သတင်း မူဆယ်မှာ တရုတ်ရဲနဲ့ စစ်တပ်က ကျားဖြန့်သက်သေခံပစ္စည်းတွေကို ပြည်သူတွေ အလကားပေးပြီး အစဖျောက် မြန်မာ-တရုတ်နယ်စပ်၊ မူဆယ်မြို့နယ်၊ ၁၀၅မိုင် အနီး၊ခိုတိန်ကျေးရွာက ကျားဖြန့်ရုံကို တရုတ်ရဲတပ်ဖွဲ့နဲ့ စစ်တပ် ပူးပေါင်းစီးနင်းခဲ့ပြီး အဆောက်အအုံအတွင်းက ပစ္စည်းတွေအားလုံး ဒေသခံတွေကို အလကားပေးပြီး လက်စဖျောက်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayooဩဂုတ် 17, 2026
သတင်း သံတွဲကို စစ်တပ်ဗုံးထပ်ကြဲ၊ သားအဖ နှစ်ဦးသေဆုံး၊ ၆ဦး ဒဏ်ရာရ ရက္ခိုင်ပြည်နယ်၊သံတွဲမြို့နယ်၊နေရာနှစ်ခုကို အာဏာသိမ်းစစ်တပ်က ဒီကနေ့မနက်ပိုင်းမှာ လေကြောင်းကတေဗုံးထပ်ကြဲလို့အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်နဲ့ ဖခင်ဖြစ်သူတို့ သေဆုံးခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။ ludunwayooဩဂုတ် 17, 2026
သတင်း ဆောဒေသမှာစစ်တပ်ရဲ့ဒရုန်းကြောင့်အရပ်သားသုံးဦးသေဆုံး မကွေးတိုင်း၊ယောဒေသဆောမြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့ အာ ဏာသိမ်းစစ်တပ်ကသြဂုတ်လ ၁၅ ရက်မှာဒရုန်းနဲ့တိုက်ခိုက်လို့ အမျိုးသမီးနှစ်ဦးအပါအဝင်အရပ်သားသုံးဦး သေဆုံးသွားတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။ ludunwayooဩဂုတ် 17, 2026
သတင်း ပြည်သူကို သစ္စာစောင့်သိပြီး တော်လှန်ရေးအင်အားစုတွေကြား ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့က တော်လှန်ရေးအောင်မြင်ဖို့ အရေးကြီးတယ်လို့ KNPP ထုတ်ပြန် ပြည်သူကိုသစ္စာစောင့်သိပြီး တော်လှန်ရေးအင်အားစုတွေကြား ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့က ခုခံတော်လှန်ရေးအောင်မြင်ဖို့ အရေးကြီးတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ပါတီဗဟိုဌာနချုပ် ဒီကနေ့ ထုတ်ပြန်ပါတယ်။ ludunwayooဩဂုတ် 17, 2026
သတင်း ကင်းဘရစ်ဂျ် တက္ကသိုလ်ရဲ့ လူမည်း ပါမောက္ခဟောင်း သေဆုံးမှုကြောင့် ဗြိတိန်မှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်လာ ကင်းဘရစ်ဂျ် တက္ကသိုလ်ရဲ့ လူမည်း ပါမောက္ခ တစ်ဦး စာတမ်းခိုးယူမှု စွပ်စွဲချက်တွေကြောင့် ရာထူးက နုတ်ထွက်ပြီး မကြာခင်မှာပဲ သေဆုံးလျက်သား ရှာတွေ့ခဲ့တဲ့ ဖြစ်စဉ်ဟာ ဗြိတိန်မှာ အတော်လေး လှုပ်လှုပ်ခတ်ခတ် ဖြစ်လာခဲ့ပါတယ်။ ludunwayooဩဂုတ် 17, 2026