Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထိုနယ်မှာ စစ်တပ် လေယာဉ်ဗုံးကြဲလို့ စျေးသည်အမျိုးသား သေဆုံး၊ ဇနီးဖြစ်သူ ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

ဇွန်-၁၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

KNU သထုံခရိုင် တပ်မဟာ(၁)နယ်မြေဖြစ်တဲ့ ကျိုက်ထိုမြို့နယ် ချောင်းစောင့်ရွာကို စစ်တပ်က ဇွန် ၁၈ရက် နေ့လည်မှာ လေကြောင်းတိုက်ခိုက်ခဲ့ရာ (၃၈)နှစ်အရွယ် အမျိုးသား သေဆုံးကာ ဇနီးသည် ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

စစ်တပ်လေယာဉ်နဲ့ ကြဲချတဲ့ ဗုံးဟာ ချောင်းစောင့်ရွာက ကုန်စုံဆိုင်မှာ ကျရောက်ပေါက်ကွဲတာ ဖြစ်ပြီး ဆိုင်ပိုင်ရှင်တွေ ထိခိုက်သေဆုံးခဲ့တာပါ။

Public Service Announcement

Public Service Announcement

စစ်တပ်ဟာ အဲဒီဒေသမှာ တိုက်ပွဲမရှိဘဲ လေကြောင်းဗုံးကြဲခဲ့တာဖြစ်ပြီး အရပ်သား ပြည်သူ နေထိုင်ရာကို ပစ်မှတ်ထား တိုက်ခိုက်တာလို့ သတင်းရင်းမြစ်က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ဒီကနေ့မနက်အစော(မနေ့ည သန်းခေါင်ကျော်)မှာလည်း မွန်ပြည်နယ် ရေးမြို့နယ် ရေးချောင်းဖျားဒေသက စစ်ရှောင်ဒုက္ခသည်စခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်မှုအတွင်း လူသေဆုံးထိခိုက်မရှိပေမယ့် ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းက ဆောက်ပေးခဲ့တဲ့ စစ်ရှောင်နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

အဲဒီဒေသဟာ မွန်ပြည်သစ်ပါတီ(NMSP) တပ်ထိန်းချုပ်ရာ ဒေသဖြစ်ပါတယ်။

စစ်တပ်ဟာ နိုင်ငံတဝန်း အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်တာတွေ ဆက်တိုက်ကျူးလွန်နေပြီး စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ပြည်သူလူထုတွေ နေ့စဉ်နီးပါး သေဆုံးထိခိုက်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းနဲ့ စစ်တပ်ပေါင်းပြီး ဒေသခံ ၁၁ဦးကို စစ်သားစုဆောင်းဖို့ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သတင်း

အင်းတော်ဗုံးကြဲခံရမှုသေဆုံးသူငါးဦးရှိလာ

Facebook