Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ(၃)နယ်မြေ အင်ကုန်းရွာနှင့် နံဇရွာတိုက်ပွဲ စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် ၄၀ကျော်သေဟု ထုတ်ပြန်

နံဇရွာထိပ်တွင် ဇူလိုင် ၂၅ရက် ညပိုင်းက စစ်ကောင်စီတပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦး အပါအဝင် ခုနစ်ဦး သေဆုံးကာ ခုနစ်ဦး ဒဏ်ရာရခဲ့သည်ဟု ကျောက်တံခါး(ပကဖ)တာဝန်ရှိသူက ပြောသည်။

(KNLA တပ်ရင်း(၉)နှင့် ပူးပေါင်းတပ်မှ ရဲဘော်များ ပစ်ခတ်တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ - KNU)
(KNLA တပ်ရင်း(၉)နှင့် ပူးပေါင်းတပ်မှ ရဲဘော်များ ပစ်ခတ်တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ - KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင် အတွင်း၌ ဇူလိုင် ၁၉ရက်က တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြားခဲ့ဟု KNU ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ ပိန်းဇလုပ် အခြေစိုက်တပ် ခလရ(၂၆၄)၊ ပဲနွယ်ကုန်းအခြေစိုက်တပ် ခမရ(၃၀၇)၊ ကညွတ်ကွင်းအခြေစိုက်တပ် ခမရ(၄၃၉)၊ ရွှေကျင်အခြေစိုက်တပ် ခမရ(၃၅၀)နှင့် ပျူစောထီးအဖွဲ့၊ ရဲ စုစုပေါင်း အင်အား ၄၀၀ခန့်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(K.N.L.A) တပ်ရင်း(၉)၊ ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ဇူလိုင် ၁၉ရက် ညပိုင်းတွင် ညောင်လေးပင်ခရိုင် ကျောက်တံခါးမြို့နယ် (KNU လယ်ဒိုမြို့နယ်) အင်ကုန်းရွာဘေး၌ တစ်ကြိမ်၊ နံဇကျေးရွာတွင်တစ်ကြိမ် တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ တပ်ခွဲမှူးတစ်ဦးအပါအဝင် ၄၁ဦး သေဆုံးပြီး ဒုတပ်ရင်းမှူးတစ်ဦးအပါအဝင် ၄၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

KNLA တပ်ရင်း(၉)နှင့် ပူးပေါင်းတပ်ဘက်မှ ထိခိုက်ကျဆုံးမရှိဟု အသိပေးထားသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အာဏာသိမ်းစစ်ကောင်စီတပ်မှ နံဇကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး ဇူလိုင်၂၃ရက်အထိ လေးရက်ကြာအခြေချခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

နံဇကျေးရွာတွင် နေအိမ် ၂၀ မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ကျေးရွာတွင်းရှိ ဒေသခံများ၏ ပစ္စည်းပရိဘောဂများနှင့် ကျွဲ၊ နွားများ စသည်တို့ကိုသိမ်းယူပြီး ကားဖြင့်သယ်သွားခဲ့ကြောင်း KNU ကထုတ်ပြန်သည်။

ဇူလိုင် ၂၄ရက်တွင် KNLA ပူးပေါင်းတပ်က နံဇရွာအတွင်း ဝင်ရောက်ပြီး နယ်မြေရှင်းလင်းရာ အာဏာသိမ်းစစ်ကောင်စီတပ်၏ M-79 (၃၀)လုံး၊ Nato ပြောင်း (၁)ချောင်း၊ MA ကျည်ဆံ ၄၂၀၀ ကျော်ရရှိခဲ့သည်ဟု ဖော်ပြထားသည်။

ထို့အပြင် ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ကလည်း နံဇရွာကို ဇူလိုင် ၂၅ရက်က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်သား အလောင်း ခုနစ်လောင်း၊ လက်နက် ၆လက် သိမ်းဆည်းရရှိခဲ့ဟု အသိပေးထားသည်။

နံဇရွာထိပ်တွင် ဇူလိုင် ၂၅ရက် ညပိုင်းက စစ်ကောင်စီတပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦး အပါအဝင် ခုနစ်ဦး သေဆုံးကာ ခုနစ်ဦး ဒဏ်ရာရခဲ့သည်ဟု ကျောက်တံခါး(ပကဖ)တာဝန်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။