Connect with us

Hi, what are you looking for?

သတင်း

ကျောက်ကြီး – နတ်သံကွင်းလမ်းပိုင်း မနက်ဖြန်ကစ၍ သွားလာခြင်းမပြုရန် KNDO တပ်ရင်း(၃) သတိပေး

ဇူလိုင် ၂၇ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် KNDO တပ်ရင်း(၃)၏ အများပြည်သူများသိစေရန် ညွှန်ကြားစာကို KNUဗဟိုက ယနေ့ညပိုင်း၌ ကြိုတင်ဖော်ပြထားခြင်းဖြစ်သည်။

ကျောက်ကြီး - နတ်သံကွင်းလမ်းပိုင်း မနက်ဖြန်ကစ၍ သွားလာခြင်းမပြုရန် KNDO တပ်ရင်း(၃) သတိပေး
ကျောက်ကြီး - နတ်သံကွင်းလမ်းပိုင်း မနက်ဖြန်ကစ၍ သွားလာခြင်းမပြုရန် KNDO တပ်ရင်း(၃) သတိပေး

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်နယ်မြေရှိ ကျောက်ကြီးမြို့နှင့် နတ်သံကွင်းမြို့အကြား ကားလမ်းပေါ်သို့ ဇူလိုင် ၂၇ရက် နံနက်ဖြန်ကစ၍ သွားလာမှုများ လုံး၀မပြုလုပ်ရန် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)တပ်ရင်း(၃)က ထုတ်ပြန်သည်။

ဇူလိုင် ၂၇ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် KNDO တပ်ရင်း(၃)၏ အများပြည်သူများသိစေရန် ညွှန်ကြားစာကို KNUဗဟိုက ယနေ့ညပိုင်း၌ ကြိုတင်ဖော်ပြထားခြင်းဖြစ်သည်။

လက်ရှိတွင် အာဏာသိမ်း စစ်ကောင်စီတပ်က ပြည်သူလူထုများအား ဒိုင်းကာသဘောဖြင့် အသုံးပြုပြီး စစ်ရေးလှုပ်ရှားမှုကို နည်းမျိုးစုံဖြင့် ဆောင်ရွက်နေခြင်းကြောင့် ယခုစာထုတ်ပြန်ရခြင်းဖြစ်သည်ဟု ဆိုသည်။

ကျောက်ကြီး – နတ်သံကွင်း ကားလမ်းနံဘေးရှိ ကျေးရွာများ၌နေထိုင်ကြသည့် ပြည်သူများအနေဖြင့် ကျေးရွာအတွင်း နံနက် ၆နာရီမှ ည ၆နာရီကြား သွားလာမှုများမပြုလုပ်ရန် ၊ ကျေးရွာနေ ပြည်သူများအရေးပေါ် အခြေအနေများ လိုအပ်မှုအပေါ် သွားလာရန်လိုအပ်လာပါက တာဝန်ရှိ ခေါင်းဆောင်များအား ကြိုတင်အသိပေးအကြောင်းကြားရန် အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ညွှန်ကြားချက်များ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက ဖြစ်လာမည့် အကျိုးဆက်အား တာဝန်ယူမည်မဟုတ်ဟု ဖော်ပြထားပြီး ယခုစာကို ပြန်လည်မရုတ်သိမ်းမချင်း အတည်ဖြစ်သည်ဟု ထုတ်ပြန်သည်။

ကျောက်ကြီး – နတ်သံကွင်းဒေသများသည့် KNU ဦးဆောင်သည့် ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား စစ်ရေးပြင်းထန်နေသည့် ဒေသတစ်ခု ဖြစ်သည်။ ဇွန်လအတွင်းက နတ်သံကွင်းဒေသ၌ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များခဲ့သည်။ ထို့ပြင် နတ်သံကွင်းတံတားအပါအဝင် ဒေသတွင်းရှိ တံတားအချို့ကို မိုင်းခွဲတိုက်ခိုက်ပြီး စစ်ကောင်စီတပ်၏ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်မှုလုပ်ဆောင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စု တုံးဗျောရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက် ၄လက် သိမ်းရခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

‎ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်(လယ်ဒိုမြို့နယ်)ကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့လို့ ကလေးငယ်အပါအဝင်အရပ်သား သေဆုံးထိခိုက်မှု ရှိခဲ့ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီး(လယ်ဒို)မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်သား ၄ဦး လက်နက် ၁လ က် ယူလာပြီး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံတပ်ဖြစ်တဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) ထံ စစ်မှုထမ်းတပ်သားသစ် ၁ဦး အလင်းဝင်လာကြောင်း KNU က ထုတ်ပြန်ပါတယ်။