Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အင်ဒိုနီးရှား ကူးတို့ရေယာဉ် မီးလောင်မှုကြောင့် ၅ ဦးသေပြီး ၄၀ ကျော် ပျောက်ဆုံးနေ

အင်ဒိုနီးရှား နိုင်ငံမှာ ခရီးသည်တင် ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၅ ဦးသေ၊ ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။

ဓာတ်ပုံ - REUTERS

အင်ဒိုနီးရှား နိုင်ငံမှာ ခရီးသည်တင် ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၅ ဦးသေ၊ ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။

ဩဂုတ် ၂ ရက်နေ့က အရှေ့ဂျာဗားမှာရှိတဲ့ ဆူရာဘာယာကနေ တောင်ပိုင်း ဆူလာဝေဆီမှာရှိတဲ့ မက်ကက်ဆာကို ခုတ်မောင်းနေရင်း ပင်လယ်ပြင်မှာ ကူးတို့ရေယာဉ် မီးလောင်ခဲ့တာပါ။ ရေယာဉ်မှူးဟာ ရေယာဉ်ကုမ္ပဏီဆီ ဆက်သွယ်ပြီး မီးလောင်မှု သတင်းကို ပေးပို့ခဲ့တဲ့နောက် အဆက်အသွယ် ပြတ်တောက်သွားခဲ့ပါတယ်။

ရေယာဉ် မီးလောင်ချိန်မှာ ခရီးသည် တချို့ဟာ ရေထဲကို ခုန်ချခဲ့ကြပြီး အနီးမှာ ရှိနေတဲ့ လှေတစ်စီးက ကယ်ဆယ်ပေးခဲ့ပါတယ်။ ဩဂုတ် ၃ ရက် မနက်ပိုင်းထိ စာရင်းတွေအရ စုစုပေါင်း လူ ၂၂၅ ဦးထိ ကယ်ဆယ်ထားနိုင်ပြီး ၅ ဦးကို အလောင်းရှာတွေ့ခဲ့ကြောင်း၊ နောက်ထပ် ၄၁ ဦး ပျောက်ဆုံးနေကြောင်း ကယ်ဆယ်ရေးတွေက ပြောပါတယ်။

ဩဂုတ် ၂ ရက် ညနေပိုင်းထိ အခြေအနေအရ နောက်ထပ် သင်္ဘော ၄ စီးဟာ မီးလောင်နေတဲ့ ရေယာဉ်နားမှာ ဝန်းရံထားပေမယ့် မီးလောင်လွယ်တဲ့ ပစ္စည်းတွေ ရှိနေတဲ့ ကူးတို့ရေယာဉ်ကြောင့် အနီးထိ မချဉ်းကပ်နိုင်သေးဘူးလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ပြီးတော့ ဆူရာဘာယာကနေ ကယ်ဆယ်ရေး အဖွဲ့တွေလည်း အခင်းဖြစ်ရာ ရေပြင်ဆီ အဆောတလျင် ထွက်ခွာသွားတယ်လို့ ပို့ဆောင်ရေး ဝန်ကြီးဌာန ထိပ်တန်း အရာရှိ တစ်ဦးဖြစ်တဲ့ မူဟမ်မက် မာဆီဟွတ်ဒ်က ပြောကြားခဲ့ပါတယ်။

ခရီးသည်တွေနဲ့ ရေယာဉ် အမှုထမ်းတွေ ဘေးကင်းရေးဟာ ဦးစားပေး ရည်မှန်းချက် ဖြစ်ကြောင်း၊ ကယ်ဆယ်ရေး၊ ကူညီရွှေ့ပြောင်းရေးတွေကို ဘေးကင်းကင်းနဲ့ ထိထိရောက်ရောက် လုပ်ဆောင်နိုင်အောင် သက်ဆိုင်ရာ အစုအဖွဲ့အားလုံး ပူးပေါင်း ဆောင်ရွက်နေကြောင်း မာဆီဟွတ်ဒ်က ဆိုပါတယ်။

လက်ရှိမှာ ကယ်ဆယ်ရေး ကဏ္ဍကို ဦးစားပေးထားတာကြောင့် ရေယာဉ်မီးလောင်ရတဲ့ အကြောင်းရင်းကို ထဲထဲဝင်ဝင် စုံစမ်းမှုတွေ မစတင်နိုင်သေးပါဘူး။

အရှေ့တောင်အာရှ ဒေသတွင်းက အင်ဒိုနီးရှားဟာ အရွယ်အစားပေါင်းစုံ ကျွန်းပေါင်း ၁၇၀၀၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ ကျွန်းစု နိုင်ငံတစ်ခုဖြစ်ပြီး ရေကြောင်း သယ်ယူပို့ဆောင်ရေးအပေါ် အကြီးအကျယ် မှီခိုထားရပါတယ်။ ဒါပေမဲ့ လုံခြုံရေး စံနှုန်း လိုက်နာမှု အားနည်းတာတွေ၊ ခန့်မှန်းရခက်တဲ့ ရာသီဥတု အပြောင်းအလဲတွေကြောင့် ဆိုးရွားတဲ့ ရေကြောင်း မတော်တဆမှုတွေလည်း ဖြစ်ပွားလေ့ ရှိပါတယ်။

ပြီးခဲ့တဲ့လကလည်း လူ ၇၀ လောက် လိုက်ပါလာတဲ့ ကူးတို့ရေယာဉ် တစ်စီးဟာ ဆူလာဝေဆီ တောင်ပိုင်းက ဆီလာယာ ကျွန်းနားမှာ ခုတ်မောင်းနေရင်း နစ်မြုပ်ခဲ့တာကြောင့် ၄ ဦး သေပြီး ၁၄ ဦး ပျောက်ဆုံးနေပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

ဂိုင်ယာနာနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာ ကူးတို့ရေယာဉ်တစ်စီး နစ်မြုပ်ပြီး လူပေါင်း ၆၀ ကျော် ပျောက်ဆုံးနေကြောင်း သိရပါတယ်။

အတွေးအမြင်

ကုန်ခဲ့တဲ့ ရွေရောင်တောက်ပခဲ့တဲ့ကာလတစ်ခုမှာ ကျွန်တော်တို့တတွေ ခရီးဝေးတစ်ခု သွားတော့မယ်ဆိုရင် ဖြစ်ဖြစ်၊ ညဘက် စာကျက်ရင်း ဗိုက်ဆာရင်ဖြစ်ဖြစ် အရင်ဆုံး ပြေးမြင်မိတာကတော့ ဝေဖာချိုချိဆိမ့်ဆိမ့်လေးတွေဖြစ်တဲ့ Nabati မုန့်ထုပ်လေးတွေပါပဲ။ အဝါရောင်အထုပ်ကလေးကတော့ လူကြိုက်အများဆုံးဖြစ်ပြီး ပန်းရောင်၊ အပြာ၊ ချောကလက်စတဲ့အထုပ်တွေလည်း ကြိုက်ကြတာပဲ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား မီးလောင်မှုမှာ သေဆုံးခဲ့သူ အများစုဟာ မီးခိုးမွှန်ပြီး အသက်ဆုံးရှုံးခဲ့တာလို့ သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။