Connect with us

Hi, what are you looking for?

သတင်း

မြိုင်နယ်တွင် ပျူများကလက်နက်ကြီးဖြင့် ပစ်၍ အိပ်နေသည့် ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရ

လက်နက်ကြီးကျည်ကြောင့် နေအိမ်တွင်းအိပ်နေသော အသက် (၃၀) ဝန်းကျင် မမိလှ နှင့် အသက် (၁၃) နှစ်အရွယ် မဆုဝင့်ထည်တို့ ဒဏ်ရာ ရရှိသွားကြောင်း နွေဦးတော်လှန်ရေး-မြိုင်မြို့ အဖွဲ့က ပြောသည်။

(စစ်ကောင်စီတ​ပ်လက်​အောက်ခံ ပျူ​စောထီးများပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည် အစိတ်အပိုင်း။ ဓာတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်မြို့)
(စစ်ကောင်စီတ​ပ်လက်​အောက်ခံ ပျူ​စောထီးများပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည် အစိတ်အပိုင်း။ ဓာတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်မြို့)

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ တွင်းမပျူရွာမှ ညအချိန်မတော် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ နေအိမ်ထဲ အိပ်နေသည့် ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များကပြောသည်။

ယနေ့( ဇူလိုင်လ ၂၆) နံနက် ၂ နာရီခန့်ကတွင်းမ(ပျူ)ရွာ၊ စာသင်ကျောင်းအတွင်းရှိ ပျူစောထီးများသည် လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ရာ အိုရင်းကျေးရွာရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

လက်နက်ကြီးကျည်ကြောင့် နေအိမ်တွင်းအိပ်နေသော အသက် (၃၀) ဝန်းကျင် မမိလှ နှင့် အသက် (၁၃) နှစ်အရွယ် မဆုဝင့်ထည်တို့ ဒဏ်ရာ ရရှိသွားကြောင်း နွေဦးတော်လှန်ရေး-မြိုင်မြို့ အဖွဲ့က ပြောသည်။

“အိမ်ထဲမှာ ၃ ယောက်အိပ်နေတာ။ လက်နက်ကြီးကျပြီး ၂ ယောက်ထိခိုက်တာ။”ဟု မြိုင်ပကဖအဖွဲ့ခေါင်းဆောင် ဗိုလ်လက်ယျာက ပြောသည်။

Public Service Announcement

Public Service Announcement

တွင်းမရွာအပါအဝင် မြိုင်နယ်အတွင်းရှိ ပျုရွာအချို့သည် တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်ခဲ့၍ ပြည်သူများထိခိုက်သေဆုံးမှုများရှိ​ကြောင်း​ပြောသည်။

ဇူလိုင်လ ၂၅ ရက်နေ့ နံနက်ပိုင်းက ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကန်ရွာပျူစခန်းမှထွက်လာသော စစ်ကောင်စီတပ်သည် မြိုင်မြို့နယ်အရှေ့ပိုင်းကျေးရွာများသို့ စစ်​ကြောင်းထိုး မွှေနှောက်နေပြီး ပြည်သူ ၁၀ ဦးထက်မနည်း ဖမ်းဆီးသွားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။