Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောက်ကြီး – နတ်သံကွင်းလမ်းပိုင်း မနက်ဖြန်ကစ၍ သွားလာခြင်းမပြုရန် KNDO တပ်ရင်း(၃) သတိပေး

ဇူလိုင် ၂၇ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် KNDO တပ်ရင်း(၃)၏ အများပြည်သူများသိစေရန် ညွှန်ကြားစာကို KNUဗဟိုက ယနေ့ညပိုင်း၌ ကြိုတင်ဖော်ပြထားခြင်းဖြစ်သည်။

ကျောက်ကြီး - နတ်သံကွင်းလမ်းပိုင်း မနက်ဖြန်ကစ၍ သွားလာခြင်းမပြုရန် KNDO တပ်ရင်း(၃) သတိပေး
ကျောက်ကြီး - နတ်သံကွင်းလမ်းပိုင်း မနက်ဖြန်ကစ၍ သွားလာခြင်းမပြုရန် KNDO တပ်ရင်း(၃) သတိပေး

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်နယ်မြေရှိ ကျောက်ကြီးမြို့နှင့် နတ်သံကွင်းမြို့အကြား ကားလမ်းပေါ်သို့ ဇူလိုင် ၂၇ရက် နံနက်ဖြန်ကစ၍ သွားလာမှုများ လုံး၀မပြုလုပ်ရန် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)တပ်ရင်း(၃)က ထုတ်ပြန်သည်။

ဇူလိုင် ၂၇ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် KNDO တပ်ရင်း(၃)၏ အများပြည်သူများသိစေရန် ညွှန်ကြားစာကို KNUဗဟိုက ယနေ့ညပိုင်း၌ ကြိုတင်ဖော်ပြထားခြင်းဖြစ်သည်။

လက်ရှိတွင် အာဏာသိမ်း စစ်ကောင်စီတပ်က ပြည်သူလူထုများအား ဒိုင်းကာသဘောဖြင့် အသုံးပြုပြီး စစ်ရေးလှုပ်ရှားမှုကို နည်းမျိုးစုံဖြင့် ဆောင်ရွက်နေခြင်းကြောင့် ယခုစာထုတ်ပြန်ရခြင်းဖြစ်သည်ဟု ဆိုသည်။

ကျောက်ကြီး – နတ်သံကွင်း ကားလမ်းနံဘေးရှိ ကျေးရွာများ၌နေထိုင်ကြသည့် ပြည်သူများအနေဖြင့် ကျေးရွာအတွင်း နံနက် ၆နာရီမှ ည ၆နာရီကြား သွားလာမှုများမပြုလုပ်ရန် ၊ ကျေးရွာနေ ပြည်သူများအရေးပေါ် အခြေအနေများ လိုအပ်မှုအပေါ် သွားလာရန်လိုအပ်လာပါက တာဝန်ရှိ ခေါင်းဆောင်များအား ကြိုတင်အသိပေးအကြောင်းကြားရန် အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ညွှန်ကြားချက်များ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက ဖြစ်လာမည့် အကျိုးဆက်အား တာဝန်ယူမည်မဟုတ်ဟု ဖော်ပြထားပြီး ယခုစာကို ပြန်လည်မရုတ်သိမ်းမချင်း အတည်ဖြစ်သည်ဟု ထုတ်ပြန်သည်။

ကျောက်ကြီး – နတ်သံကွင်းဒေသများသည့် KNU ဦးဆောင်သည့် ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား စစ်ရေးပြင်းထန်နေသည့် ဒေသတစ်ခု ဖြစ်သည်။ ဇွန်လအတွင်းက နတ်သံကွင်းဒေသ၌ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များခဲ့သည်။ ထို့ပြင် နတ်သံကွင်းတံတားအပါအဝင် ဒေသတွင်းရှိ တံတားအချို့ကို မိုင်းခွဲတိုက်ခိုက်ပြီး စစ်ကောင်စီတပ်၏ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်မှုလုပ်ဆောင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

“ကျောက်ကြီးရဲ့ လက်ရှိ စစ်ရေး အခြေအနေကတော့ စကစ ကနေ ထိုးစစ်ဆင်တာတွေရှိတယ်။ လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာတွေလည်းရှိတယ်။ လေယာဉ်နဲ့မကြာခဏ လာရောက်ပစ်ခတ်တာတွေလည်း ရှိတယ်” ဟု ကော်မတီ ပြောရေးဆိုခွင့်ရှိသူက ပြောပြသည်။

သတင်း

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုများရှိပြီး အသေးစိပ်ကို အတည်မပြုနိုင်သေးကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သတင်း

စစ်ကောင်စီ ထောင်ထားသော စွန့်လွှတ်မိုင်းအား နင်းမိသောကြောင့် ပလက်ဝမြို့နယ်၊ ဖွေလိုက်ဝ (၂) ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရသည်ဟုလည်း အသိပေးထားသည်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အလုပ်လက်မဲ့ ဦးရေ အချိုးအစားဟာ လက်ရှိမှာ ၁ ရာခိုင်နှုန်းအောက်သာ ရှိနေပြီး ထိုင်းအနေနဲ့ မြန်မာ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေဆီက လုပ်သားရင်းမြစ်တွေကို ပိုမို လိုအပ်နေတယ်လို့လည်းဆရက်သာက ဆိုပါတယ်။