သတင်း နွေဦးတော်လှန်ရေးတွင်ကျဆုံးပြည်သူ ၃၀၀၀ ဦးရှိလာ အဆိုပါကိန်းဂဏန်းအရေအတွက်များသည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့်အချက်အလက်နှင့် ကိန်းဂဏန်းအရေအတွက်များမှာ ယခုထက်ပင်ပိုမိုများပြား နိုင်ကြောင်းလည်း AAPP ကအသိ့ပေးထားသည်။ LuduNwayOoဖေဖော်ဝါရီ 18, 2023
သတင်း မြန်မာစစ်တပ်ကို လက်နက်မရောင်းဘူးဆိုတဲ့ စင်ကာပူရဲ့ ရှင်းလင်းချက်ကို NUG ကြိုဆို အခြေခံ သဘောထားတွေကို မပြောင်းလဲဘဲ မြဲမြဲမြံမြံ ရပ်တည်ပေးနေတဲ့ စင်ကာပူ အစိုးရကိုရော၊ မြန်မာပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်ကြောင်း ပြသခဲ့တဲ့ ဝန်ကြီး ဘာလက်ခ်ရစ်ရှ်န်ကိုပါ NUGက လေးလေးနက်နက် ကျေးဇူးတင်ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ LuduNwayOoဖေဖော်ဝါရီ 18, 2023
သတင်း ဖရူဆိုနယ်တွင် ရေခပ်လာသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ တစ်ဦးသေဟု KNDF ပြော နှစ်ဖက်ထိတွေ့မှုမှာ ၁နာရီနီးပါးကြာမြင့်ခဲ့ပြီး စစ်ကောင်စီဖက်မှ တစ်ဦးသေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိပြီး ကရင်နီပူးပေါင်းတပ် ဖက်မှ အထိခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြသည်။ LuduNwayOoဖေဖော်ဝါရီ 17, 2023
သတင်း မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်လှည့်ကင်းနှင့် ပျူစခန်းတစ်ခုကို တိုက်ခိုက် အလားတူ ယနေ့နံနက် ၁၁ နာရီခန့်က မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)၊ တပ်ခွဲ ၁၊ တပ်ခွဲ ၂(ဂဠုန်)၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး သရက်ကန်ပျူစောထီးစခန်းအား ဒရုန်းဖြင့် အီနာဂါ (၈)လုံးချ၍ တိုက်ခိုက်ခဲ့ကြောင်း မြိုင်(ပကဖ)က ပြော သည်။ LuduNwayOoဖေဖော်ဝါရီ 17, 2023
သတင်း ထန်တလန်၌ တစ်ခုတည်းကျန်နေသည့် တပ်ကုန်းနှင့် တပ်ဖွဲ့ဝင်များလုံခြုံရေး စစ်ကောင်စီက နေ့စဉ် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုလုပ် CNAနှင့် ချင်းကာကွယ်ရေးတပ်(CDF) ပူးပေါင်းတပ်သည် ထန်တလန်ရဲစခန်းနှင့် ထွေအုပ်ရုံးကို ဖေဖော်ဝါရီ ၈ရက်ညပိုင်းက တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီ ၉ရက် နံနက်အစောပိုင်း၌ စခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။ အဆိုပါ စခန်းသိမ်းတိုက်ပွဲ၌ လက်နက် ၄၂လက် ရရှိခဲ့သည်ဟု ဆိုသည်။ LuduNwayOoဖေဖော်ဝါရီ 17, 2023