Connect with us

Hi, what are you looking for?

News

အပစ်ရပ်ဆယ်ဖွဲ့၏ PPST ယာယီအဖွဲ့ခေါင်းဆောင် ရာထူးမှအနားယူခွင့်ပြုရန် RCSS ဥက္ကဋ္ဌယွက်စစ်အဆိုပြု

“သူက PPST က ထွက်တာမဟုတ်ဘူး။ PPST ယာယီသဘာပတိရာထူးက ရပ်နားခွင့်တောင်းတာ။ PPST က ဘာနဲ့လုပ်ထားလဲဆိုတော့ NCA အပေါ်မှာ အခြေခံပြီးတော့ လုပ်ထားတာ။ ဒီတော့ သူက PPST က ထွက်တယ်ဆိုရင် NCAက ထွက်တာနဲ့အတူတူပဲ” ဟု တိုင်းရင်းသားခေါင်းဆောင်တစ်ဦးက ပြောသည်။

NCA လက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင်ဆယ်ဖွဲ့ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) ယာယီအဖွဲ့ခေါင်း ဆောင် ရာထူးမှ အနားယူခွင့် ပြုရန် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က အဆိုပြုထားသည်။

ယခင်က ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး တာဝန်ယူခဲ့သည့် PPST ခေါင်းဆောင်တာဝန်ကို လွန်ခဲ့သည့်နှစ်နှစ်ကျော်မှစ၍ RCSS ဥက္ကဋ္ဌက ယာယီတာဝန်ယူထားခြင်း ဖြစ်သည်။

“သူက PPST က ထွက်တာမဟုတ်ဘူး။ PPST ယာယီသဘာပတိရာထူးက ရပ်နားခွင့်တောင်းတာ။ PPST က ဘာနဲ့လုပ်ထားလဲဆိုတော့ NCA အပေါ်မှာ အခြေခံပြီးတော့ လုပ်ထားတာ။ ဒီတော့ သူက PPST က ထွက်တယ်ဆိုရင် NCAက ထွက်တာနဲ့အတူတူပဲ” ဟု တိုင်းရင်းသားခေါင်းဆောင်တစ်ဦးက ပြောသည်။

အဆိုပါကိစ္စအပါအဝင် လက်ရှိ နိုင်ငံရေး စစ်ရေးအခြေအနေများကို ဆွေးနွေးရန်PPST အစည်းအဝေးကို မနက်ဖြန် ဇူလိုင် ၁ရက် တွင်ကျင်းပမည်ဖြစ်သည်။

Public Service Announcement

Public Service Announcement

NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဆယ်ဖွဲ့အနေဖြင့် NCA အကောင်အထည်ဖော်မှု ဆောင်ရွက်ရာတွင် မူဝါဒပိုင်းဆိုင်ရာ ဦးဆောင်မှုပေးရန် ရည်ရွယ်ပြီး PPST ကို လက်နက်ကိုင်တစ်ဖွဲ့ချင်းစီမှ ထိပ်သီးခေါင်းဆောင်များဖြင့် ၂၀၁၆တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် စစ်တပ်အာဏာသိမ်းပြီးနောက် NCA အရ ဆောင်ရွက်သည့် လုပ်ငန်းစဉ်အားလုံး ရပ်ဆိုင်းသွားသည်။

ထို့ပြင် အာဏာသိမ်းမှုကို PPST က ဆန့်ကျင်ကန့်ကွက်ထားပြီး စစ်ကောင်စီနှင့် နိုင်ငံရေးအရ ဆွေး နွေးမှုမပြုရန် ဆုံးဖြတ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က တိုင်းပြည်အာဏာထိန်းချုပ်လိုက်တာကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရပ်တန့်သွားစေခဲ့တာလို့ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)က ဒီကနေ့ (အောက်တိုဘာ ၁၆ရက်) ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ထိုင်းနိုင်ငံရဲ့မြို့ကြီးတွေမှာထိုင်းနိုင်ငံဖွားရှမ်းလူငယ်အချို့ ဂိုဏ်းဖွဲ့ပြီး ရိုက်နှက်တာ ၊ ခိုက်ရန်ဖြစ်ပွားတဲ့လုပ်ရပ်တွေကို ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ဆန့်ကျင်တယ်လို့ ဒီနေ့ အောက်တိုဘာလ ၂ ရက်မှာကြေညာချက်ထုတ်လာပါတယ်။

သတင်း

ရှမ်းပြည်အရှေ့ပိုင်းမိုင်း‌‌ယောင်းမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် RCSS ယမန်နေ့က တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၄ဦး သေဆုံးခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း မြို့အချို့တွင် ဒေသခံ ပြည်သူများအား စစ်ကောင်စီက မလာမနေရ ခေါ်ယူပြီး ကိုးကန့်တပ်မတော်(MNDAA)နှင့် တအာင်းတပ်မတော်(TNLA)တို့ကို ဆန္ဒပြခိုင်းသည့် လုပ်ရပ်ကို အားမပေးကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)က ယနေ့ ဩဂုတ်၁၈ရက်တွင် ထုတ်ပြန်သည်။