Connect with us

Hi, what are you looking for?

သတင်း

မြဝတီတောင်ဘက်က တိုက်ပွဲ ထိုင်းဘက် ကျည်ကျ၊ နေအိမ်အချို့ ပျက်စီး

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

(ကျည်ကျရောက်မှုအပေါ် ထိုင်းစစ်တပ်က စစ်ဆေးနေစဉ်။ ဓာတ်ပုံ - KNU)

ဩဂုတ် ၂၊ ၂၀၂၆။ထားမြတ်/People’s Spring

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်က ဖလူးဒေသမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေဟာ ထိုင်းနိုင်ငံအတွင်း လူနေအိမ်တွေပေါ် ကျရောက်ထိမှန်ခဲ့တယ်လို့ လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဖလူးဒေသမှာဖြစ်တဲ့ ဒီကနေ့ တိုက်ပွဲအတွင်း စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေဟာ ထိုင်းနိုင်ငံ တာချ်ခရိုင် နယ်စပ်က မယ့်ကိုကင်း​ကျေးရွာက လူနေအိမ် ၅လုံးနဲ့ ဘုန်းကြီးကျောင်း အပေါ် ကျရောက်ထိမှန်ခဲ့တာလို့ ဆိုပါတယ်။

စစ်တပ်ဟာ KNLA တပ်မတော်အပေါ် ထိုင်းအစိုးရက ဖိအားပေးစေဖို့အတွက် ထိုင်းနိုင်ငံအတွင်းကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်နေတာလို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြဝတီမြို့တောင်ဘက်က ဖလူးဒေသမှာ အာဏာသိမ်းစစ်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က အထိနာနေတယ်လို့ ဆိုပါတယ်။

ဖလူးဒေသကို စစ်တပ်က အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၃)နဲ့ တပ်မ(၂၂) ထုတ်သုံးလာပြီး ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။ ဖလူးဒေသမှာ ရှေ့ဆုံးက စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်း ၂ခုဟာ လက်တလောမှာ ထိခိုက်မှုများနေပြီး အကြိမ်ကြိမ် လန်ကျနေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် စစ်တပ်စစ်ကြောင်းက စစ်သားတွေဟာ အခုရက်ပိုင်း ဆက်တိုက်ဆိုသလို တော်လှန်ရေးတပ်တွေထံ အလင်းဝင်လာနေပါတယ်။

စကခ(၁၃) လက်အောက်ခံ ခမရ(၅၅၇)တပ်ရင်းက တပ်သားတစ်ဦးဟာ လက်နက်ယူလာပြီး အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်အးရုံး(KNU)က ဒီကနေ့ ဩဂုတ် ၂ရက်မှာ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ခမရ(၅၅၇)တပ်ရင်းက တပ်သား ၂ဦးဟာ လက်နက် ၃လက်ယူဆောင်လာပြီး တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်လာခဲ့ပါသေးတယ်။

အာဏာသိမ်းစစ်တပ်အတွင်း မိမိဆန္ဒမပါဘဲ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံနေရတဲ့ တပ်သားတွေနဲ့ တပ်ဖွဲ့ဝင်တွေအနေနဲ့ မိမိရဲ့ အသက်အန္တရာယ်နဲ့ အနာဂတ်ကို ကာကွယ်နိုင်ရေး နီးစပ်ရာ တော်လှန်ရေးအင်အားစုများထံ ဘက်ပြောင်းခိုလှုံရန် ထပ်မံတိုက်တွန်းကြောင်း KNU က ထုတ်ပြန်ပါတယ်။

လက်ရှိမှာ KNU တပ်မဟာ(၆)နယ်မြေ ဖလူးဒေသမှာစစ်တပ်က ထိုးစစ်ဆင်နေရာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကအရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားသလို တပ်တွင်းက ထွက်ပြေးပြီး KNLAထံ အလင်းဝင်ရောက်လာသူတွေလည်း ဆက်တိုက်ရှိနေတယ်လို့ KNLA သတင်းရင်းမြစ်အချို့က အသိပေးထားပါတယ်။

အခု အလင်းဝင်လာတဲ့သူဟာ ခမရ(၅၅၇)က တပ်သား သန်းနိုင်လင်းဖြစ်ပြီး ဩဂုတ် ၁ရက်မှာ လက်နက် ၁လက်၊ ကျည်တွေနဲ့အတူ ဘက်ပြောင်းခိုလှုံလာတာလို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ တပ်သားကို KNLA တပ်မဟာ (၆)က လက်ခံကြိုဆိုခဲ့ပြီး ဂုဏ်ပြုဆုငွေပေးအပ်ခဲ့ကြောင်း အသိပေးထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ KNU ခရိုင် တပ်မဟာ နယ်မြေအသီးသီးမှာ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်လျက်ရှိရာ စစ်ကောင်စီတပ်သားအများအပြား အထူးသဖြင့် စစ်တပ်က အဓမ္မ စစ်သားစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေဟာ လက်နက်နဲ့ ဖြစ်စေ လက်နက်မဲ့ဖြစ်စေ KNU နဲ့ တော်လှန်ရေးတပ်တွေထံ အလင်းဝင်ရောက်မှုတွေ များစွာရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်အရာရှိနဲ့မိသားစုအချို့မြို့ပေါ် ထွက်ပြေး၊စစ်သုံ့ပန်းအချို့ကို AAဖမ်းမိ

သတင်း

ထိုင်း - မြန်မာနယ်စပ်မြို့ဖြစ်တဲ့ကရင်ပြည်နယ် ၊ မြဝတီမြို့မှာပြီးခဲ့တဲ့ ရက်သတ္တပတ်တွေကစတင်ပြီးအာဏာသိမ်းစစ်တပ်နဲ့ လက်ဝေခံ ပြည် သူ့စစ်အဖွဲ့ကနေ့ခင်းကြောင်တောင်ပေါ်တာဆွဲသလို ညပိုင်းတွေမှာလည်း ကားတွေနဲ့ ပတ်ပြီး ပေါ်တာဆွဲနေတယ်လို့ မြို့ခံသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေ ဖာပွန်ခရိုင်(မူတြော်ခရိုင်)မှာ စက်တင်ဘာအတွင်း တိုက်ပွဲအကြိမ် ၁၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် ရုပ်အလောင်းတွေနဲ့ လက်နက်တွေ သိမ်းရ

Trending

Facebook