လေယာဉ် ၂စင်းနဲ့ ကင်းလှည့်နေစဉ် အာဏာသိမ်း မြန်မာစစ်တပ်က နယ်စပ်အနီးကို တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ထိုင်းလူမှုကွန်ရက်မှာ ရေးသားနေကြပါတယ်။ LuduNwayOoဧပြီ 29, 2026