သတင်း မြိုင်နယ်တွင် ပျူများကလက်နက်ကြီးဖြင့် ပစ်၍ အိပ်နေသည့် ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရ လက်နက်ကြီးကျည်ကြောင့် နေအိမ်တွင်းအိပ်နေသော အသက် (၃၀) ဝန်းကျင် မမိလှ နှင့် အသက် (၁၃) နှစ်အရွယ် မဆုဝင့်ထည်တို့ ဒဏ်ရာ ရရှိသွားကြောင်း နွေဦးတော်လှန်ရေး-မြိုင်မြို့ အဖွဲ့က ပြောသည်။ LuduNwayOoဇူလိုင် 26, 2023
သတင်း ကျောက်ကြီး – နတ်သံကွင်းလမ်းပိုင်း မနက်ဖြန်ကစ၍ သွားလာခြင်းမပြုရန် KNDO တပ်ရင်း(၃) သတိပေး ဇူလိုင် ၂၇ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် KNDO တပ်ရင်း(၃)၏ အများပြည်သူများသိစေရန် ညွှန်ကြားစာကို KNUဗဟိုက ယနေ့ညပိုင်း၌ ကြိုတင်ဖော်ပြထားခြင်းဖြစ်သည်။ LuduNwayOoဇူလိုင် 26, 2023
သတင်း ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဒုဗိုလ်မှူးကြီးလှမိုးကိုပါ စစ်ကောင်စီထပ်မံဖမ်းဆီး တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဇုန်ဖြစ်သော ကန်ပိုက်တီနယ်ကုန်သွယ်ရေးစခန်းတွင်တာဝန်ကျနေသည့်ဒုတိယဗိုလ်မှူးကြီးလှမိုးကို ဇူလိုင်လ ၂၄ရက်တွင် နေပြည်တော်မှ တိုက်ရိုက်လာရောက် ဖမ်းဆီးခြင်းဖြစ်ကြောင်းကန်ပိုက်တီဒေသခံတစ်ဦးကပြောသည်။ LuduNwayOoဇူလိုင် 26, 2023
သတင်း KNU တပ်မဟာ(၃)နယ်မြေ အင်ကုန်းရွာနှင့် နံဇရွာတိုက်ပွဲ စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် ၄၀ကျော်သေဟု ထုတ်ပြန် နံဇရွာထိပ်တွင် ဇူလိုင် ၂၅ရက် ညပိုင်းက စစ်ကောင်စီတပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦး အပါအဝင် ခုနစ်ဦး သေဆုံးကာ ခုနစ်ဦး ဒဏ်ရာရခဲ့သည်ဟု ကျောက်တံခါး(ပကဖ)တာဝန်ရှိသူက ပြောသည်။ LuduNwayOoဇူလိုင် 26, 2023
သတင်း စစ်သင်္ဘောယာဥ်အုပ်စု ပစ်ခတ်ခဲ့၍ မတ္တရာမြို့နယ်ရှိ သားအမိနှစ်ဦး ကျည်ထိမှန် ယနေ့ (ဇူလိုင် ၂၆ ရက်) နံနက်ပိုင်းက မန္တလေးမြို့၊ ဂေါဝိန်ဆိပ်ကမ်းမှ ထွက်ခွာလာသော ထောက်ပို့ယာဥ် သုံးစီးပါ စစ်သင်္ဘော ၉စီးသည် မတ္တရာနယ်ရှိ မြစ်ကမ်းဘေး ကျေးရွာများသို့ လက်နက်ကြီး၊လက်နက်ငယ်များ ပစ်ခတ်ခဲ့သည်။ LuduNwayOoဇူလိုင် 26, 2023