စစ်ကောင်စီတပ်သားငါးဦးသေပြီးတစ်ဒါဇင်ခန့်ဒဏ်ရာရဟုတာဝန်ရှိသူပြော
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ကင်းပတ်လာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးစခန်းအား တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၆ ဦးခန့်သေဆုံးကြောင်း မြိုင်ပကဖခေါင်းဆောင် ကိုလယျာ်ကပြောကြားသည်။
ယနေ့(ဖေဖော်ဝါရီ ၁၇)နံနက် ၁၀ နာရီခန့်က ဝက်ကျုံးကျေးရွာဆည်ပေါင်သို့ စစ်ကောင်စီတပ်မှ အင်အား ၂၀ခန့်ပါသောဖောကားတစ်စီးဖြင့်ရောက်ရှိလာပြီးခြေကျင်လျှောက်၍ ကင်းပတ်စဥ် မိုင်းပွိုင့် (၈)ခု၊ မိုင်း ၁၆လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိုင်(ပကဖ) ကပြောသည်။
အဆိုပါ ဝက်ကျုံးဆည်ပေါင်သည် မြိုင်မြို့တောင်ဘက် (၁)မိုင်ခန့်အကွာတွင်တည်ရှိပြီး ကားပေါ်မှဆင်းကာ ကင်းပတ်နေသော စစ်ကောင်စီတပ်သား ၂၀ဦးခန့်မှ ငါးဦးသေဆုံးကာ ၁၀ဦးကျော် ထိခိုက်ဒဏ်ရာရသွားသည်ကို အတွင်းသတင်းရင်းမြစ်ထံမှတဆင့် အတည်ပြုနိုင်ခဲ့ကြောင်း မြိုင်(ပကဖ)တာဝန်ခံ ကိုလက်ျာက People’s Spring သို့ပြောသည်။

စစ်ကောင်စီတပ် သေဆုံးဒဏ်ရာရမှု အခြေအနေကို People’s Spring ကသီးခြားအတည်ပြုနိုင်ခြင်းမရှိပါ ။

Public Service Announcement
အဆိုပါစစ်ဆင်ရေးကို အညာမြေပြောက်ကြားတပ်ဖွဲ့၊ Royal Seven People Defense Force၊God Of Enemy ကာကွယ်ရေးအဖွဲ့၊ မြိုင်(ပကဖ) တပ်ရင်း(၁)/ခွဲ(၃)၊ သပြေတော(ပကဖ)မြိုင်တို့ ပူးပေါင်းခဲ့ခြင်း ဖြစ်သည်။
အလားတူ ယနေ့နံနက် ၁၁ နာရီခန့်က မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)၊ တပ်ခွဲ ၁၊ တပ်ခွဲ ၂(ဂဠုန်)၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး သရက်ကန်ပျူစောထီးစခန်းအား ဒရုန်းဖြင့် အီနာဂါ (၈)လုံးချ၍ တိုက်ခိုက်ခဲ့ကြောင်း မြိုင်(ပကဖ)က ပြော သည်။
“ဝက်ကျိုးဆည်ပေါင်က မြိုင်ရဲ့တောင်ဘက်တစ်မိုင်လောက်မှာရှိတယ်။ ဆည်ပေါင်ကို ကျွန်တော်တို့PDF တွေ ဝင်တယ်ဝင်တယ်ဆိုလို့ စကစတွေက အမြဲတမ်းကင်းပတ်နေတာ။ သရက်ကန်ဖြစ်စဥ်မှာတော့ ဒဏ်ရာရနှစ်ယောက်ထဲ တစ်ယောက်ဆုံးသွားတယ်လို့ ကြားတယ်။”ဟုကိုလယျာ်ကဆက် ပြောသည်။
အဆိုပါ မြိုင်မြို့နယ်ရှိ သရက်ကန်ပျူစခန်းတွင် စစ်ကောင်စီတပ်သား ၂၀ဦးခန့်နှင့် ပျူစောထီး ၄၀ကျော် ရှိသည်ဟုဆိုသည်။


















































