Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော်မှာ ဆိုင်ကယ်ကိုရှောင်ရင်း အိမ်စီးကားတစ်စီး တိမ်းမှောက်

ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဆိုင်ကယ်ကိုရှောင်ရင်း အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့ပြီး သံဃာတစ်ပါးနဲ့ လူ ခြောက်ဦး စိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းက အသိပေးထားပါတယ်။

(ယာဥ်တိမ်း​မှောက်မှုဖြစ်ပွားပြီး​နောက်မြင်ကွင်း။ဓါတ်ပုံ- ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်း)

ဩဂုတ်-၂၊၂၀၂၆။တေဇ/People’s Spring

ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဆိုင်ကယ်ကိုရှောင်ရင်း အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့ပြီး သံဃာတစ်ပါးနဲ့ လူ ခြောက်ဦး စိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းက အသိပေးထားပါတယ်။

ဩဂုတ်၂ ရက်ကနေပြည်တော်ဇေယျာသီရိမြို့နယ် မရင်းကြီးကျေးရွာနားမှာ ယာဉ်တိမ်းမှောက်ခဲ့တာဖြစ်ပြီး သံဃာတစ်ပါးနဲ့ အမျိုးသားတစ်ဦး ၊ အမျိုးသမီးငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ သိရပါတယ်။

ဆိုင်ကယ်ကိုရှောင်ရာကနေ အိမ်စီးကားက တစ်ပတ်လည်ပြီး တိမ်းမှောက်သွားတာလို့ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရရှိသူတွေက စိုးရိမ်ဒဏ်ရာရရှိခဲ့ပေမယ့်ကုတင်တစ်ထောင်ပြည်သူ့ဆေးရုံကို အ

ချိန်မီ ပို့ဆောင်ပေး‌နိုင်ခဲ့တယ်လို့ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းက​ဖော်ပြထားတယ်။

ကားကအရှိန်တော်တော်များတာကြောင့် တစ်ပတ်လည်သည်အထိ တိမ်းမှောက်တာဖြစ်နိုင်တယ်လို့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတွေက သုံးသပ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော်၊ တပ်ကုန်းမြို့နဲ့ မကွေးတိုင်း မြို့သစ်မြို့က ဒေသခံတွေဆီက WY စိတ်ကြွဆေးပြား ၂၀၀၀၀ ကျော် ဖမ်းဆီးရမိတယ်လို့ နတ်မောက်ဂဠုန် PDF တပ်ဖွဲ့တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ သထုံမြို့မှာ ဆိုင်ကယ်နဲ့ ကားတိုက်မိပြီး ဆိုင်ကယ်မောင်းလာတဲ့ အသက် ၇၀ကျော်အရွယ်အမျိုးသား သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သတင်း

နေပြည်တော်မှာ စစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေရဲ့ ကိုယ်ရေးအရာရှိ‌ (PSO)မောင်းလာတဲ့ကားတိုက်မိလို့ ဒုဗိုလ်မှူးကြီး ၁ ဦး သေဆုံးပြီး နောက်ထပ်အရာရှိ ၁ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ စု့စမ်းသိရပါတယ်။

သတင်း

တာချီလိတ်မှာ မယ်ဆိုင်ချောင်းရေလျှံ