Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်လှည့်ကင်းနှင့် ပျူစခန်းတစ်ခုကို တိုက်ခိုက်

အလားတူ ယနေ့နံနက် ၁၁ နာရီခန့်က မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)၊ တပ်ခွဲ ၁၊ တပ်ခွဲ ၂(ဂဠုန်)၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး သရက်ကန်ပျူစောထီးစခန်းအား ဒရုန်းဖြင့် အီနာဂါ (၈)လုံးချ၍ တိုက်ခိုက်ခဲ့ကြောင်း မြိုင်(ပကဖ)က ပြော သည်။

(မြိုင်နယ် ဝက်ကျုံးဆည်ပေါင်ပေါ် စစ်ကောင်စီတပ်လှည့်ကင်းအား မိုင်းခွဲတိုက်ခိုက်စဥ်၊ဓာတ်ပုံ - မြိုင်(ပကဖ))
(မြိုင်နယ် ဝက်ကျုံးဆည်ပေါင်ပေါ် စစ်ကောင်စီတပ်လှည့်ကင်းအား မိုင်းခွဲတိုက်ခိုက်စဥ်၊ဓာတ်ပုံ - မြိုင်(ပကဖ))

▪️စစ်ကောင်စီတပ်သားငါးဦးသေပြီးတစ်ဒါဇင်ခန့်ဒဏ်ရာရဟုတာဝန်ရှိသူ​ပြော

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ကင်းပတ်လာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးစခန်းအား တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၆ ဦးခန့်သေဆုံးကြောင်း မြိုင်ပကဖခေါင်း​ဆောင် ကိုလယျာ်ကပြောကြားသည်။

ယနေ့(ဖေဖော်ဝါရီ ၁၇)နံနက် ၁၀ နာရီခန့်က ဝက်ကျုံးကျေးရွာဆည်ပေါင်သို့ စစ်ကောင်စီတပ်မှ အင်အား ၂၀ခန့်ပါသောဖောကားတစ်စီးဖြင့်ရောက်ရှိလာပြီးခြေကျင်လျှောက်၍ ကင်းပတ်စဥ် မိုင်းပွိုင့် (၈)ခု၊ မိုင်း ၁၆လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိုင်(ပကဖ) ကပြောသည်။

အဆိုပါ ဝက်ကျုံးဆည်ပေါင်သည် မြိုင်မြို့တောင်ဘက် (၁)မိုင်ခန့်အကွာတွင်တည်ရှိပြီး ကားပေါ်မှဆင်းကာ ကင်းပတ်နေသော စစ်ကောင်စီတပ်သား ၂၀ဦးခန့်မှ ငါးဦးသေဆုံးကာ ၁၀ဦးကျော် ထိခိုက်ဒဏ်ရာရသွားသည်ကို အတွင်းသတင်းရင်းမြစ်ထံမှတဆင့် အတည်ပြုနိုင်ခဲ့ကြောင်း မြိုင်(ပကဖ)တာဝန်ခံ ကိုလက်ျာက People’s Spring သို့ပြောသည်။

Public Service Announcement
Public Service Announcement

စစ်​ကောင်စီတပ် ​သေဆုံးဒဏ်ရာရမှု အ​ခြေအ​နေကို People’s Spring ကသီးခြားအတည်ပြုနိုင်ခြင်းမရှိပါ ။

Public Service Announcement

Public Service Announcement

အဆိုပါစစ်ဆင်​ရေးကို အညာမြေပြောက်ကြားတပ်ဖွဲ့၊ Royal Seven People Defense Force၊God Of Enemy ကာကွယ်ရေးအဖွဲ့၊ မြိုင်(ပကဖ) တပ်ရင်း(၁)/ခွဲ(၃)၊ သပြေတော(ပကဖ)မြိုင်တို့ ပူးပေါင်းခဲ့ခြင်း ဖြစ်သည်။

အလားတူ ယနေ့နံနက် ၁၁ နာရီခန့်က မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)၊ တပ်ခွဲ ၁၊ တပ်ခွဲ ၂(ဂဠုန်)၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး သရက်ကန်ပျူစောထီးစခန်းအား ဒရုန်းဖြင့် အီနာဂါ (၈)လုံးချ၍ တိုက်ခိုက်ခဲ့ကြောင်း မြိုင်(ပကဖ)က ပြော သည်။

“ဝက်ကျိုးဆည်ပေါင်က မြိုင်ရဲ့တောင်ဘက်တစ်မိုင်လောက်မှာရှိတယ်။ ဆည်ပေါင်ကို ကျွန်တော်တို့PDF တွေ ဝင်တယ်ဝင်တယ်ဆိုလို့ စကစတွေက အမြဲတမ်းကင်းပတ်နေတာ။ သရက်ကန်ဖြစ်စဥ်မှာတော့ ဒဏ်ရာရနှစ်ယောက်ထဲ တစ်ယောက်ဆုံးသွားတယ်လို့ ကြားတယ်။”ဟုကိုလယျာ်ကဆက် ပြောသည်။

အဆိုပါ မြိုင်မြို့နယ်ရှိ သရက်ကန်ပျူစခန်းတွင် စစ်ကောင်စီတပ်သား ၂၀ဦးခန့်နှင့် ပျူစောထီး ၄၀ကျော် ရှိသည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။