Connect with us

Hi, what are you looking for?

သတင်း

သံတွဲကို စစ်တပ်ဗုံးထပ်ကြဲ၊ သားအဖ နှစ်ဦးသေဆုံး၊ ၆ဦး ဒဏ်ရာရ

ရက္ခိုင်ပြည်နယ်၊သံတွဲမြို့နယ်၊နေရာနှစ်ခုကို အာဏာသိမ်းစစ်တပ်က ဒီကနေ့မနက်ပိုင်းမှာ လေကြောင်းက​တေဗုံးထပ်ကြဲလို့အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်နဲ့ ဖခင်ဖြစ်သူတို့ သေဆုံးခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

(ဗုံးကြဲခံရပြီး​နောက် အပျက်အစီး​တွေကို တွေ့ရစဉ်။ ဓါတ်ပုံ-AA Infodesk)

ဩဂုတ်-၁၆၊၂၀၂၆။ထားမြတ်/People’s Spring

ရက္ခိုင်ပြည်နယ်၊သံတွဲမြို့နယ်၊နေရာနှစ်ခုကို အာဏာသိမ်းစစ်တပ်က ဒီကနေ့မနက်ပိုင်းမှာ လေကြောင်းက​တေဗုံးထပ်ကြဲလို့အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်နဲ့ ဖခင်ဖြစ်သူတို့ သေဆုံးခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

စစ်တပ်ကဩဂုတ်၁၆ရက်မနက်၆နာရီ ၄၀မှာ သံတွဲမြို့ပေါ် တနေရာနဲ့ ၆နာရီ ၅၀ ခန့်မှာ သံတွဲမြို့နယ်၊မောင်ရွှေလေးရွာအနီးဝန်းကျင်ကိုလေကြောင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

သံတွဲမြို့ပေါ် တိုက်ခိုက်ခံရမှုမှာသားအဖ ၂ဦး သေဆုံးခဲ့သလို ၂နှစ် ကလေးငယ် အပါအဝင် ၃ဦး ဒဏ်ရာရရှိကာ နေအိမ် ၇လုံး ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် မောင်ရွှေလေးရွာလေကြောင်း တိုက်ခိုက်ခံရမှုမှာ ၃ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

​သေဆုံးခဲ့တဲ့သားအဖ ဟာ အသက် ၁၄ နှစ်အရွယ် မချွန်းလဲ့​ရွှေရည် နဲ့ အသက်၅၀ အရွယ် ဖခင်ဖြစ်သူ ဦမင်း​နောင်တို့ဖြစ်ပါတယ်။ အသက် ၂ နှစ်အရွယ် ​မောင်​ရွှေမိုးယံ​ဇော် နဲ့ အသက် ၄၅ နှစ်အရွယ် ဦး​ဇေယျာမင်းလွင်တို့ရဲ့ ဒဏ်ရာ​တွေကပြင်းထန်ပါတယ်။ ​ဒေါ်​​ဌေး​ဌေး​မော် နဲ့ သန့်ရှင်း​ရေး ဝန်ထမ်း ၃ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ AA ကအသိ​ပေးပါတယ် ။

စစ်တပ်ဟာ အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ မြို့ရွာတွေကိုလေကြောင်း တိုက်ခိုက်မှုတွေ အခုလပိုင်းအတွင်းဆက်တိုက်လုပ်နေတာပါ။ တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ သံတွဲ၊ ဂွ၊အိမ်းမြို့နယ်တွေကို ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း လေကြောင်းဗုံးကြဲတာတွေ အဆက်မပြတ်ပြုလုပ်ခဲ့လို့ အရပ်သား ပြည်သူ အစုလိုက်အပြုံလိုက်သေဆုံးထိခိုက်မှုတွေဖြစ်ခဲ့ရပါတယ်။

ဩဂုတ် ၁၃ရက်ည ဂွမြို့နယ် ကျိန္တလီမြို့ လေကြောင်းတိုက်ခိုက်ခံရမှုမှာ မိသားစုလိုက်သေဆုံးတာ အပါအဝင်အရပ်သား ၈ဦးသေဆုံးကာ အချို့ဒဏ်ရာရခဲ့ပါတယ်။ ဩဂုတ် ၁၀ရက် သံတွဲမြို့နယ် ကျောက်ကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာလည်း အရပ်သား ၁၆ဦးသေဆုံးကာ ၁၈ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီမတိုင်ခင် ကလည်း စစ်ကောင်စီဟာ သံတွဲမြို့နယ်ကို အကြိမ်ကြိမ်လေကြောင်းဗုံးကြဲခဲ့ရာ အရပ်သားပြည်သူသေဆုံးထိခိုက်မှုအများအပြားရှိခဲ့ပါတယ်။

စစ်ကောင်စီဟာ AAနဲ့ ဖြစ်ပွားနေတဲ့ မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတာကြောင့် ရှုံးမဲမဲကာ အရပ်သား ပြည်သူလူထုကို နေ့ညအချိန်မရွေး လေကြောင်းဗုံးကြဲတာတွေ နေ့စဉ်ပြုလုပ်နေလို့ အာရက္ခဒေသတခုလုံး စစ်တပ်လေကြောင်းရန်ကို အချိန်ပြည့် အထူးဂရုစိုက်ကြဖို့လည်း AAက တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ထီးချိုင့်- အင်းတော်လမ်းပိုင်းကို စစ်တပ်ထိုးစစ်ဆင်နေပြီး ထီးချိုင့်မြို့တွင်းကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကနေ ကား ၁၁စီးနဲ့ အင်အားတွေပို့ထားတယ်လို့ တော်လှန်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကျွန်းလှမြို့နယ်၊သဖန်းဆိပ်ဆည်အနီးဝန်းကျင်ကဒေသခံတွေတူးဖော်နေတဲ့ တပိုင်တနိုင်ရွှေမျှောတွေကို စစ်တပ်က ဒီ​နေ့ လေကြောင်းကနေ တိုက်ခိုက်တဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိပါတယ်။

သတင်း

ဗျာလစစ်​ရှောင်စခန်းကိုဗုံးကြဲပြီး ၁၆ နာရီ ကျော်အကြာမှာ ပန်းနီလာစစ်ရှောင်စခန်းကိုစစ်တပ်ကဗုံးထပ်ကြဲ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်က အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ပြီး မြှုပ်နှံထားတဲ့ ပြည်သူ ၁၂ဦးရဲ့ ရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံသတင်းရင်း မြစ်တွေက ပြောပါတယ်။

Trending

Facebook