ဩဂုတ်-၂၊၂၀၂၆။တေဇ/People’s Spring
ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဆိုင်ကယ်ကိုရှောင်ရင်း အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့ပြီး သံဃာတစ်ပါးနဲ့ လူ ခြောက်ဦး စိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းက အသိပေးထားပါတယ်။
ဩဂုတ်၂ ရက်ကနေပြည်တော်ဇေယျာသီရိမြို့နယ် မရင်းကြီးကျေးရွာနားမှာ ယာဉ်တိမ်းမှောက်ခဲ့တာဖြစ်ပြီး သံဃာတစ်ပါးနဲ့ အမျိုးသားတစ်ဦး ၊ အမျိုးသမီးငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ သိရပါတယ်။
ဆိုင်ကယ်ကိုရှောင်ရာကနေ အိမ်စီးကားက တစ်ပတ်လည်ပြီး တိမ်းမှောက်သွားတာလို့ဆိုပါတယ်။

Public Service Announcement
ဒဏ်ရာရရှိသူတွေက စိုးရိမ်ဒဏ်ရာရရှိခဲ့ပေမယ့်ကုတင်တစ်ထောင်ပြည်သူ့ဆေးရုံကို အ
ချိန်မီ ပို့ဆောင်ပေးနိုင်ခဲ့တယ်လို့ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းကဖော်ပြထားတယ်။
ကားကအရှိန်တော်တော်များတာကြောင့် တစ်ပတ်လည်သည်အထိ တိမ်းမှောက်တာဖြစ်နိုင်တယ်လို့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတွေက သုံးသပ်ထားပါတယ်။


















































