Connect with us

Hi, what are you looking for?

ဆောင်းပါး

သားအပါအဝင် မိသားစုဝင် ၄ ဦး ပေါ်တာဆွဲခံလိုက်ရတဲ့ မိခင်တစ်ယောက်ရဲ့သောက

Tiktok လူမှုကွန်ရက်မှာ အမျိုးသမီးကြီးတစ်ဦးဟာ ဓါတ်ပုံလေးတွေကိုင်ပြီး ငိုကြွေးနေတဲ့ရုပ်သံတွေ တက်လာခဲ့ပါတယ်။ အဆိုပါအမျိုးသမီးကြီးဟာ ဒလမြို့နယ်ကဖြစ်ပြီး ၎င်းရဲ့သားနဲ့သမက်အပါအဝင် ယောကျာ်းလေး ၄ ဦး ပျောက်ဆုံးသွားတဲ့အတွက် Tiktok ကနေ အကူအညီတောင်းခံနေတာပါ။

ထွန်းညိုဦး/People’s Spring

Tiktok လူမှုကွန်ရက်မှာ အမျိုးသမီးကြီးတစ်ဦးဟာ ဓါတ်ပုံလေးတွေကိုင်ပြီး ငိုကြွေးနေတဲ့ရုပ်သံတွေ တက်လာခဲ့ပါတယ်။ အဆိုပါအမျိုးသမီးကြီးဟာ ဒလမြို့နယ်ကဖြစ်ပြီး ၎င်းရဲ့သားနဲ့သမက်အပါအဝင် ယောကျာ်းလေး ၄ ဦး ပျောက်ဆုံးသွားတဲ့အတွက် Tiktok ကနေ အကူအညီတောင်းခံနေတာပါ။

ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်က ရန်ကုန်မြို့၊ လမ်းမတော်ကမ်းနားမှာ အဲဒီအမျိုးသမီးကြီးရဲ့ အသက် ၁၇ နှစ်အရွယ်သားရယ်၊ ၁၉ နှစ်အရွယ်သမက်ရယ်၊ တူလေးတွေရယ် စုစုပေါင်း ၄ ယောက် ကုန်ထမ်းသွားကြတယ်။ အဲဒီအချိန်

မိန်းမတစ်ယောက်နဲ့ ယောကျာ်းတစ်ယောက်က တစ်ရက်လေးသောင်းခွဲပေးမယ်ဆိုပြီး အလုပ် လာခေါ်တယ်တဲ့။ ဒါနဲ့အဲဒီကလေးတွေဟာ လိုက်သွားခဲ့ကြပြီး ပျောက်ချင်းမလှ ပျောက်ဆုံးသွားခဲ့တယ်။

Public Service Announcement

Public Service Announcement

ဒါ့ကြောင့် အဲဒီအမျိုးသမီးကြီးက Tiktok ကနေ အကူအညီတောင်းခံလိုက်တာပါ။ အသက်မပြည့်သေးတဲ့ သူ့သားလေးဟာဆိုရင် မွေးရာပါ နှလုံးရောဂါသည်လေးပါတဲ့။ လူလည်း ကြောက်တတ်တယ်တဲ့။ ပျောက်တဲ့နေ့ကတည်းက ဖုန်းတွေလည်း ဆက်လို့မရဘူး။

“ကျမသားလေးပျောက်ကတည်းက လိုက်စုံစမ်းနေတာ။ ထမင်းလည်းမစား ရေပဲသောက်ပြီး စုံစမ်းနေတာပါ”လို့ သူက ရုပ်သံမှာပြောပြတယ်။

တရက်မှာတော့ ပျောက်ချင်းမလှပျောက်ဆုံးသွားတဲ့ သားလေးတို့ဆီကနေ ဖုန်းဆက်လာတယ်။ သူတို့ရှမ်းပြည်ဘက်ကို ပါသွားပြီတဲ့။ လေးယောက်လုံး စစ်မှုထမ်း ရောင်းစားခံလိုက်ရတာပါ။

“ကလေးတွေ ရှမ်းပြည်ဘက်ကိုပါသွားပြီလို့ ဖုန်းလေးတအောင့်ပဲ ပြောလိုက်ရတယ်။ ငါတို့ရင်တွေကျိုးနေပါပြီ။ တမိသားစုလုံးလည်း မျက်ရည်တွေနဲ့နေရတယ်။ ထမင်းတွေလည်း မစားနိုင်ကြဘူး။”လို့ မိခင်ဖြစ်သူက မျက်ရည်တွေ ကျရင်း ပြောနေတယ်။

သားလေးတို့တတွေဟာ ရိုးရိုးသားသား ကုန်ထမ်းစားနေကြရသူတွေပါ။ ခုလို စစ်မှုထမ်းရောင်းစားခံလိုက်ရတော့ မိခင်မှာ ရင်ကျိုးမတက်ပဲ။ “ကျမခိုင်းမိလိုက်လို့ ကျမတာဝန်မကျေသလို ခံစားနေရပါတယ်။”လို့ သူကပြောရင်း မျက်ရည်တွေကျတယ်။

လုပ်ရက်လိုက်ကြတာ။ ကျမရင်တွေကျိုးနေပါပြီ”လို့ မိခင်ဖြစ်သူက ပြောရင်းငိုတယ်။

ခုတော့ သားလေးတို့အတွက် မိခင်အပါအဝင် တစ်မိသားစုလုံး သောကတွေနဲ့ အိပ်လည်း​​မပျော် စားလည်းမဝင်ကြဘူး။ “ငါတို့ငိုနေတဲ့အချိန် နင်တို့က စိတ်ချမ်းသာပြီး သူများသားသမီးရောင်းစားရက်တယ်။ လုပ်ရက်လိုက်ကြတာ။”လို့ မိခင်ကပြောတယ်။

အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းတွေခေါ်ယူခဲ့ရာမှာ အခုဆို အပတ်စဥ် (၂၇)တောင် ရောက်ရှိလာခဲ့ပါပြီ။ ရပ်ရွာတွေထဲ စာနဲ့ဆင့်ခေါ်တာအပြင် ယခုလို မတရားပေါ်တာဆွဲဖမ်းဆီးတာတွေကြောင့် တစ်လတစ်လ မိခင်ပေါင်းထောင်ချီ သောကရောက်ပြီး မျက်ရည်တွေ ကျနေရတာဖြစ်ပါတယ်။

ကျေးလက်က ဘာမှမသိနားမလည်တဲ့ မိခင်တစ်ယောက်ကတော့ ရွာကအိမ်ကလေးထဲမှာတင် တခြားသူအကူအညီနဲ့ Tiktok ရိုက်တင် ငိုကြွေးရုံကလွဲလို့ ဘာမှမတက်နိုင်ခဲ့ပါ။ သူ့သားအပါအဝင် လူငယ်လေး လေးယောက်ကတော့ ရှမ်းပြည်ဘက် ပါသွားခဲ့လေပြီ။ မိခင်က စစ်မှုထမ်း လူဖမ်းရောင်းစားသူတွေကို စကားတခွန်းနဲ့ မှာလိုက်ပါတယ်။

“ငါတို့မျက်ရည်ကျသလို နင်တို့မျက်ရည် မကျပါစေနဲ့။ ငါတို့ပြီးရင်နင်တို့အလှည့်”တဲ့။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။