Connect with us

Hi, what are you looking for?

သတင်း

မြန်မာစစ်တပ်ကို လက်နက်မရောင်းဘူးဆိုတဲ့ စင်ကာပူရဲ့ ရှင်းလင်းချက်ကို NUG ကြိုဆို

အခြေခံ သဘောထားတွေကို မပြောင်းလဲဘဲ မြဲမြဲမြံမြံ ရပ်တည်ပေးနေတဲ့ စင်ကာပူ အစိုးရကိုရော၊ မြန်မာပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်ကြောင်း ပြသခဲ့တဲ့ ဝန်ကြီး ဘာလက်ခ်ရစ်ရှ်န်ကိုပါ NUGက လေးလေးနက်နက် ကျေးဇူးတင်ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

(စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးဗီဗီယန် ဘာလက်ခ်ရစ်ရှ်နန်။ ဓါတ်ပုံ-GOV.SC)
(စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးဗီဗီယန် ဘာလက်ခ်ရစ်ရှ်နန်။ ဓါတ်ပုံ-GOV.SC)

တရားမဝင် အာဏာသိမ်းထားတဲ့ စစ်ကောင်စီဆီကို စစ်လက်နက်တွေ တင်ပို့ရောင်းချမှု မရှိကြောင်း စင်ကာပူ အစိုးရရဲ့ ဖြေရှင်း အတည်ပြုချက်ကို ကြိုဆိုကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)က ထုတ်ပြန်ခဲ့ပါတယ်။

စင်ကာပူက စစ်ကောင်စီကို စစ်လက်နက်နဲ့ အရပ်ဖက်၊ စစ်ဘက် နှစ်မျိုး အသုံးပြုနိုင်တဲ့ ပစ္စည်းတွေ လက်လွှဲရောင်းချပေးမှုကို တားမြစ် ပိတ်ပင်ထားကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဗီဗီယန် ဘာလက်ခ်ရစ်ရှ်နန်က အတည်ပြုခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်၊ လွှတ်တော် ထုတ်ပြန်ချက်အပေါ် NUGက အလေးအနက် ကြိုဆိုကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီလို တားမြစ် ပိတ်ပင်မှုဟာ စင်ကာပူကိုယ်တိုင် ပါဝင်မဲပေးခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက် ၇၅/၂၈၇ (၂၀၂၁)ပါ သဘောတူညီချက်တွေနဲ့လည်း ကိုက်ညီနေပါတယ်။

စစ်လက်နက်တွေအပြင် စစ်ဘက်၊ အရပ်ဖက် နှစ်မျိုး အသုံးပြုနိုင်တဲ့ ပစ္စည်းတွေကိုလည်း မြန်မာနိုင်ငံမှာ စစ်သုံး ပစ္စည်းအဖြစ် ပြောင်းလဲ အသုံးချပြီး လက်နက်မဲ့ အရပ်သား ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်နိုင်တာကြောင့် လက်လွှဲရောင်းချခွင့် တားမြစ်ထားတယ်လို့ ဝန်ကြီး ဘာလက်ခ်ရစ်ရှ်နန်က အတည်ပြုသွားခဲ့ပါသေးတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး စင်ကာပူ အစိုးရဟာ ဥပဒေ စည်းမျဉ်းတွေကို လက်တစ်လုံးခြား လှည့်ဖျားပြီး တားမြစ်ထားတဲ့ မဟာဗျူဟာ အထောက်အပံ့ ပစ္စည်းတွေနဲ့ နည်းပညာတွေကို လွှဲပြောင်းပေးတာ၊ ဒါမှမဟုတ် ရောင်းချဖို့ ကြားဝင် ညှိနှိုင်းပေးတာတွေနဲ့ ပတ်သက်ရင်လည်း ပြတ်ပြတ်သားသား အရေးယူသွားမယ်လို့ ဝန်ကြီးက ထည့်သွင်း သတိပေးခဲ့ပါတယ်။

အခြေခံ သဘောထားတွေကို မပြောင်းလဲဘဲ မြဲမြဲမြံမြံ ရပ်တည်ပေးနေတဲ့ စင်ကာပူ အစိုးရကိုရော၊ မြန်မာပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်ကြောင်း ပြသခဲ့တဲ့ ဝန်ကြီး ဘာလက်ခ်ရစ်ရှ်န်ကိုပါ NUGက လေးလေးနက်နက် ကျေးဇူးတင်ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တရားမဝင် အာဏာသိမ်းထားတဲ့ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို အဆုံးသတ်ပြီး ဒေသရဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ သာယာဝပြောရေးတွေကို ဖော်ဆောင်ရာမှာ အာဆီယံ အဖွဲ့ဝင်တွေနဲ့ လက်တွဲပူးပေါင်း ဆောင်ရွက်နိုင်ရေး ဆက်လက် စိတ်ပိုင်းဖြတ်ထားကြောင်းလည်း NUGက ထုတ်ပြန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

Telenor ဌာနချုပ်ကို​နော်​ဝေရဲတွေနဲ့ စုံထောက်တွေက ဝင်ရောက်စစ်ဆေးရှာဖွေ