Connect with us

Hi, what are you looking for?

သတင်း

စစ်သင်္ဘောယာဥ်အုပ်စု ပစ်ခတ်ခဲ့၍ မတ္တရာမြို့နယ်ရှိ သားအမိနှစ်ဦး ကျည်ထိမှန်

ယနေ့ (ဇူလိုင် ၂၆ ရက်) နံနက်ပိုင်းက မန္တလေးမြို့၊ ဂေါဝိန်ဆိပ်ကမ်းမှ ထွက်ခွာလာသော ထောက်ပို့ယာဥ် သုံးစီးပါ စစ်သင်္ဘော ၉စီးသည် မတ္တရာနယ်ရှိ မြစ်ကမ်းဘေး ကျေးရွာများသို့ လက်နက်ကြီး၊လက်နက်ငယ်များ ပစ်ခတ်ခဲ့သည်။

(မတ္တရာနယ်နှင့် စဥ့်ကူးနယ်အတွင်းသို့ ဖြတ်သန်းနေသော စစ်​သင်္ဘောများအား တွေ့ရစဥ်။ ဓာတ်ပုံ-Wetet Informational Network)
(မတ္တရာနယ်နှင့် စဥ့်ကူးနယ်အတွင်းသို့ ဖြတ်သန်းနေသော စစ်​သင်္ဘောများအား တွေ့ရစဥ်။ ဓာတ်ပုံ-Wetet Informational Network)

ဧရာဝတီမြစ်အတွင်း ဆန်တက်လာသော စစ်ကောင်စီ၏ သင်္ဘောယာဥ်အုပ်စုက ပစ်ခတ်ခဲ့၍ မတ္တရာမြို့နယ်၊ စိန်းပန်းကုန်းရွာမှ သားအမိနှစ်ဦး ကျည်ထိမှန်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (ဇူလိုင် ၂၆ ရက်) နံနက်ပိုင်းက မန္တလေးမြို့၊ ဂေါဝိန်ဆိပ်ကမ်းမှ ထွက်ခွာလာသော ထောက်ပို့ယာဥ် သုံးစီးပါ စစ်သင်္ဘော ၉စီးသည် မတ္တရာနယ်ရှိ မြစ်ကမ်းဘေး ကျေးရွာများသို့ လက်နက်ကြီး၊လက်နက်ငယ်များ ပစ်ခတ်ခဲ့သည်။

မွန်းလွဲပိုင်းတွင် မတ္တရာမြို့နယ် စိန်ပန်းကုန်းရွာအနီး၌ ဖြတ်သန်းစဥ် ရမ်းသမ်းပစ်ခတ်ခဲ့ရာအသက် (၄၀)အရွယ် အမျိုးသမီးနှင့် သားဖြစ်သူ (၄)နှစ်အရွယ်တို့ ကျည်ထိမှန်ခဲ့ကြောင်း Wet Let Informational Network အဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

“အပစ်ခံရတာ သားအမိပါ။ လောလောဆယ်ဆေးခန်းတော့ ပို့ထားတယ်။ အခြေအနေကတော့မသိရသေးဘူး။”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်သင်္ဘောများ၏ ပစ်ခတ်မှုကြောင့် မတ္တရာနှင့် စဥ့်ကူးနယ်ရှိ ကျွန်းပေါ်ကျေးရွာအများအပြားထွက်ပြေးနေရကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ စစ်သင်္ဘောများသည် ညနေ ၃နာရီခွဲခန့်တွင် စဉ့်ကူးမြို့နယ် ဇီးကုန်းရွာအနီး မြစ်ကြောင်းမှ ဝက်လက်မြို့နယ် အင်ဒေါင်းကျေးရွာဘက်သို့ လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိသည်။

ထို့ကြောင့် မြစ်ဘေးကျေးရွာများမှ ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန် တော်လှန်ရေးအင်အားစုများက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာ သိမ်းစစ်တပ်ဟာ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်စခန်းကို ယမန်နေ့ (ဇွန် ၈ )ကစစ်သင်္ဘောသုံးစီးနဲ့ စစ်ကူအင်အားသုံးရာဝန်းကျင် ထပ်မံဖြည့်တင်းခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

ဟောမုဇ် ရေလက်ကြားဆီကို စစ်သင်္ဘောတွေ စေလွှတ်မယ်ဆိုရင် အကျိုးဆက်တွေက လှပမှာ မဟုတ်ဘူးလို့ အီရန်က ဗြိတိန်နဲ့ ပြင်သစ်တို့ကို သတိပေးခဲ့ပါတယ်။

သတင်း

စစ်တပ် စစ်ကြောင်းတွေရှိနေလို့ ကချင် လွတ်လပ်ရေးတပ်မတော် (KIA)က လုံခြုံရေးသတိပေးချက်နဲ့ ဖြတ်သန်းသွားလာခွင့်ပိတ်ထားတဲ့ ဖားကန့် - ကာမိုင်းလမ်းပိုင်းမှာ စစ်တပ်က အရပ်သားကားကို ထပ်မံပစ်ခတ်လို့ ၃ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်နိုင်ရေး စစ်ရေးအရ ကူညီပေးဖို့ သူ့ရဲ့ တောင်းဆိုမှုကို မဟာမိတ် နိုင်ငံတော်တော်များများက ပယ်ချထားပေမယ့် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ အကူအညီတွေ လာနေပြီလို့ ပြောကြားခဲ့ပါတယ်။