Connect with us

Hi, what are you looking for?

သတင်း

ဆောဒေသမှာစစ်တပ်ရဲ့ဒရုန်းကြောင့်အရပ်သားသုံးဦးသေဆုံး

မကွေးတိုင်း၊ယောဒေသဆောမြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့ အာ ဏာသိမ်းစစ်တပ်ကသြဂုတ်လ ၁၅ ရက်မှာဒရုန်းနဲ့တိုက်ခိုက်လို့ အမျိုးသမီးနှစ်ဦးအပါအဝင်အရပ်သားသုံးဦး သေဆုံးသွားတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

အာဏာသိမ်းစစ်တပ်သုံး ဒရုန်းတစ်စီးကိုတွေ့ရပုံ ( ပုံဟောင်း)

သြဂုတ် – ၁၆ ၊၂၀၂၆ ၊ ဖိုးသား/People’s Spring

မကွေးတိုင်း၊ယောဒေသဆောမြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့ အာ ဏာသိမ်းစစ်တပ်ကသြဂုတ်လ ၁၅ ရက်မှာဒရုန်းနဲ့တိုက်ခိုက်လို့ အမျိုးသမီးနှစ်ဦးအပါအဝင်အရပ်သားသုံးဦး သေဆုံးသွားတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

မနေ့ (သြဂုတ် ၁၅ ရက်)နေ့ခင်း၁နာရီအချိန်ဝန်းကျင်မှာဆောမြို့ရဲ့တောင်ဘက်မှာရှိတဲ့သီးကုံးရွာကိုဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ရာမှာအသက် ၆၆ နှစ်အရွယ်ဒေါ်မြဝင်း၊ အသက် ၄၆ နှစ်အရွယ်ဒေါ်ဌေးဌေး နဲ့ အသက် ၅၀ အရွယ်ဦးနန်းမြိုင်တို့သေဆုံးသွားတာပါ။

“တောတိုက်ထဲစစ်ရှောင်နေတဲ့ပြည်သူတွေပါနေရာမှာတင်သေဆုံးသွားကြတယ်” လို့ ဒေသခံ တစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒရုန်းဗုံးကြောင့်အခြားသောအရပ်သားတစ်ဦးလည်းထိခိုက်ဒဏ်ရာရပြီးမစိုးရိမ်ရပေမယ့်ဆေးဝါးကုသမှုခံယူနေရသေးတယ်လို့ ဆိုပါတယ်။

“မနေ့က နေ့ခင်းတစ်နာရီကျော်အချိန်ကဖြစ်တာ၊ကြဲခံရတဲ့ နေရာမှာပဲ ဆုံးသွားကြတယ်”လို့ ဖြစ်စဉ်ကို သိရှိသူက ပြောပါတယ်။

သီးကုံးကျေးရွာဟာ ဆော-လောင်းရှည် လမ်းပိုင်း ပေါ်မှာရှိပြီး လက်ရှိမှာ လောင်းရှည်မြို့ဘက်က စစ်တပ်စစ်ကြောင်းတွေဟာ ဆောမြို့ကို ၀င် ရောက်ဖို့ ထိုးစစ်ဆင်နေတာပါ။

စစ်တပ်က ဆောမြို့ နဲ့ လောင်းရှည်မြို့ကြားကို နေ့စဉ်နီးပါး ဆိုသလို တိုက်လေယာဉ် ၊Y-12 ထောက်ပို့လေယာဉ်အပြင် ဒရုန်းတွေပါသုံးပြီး လေကြောင်းတိုက်ခိုက်နေသလို လက်နက်ကြီးနဲ့ပါ ပစ်ခတ်မှုတွေရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့မေလဒုတိယပတ်ကစပြီး မကွေးတိုင်း၊ပေါက်မြို့နယ်အခြေစိုက် အမှတ် (၂၄)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ – ၂၄) နဲ့ လောင်းရှည်မြို့အခြေစိုက် ကပစ(၂၅) ကနေ စစ်တပ်က စစ်ကြောင်း နှစ်ခုသုံးပြီး ပေါက်မြို့ကနေ ယောဒေသ ကျောက်ထုမြို့ နဲ့ လောင်းရှည်ကတဆင့် ဆောမြို့အတွင်း ဝင်ရောက်ခဲ့ပါတယ်။

အဲဒီစစ်ကြောင်းတွေဟာချင်းပြည်နယ်တောင်ပိုင်းကမင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို နယ်မြေစိုးမိုးနိုင်ဖို့အတွက်မကွေးတိုင်း၊ယောဒေသကတဆင့်ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးပမ်းနေတာပါ။

ကျောက်ထုက စစ်ကြောင်းဟာ မင်းတပ်မြို့ကို ဦးတည်စစ်ဆင်နေပြီး ဆောမြို့က စစ်ကြောင်းက ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ ထောက်လှမ်းမှုအရ ချင်းတောင်ပိုင်း ထိုးစစ်ကို စစ်တပ်က တပ်မ (၅၅)၊ (၈၈) ၊ (၉၉) နဲ့ (၁၀၁) က ထုတ်နှုတ်တပ်ရင်းတွေရဲ့ အင်အား ၂၀၀၀ ၀န်းကျင်အထိ အသုံးပြုထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ထီးချိုင့်- အင်းတော်လမ်းပိုင်းကို စစ်တပ်ထိုးစစ်ဆင်နေပြီး ထီးချိုင့်မြို့တွင်းကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကနေ ကား ၁၁စီးနဲ့ အင်အားတွေပို့ထားတယ်လို့ တော်လှန်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကျွန်းလှမြို့နယ်၊သဖန်းဆိပ်ဆည်အနီးဝန်းကျင်ကဒေသခံတွေတူးဖော်နေတဲ့ တပိုင်တနိုင်ရွှေမျှောတွေကို စစ်တပ်က ဒီ​နေ့ လေကြောင်းကနေ တိုက်ခိုက်တဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိပါတယ်။

သတင်း

ဗျာလစစ်​ရှောင်စခန်းကိုဗုံးကြဲပြီး ၁၆ နာရီ ကျော်အကြာမှာ ပန်းနီလာစစ်ရှောင်စခန်းကိုစစ်တပ်ကဗုံးထပ်ကြဲ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်က အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ပြီး မြှုပ်နှံထားတဲ့ ပြည်သူ ၁၂ဦးရဲ့ ရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံသတင်းရင်း မြစ်တွေက ပြောပါတယ်။

Trending

Facebook