Connect with us

Hi, what are you looking for?

News

အပစ်ရပ်ဆယ်ဖွဲ့၏ PPST ယာယီအဖွဲ့ခေါင်းဆောင် ရာထူးမှအနားယူခွင့်ပြုရန် RCSS ဥက္ကဋ္ဌယွက်စစ်အဆိုပြု

“သူက PPST က ထွက်တာမဟုတ်ဘူး။ PPST ယာယီသဘာပတိရာထူးက ရပ်နားခွင့်တောင်းတာ။ PPST က ဘာနဲ့လုပ်ထားလဲဆိုတော့ NCA အပေါ်မှာ အခြေခံပြီးတော့ လုပ်ထားတာ။ ဒီတော့ သူက PPST က ထွက်တယ်ဆိုရင် NCAက ထွက်တာနဲ့အတူတူပဲ” ဟု တိုင်းရင်းသားခေါင်းဆောင်တစ်ဦးက ပြောသည်။

NCA လက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင်ဆယ်ဖွဲ့ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) ယာယီအဖွဲ့ခေါင်း ဆောင် ရာထူးမှ အနားယူခွင့် ပြုရန် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က အဆိုပြုထားသည်။

ယခင်က ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး တာဝန်ယူခဲ့သည့် PPST ခေါင်းဆောင်တာဝန်ကို လွန်ခဲ့သည့်နှစ်နှစ်ကျော်မှစ၍ RCSS ဥက္ကဋ္ဌက ယာယီတာဝန်ယူထားခြင်း ဖြစ်သည်။

“သူက PPST က ထွက်တာမဟုတ်ဘူး။ PPST ယာယီသဘာပတိရာထူးက ရပ်နားခွင့်တောင်းတာ။ PPST က ဘာနဲ့လုပ်ထားလဲဆိုတော့ NCA အပေါ်မှာ အခြေခံပြီးတော့ လုပ်ထားတာ။ ဒီတော့ သူက PPST က ထွက်တယ်ဆိုရင် NCAက ထွက်တာနဲ့အတူတူပဲ” ဟု တိုင်းရင်းသားခေါင်းဆောင်တစ်ဦးက ပြောသည်။

အဆိုပါကိစ္စအပါအဝင် လက်ရှိ နိုင်ငံရေး စစ်ရေးအခြေအနေများကို ဆွေးနွေးရန်PPST အစည်းအဝေးကို မနက်ဖြန် ဇူလိုင် ၁ရက် တွင်ကျင်းပမည်ဖြစ်သည်။

Public Service Announcement

Public Service Announcement

NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဆယ်ဖွဲ့အနေဖြင့် NCA အကောင်အထည်ဖော်မှု ဆောင်ရွက်ရာတွင် မူဝါဒပိုင်းဆိုင်ရာ ဦးဆောင်မှုပေးရန် ရည်ရွယ်ပြီး PPST ကို လက်နက်ကိုင်တစ်ဖွဲ့ချင်းစီမှ ထိပ်သီးခေါင်းဆောင်များဖြင့် ၂၀၁၆တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် စစ်တပ်အာဏာသိမ်းပြီးနောက် NCA အရ ဆောင်ရွက်သည့် လုပ်ငန်းစဉ်အားလုံး ရပ်ဆိုင်းသွားသည်။

ထို့ပြင် အာဏာသိမ်းမှုကို PPST က ဆန့်ကျင်ကန့်ကွက်ထားပြီး စစ်ကောင်စီနှင့် နိုင်ငံရေးအရ ဆွေး နွေးမှုမပြုရန် ဆုံးဖြတ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် ခိုလမ်ဒေသ ခိုအွတ်ကျေးရွာအုပ်စု ဝမ့်နန်းကျေးရွာကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့အဖွဲ့ ရောက်ရှိပြီး ဒေသခံတွေနဲ့ တွေ့ဆုံစဉ် စစ်တပ်က တိုက်လေယာဉ်နဲ့ အနီးကပ်ပျံသန်းခြိမ်းခြောက်ခဲ့ကြောင်း RCSSက ဒီကနေ့ မေလ ၂၈ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မွန်တော်လှန်ရေးဖိုရမ်က ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ရာ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုကြောင်း အသိပေးထားသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အခြေခံ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်း(သျှမ်း)လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ရှမ်းလူထုတွေရဲ့တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ လူမှုဘဝလုံခြုံရေးကို ကာကွယ်စောင့်ရှောက်ပေးတဲ့ အဖွဲ့အစည်းဖြစ်ပေမယ့် ယနေ့အချိန် အခါမှာ ရှမ်းလူထုတွေ မတရားဖိနှိပ်အနိုင်ကျင့်ခံနေရတာကို သိမြင်နေလျက် မည်သည့် ရှမ်းလက်နက်ကိုင်အဖွဲ့ကမှ ထိရောက်တဲ့ ကာကွယ်စောင့်ရျောက်မှု ပေးနိုင်ခြင်းမရှိဟု ရှမ်းလူငယ်နေ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သတင်း

စစ်တပ်က အာဏာသိမ်းခဲ့လို့ တိုင်းပြည်အတွင်း နိုင်ငံရေး ရှုပ်ထွေးမှုတွေ အကျပ်အတည်းတွေ ထပ်မံ ပေါ်ပေါက်လာရခြင်းဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောပါတယ်။